နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိမ်ကွင်းမှာ နိုင်ပွဲ ပြန်ရှာဖို့ လိုအပ်နေတဲ့ စပါး | ယူရိုပါလိဂ် (ပွဲကြိုသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – အေဇက် အဲလ်ခမာ (ပထမအကျော့ ရလဒ် ၀-၁)

ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ အေဇက် အဲလ်ခမာတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ နယ်သာလန်မြေမှာ ဘက်ဂျ်ဗဲလ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့ ကပ်ရှုံးထားတဲ့ စပါးတို့ အိမ်ကွင်းမှာ အကောင်းဆုံး ပြန်လာနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါ။

ဒီရာသီမှာ အန်ဂျီ ပိုစတီကိုဂလူးရဲ့ စပါးက ခြေစွမ်းပိုင်း ကျဆင်းနေပြီးတော့ ရလဒ်ပိုင်းလည်း ယိမ်းယိုင်နေပါတယ်။ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အောက်ဘက်ကို ရောက်နေပြီးတော့ မနည်း ရုန်းထနေရပါတယ်။ စပါးရဲ့ ဒီနှစ် ယူရိုပါလိဂ် ဖြတ်သန်းမှု ကတော့ သိပ်ပြီး ပြောစရာမရှိပါဘူး။ အုပ်စု အဆင့်မှာ ၅ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ရမှတ် ၁၇ မှတ်နဲ့ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါမေယ့်လည်း စပါးက ၁၆ သင်း အဆင့် ပထမအကျော့မှာ အေဇက် အဲလ်ခမာလို သူတို့ထက် ဘာဆိုဘာမှ မသာတဲ့ အသင်းကို ရှုံးနိမ့်ခဲ့တာ ကတော့ စိတ်ပျက်စရာပါ။

အေဇက် အဲလ်ခမာ ကတော့ ပထမအကျော့မှာ စပါးကို ခြေစွမ်းအသာနဲ့ ကစားပြီးတော့ နိုင်ပွဲ ရခဲ့လို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ရေး အသာရနေပါတယ်။ ဒီပွဲမှာ အေဇက် အဲလ်ခမာက စပါးဆီ ကနေ အနိမ့်ဆုံး သရေရအောင် ကစားမှာ ဖြစ်ပြီး ခံစစ် ကိုလည်း လုံးဝ ပိတ်ကစားလာနိုင်ပါတယ်။ စပါးရဲ့ နိုင်ပွဲ လိုအပ်မှုကြောင့် တိုက်စစ် ဖွင့်ကစားရင်း အမှားတွေ ရှိလာနိုင်တာကို စောင့်ပြီးမှ တန်ပြန် တိုက်စစ် ကစားသွားဖို့ များပါတယ်။ 

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ စပါး ဘက်က ဘန်တန်ကာ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပြီး ရစ်ချာလီဆင်၊ ဒရာဂူဆင်၊ ကူလူဆက်ဗ်စကီး၊ ဘန် ဒေးဗီးစ် တို့လည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

အေဇက် အဲလ်ခမာ ဘက်မှာလည်း အက်ဒါအီ၊ လာဒို၊ မီယာဒင့်ခ်၊ ဗန် ဘွန်မဲလ်၊ ဝက်စတာဗဲလ်၊ မစ်ဂျ်နန်စ် တို့ လွဲချော်ကြမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

တော့တင်ဟမ်ဟော့စပါး – ဗီကာရီယို၊ ပေါ်ရို၊ ဗန်ဒီဗန်၊ ရိုမဲယို၊ အူဒိုဂီ၊ ဘက်ဂျ်ဗဲလ်၊ ဂရေး၊ မက်ဒီဆင်၊ ဂျွန်ဆင်၊ ဆိုလန်ကီ၊ ဆွန်

အေဇက် အဲလ်ခမာ ကတော့ ပထမအကျော့မှာ စပါးကို ခြေစွမ်းအသာနဲ့ ကစားပြီးတော့ နိုင်ပွဲ ရခဲ့လို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ရေး အသာရနေပါတယ်။
ဒုတိယအကျော့ လန်ဒန်မှာ အနိမ့်ဆုံး သရေကစားနိုင်ဖို့ လိုအပ်နေတဲ့ အေဇက် အဲလ်ခမာ

အေဇက် အဲလ်ခမာ – အိုဝူဆူ အိုဒူရို၊ မိုင်ကူမာ၊ ဂိုးစ်၊ ပီနီထရာ၊ ဝုဖ်ဖီ၊ ကလက်ဆီ၊ ဘာမီစတာ၊ ကူ့ပ်မိုင်းနားစ်၊ ပိုကူ၊ ပါရော့တ်၊ ဆာဒစ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ယူရိုပါလိဂ်မှာ ၂ ကြိမ်သာ တွေ့ဆုံခဲ့ပြီး တစ်ကြိမ်စီ အနိုင်ရထားကြပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ သွင်းဂိုးတွေ နည်းလေ့ ရှိပြီး ၁-၀ ရလဒ်တွေနဲ့ပဲ အနိုင်ရထားကြတာပါ။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေ ပြန်ကြည့်ရင်တော့ စပါးက ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ အေဇက် အဲလ်ခမာ ကတော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၁.၄၂ ဆ နီးပါး ရမှာ ဖြစ်ပြီး အေဇက် အဲလ်ခမာ နိုင်ရင်တော့ ၅.၅၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၄.၁၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း တော့တင်ဟမ်ဟော့စပါးက တစ်လုံး တစ်ဝက်ရှုံး၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းဖို့ လိုအပ်တဲ့ ကြေးမျိုးပါ။ စပါးက ပထမအကျော့ အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပေမယ့် အိမ်ကွင်းမှာတော့ ရလဒ်ကောင်း တစ်ခု အတွက် ကျိန်းသေပေါက် ဖွင့်ကစားပါလိမ့်မယ်။ စပါး တိုက်စစ်က ထိထိရောက်ရောက် ကစားနိုင်ရင် အေဇက် အဲလ်ခမာ မလွယ်ပါဘူး။ စပါးနဲ့ ဂိုးပေါ်ကို မျှော်လင့်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၃-၁ အေဇက် အဲလ်ခမာ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်