နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နော်ဝေမြေမှာ ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေတဲ့ တော့တင်ဟမ်ဟော့စပါး | ယူရိုပါလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘိုဒိုဂလင့်မ် – တော့တင်ဟမ်ဟော့စပါး (ပထမအကျော့ရလဒ် ၁-၃)

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ရဲ့ နောက်ထပ် ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးက ဘိုဒိုဂလင့်မ်ကို နော်ဝေမြေမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့ ရလဒ်အရ စပါးတို့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်လှမ်းဖို့ အသာရနေပေမယ့် ဘိုဒိုဂလင့်မ်ဟာ အိမ်ကွင်း ကစားပုံကောင်းတဲ့ အသင်း ဖြစ်နေတာကြောင့်တော့ လျှော့တွက်လို့ မရပါဘူး။

ဘိုဒိုဂလင့်မ်နဲ့ စပါးဟာ ဘောလုံး အဆင့်အတန်းချင်း ကွာဟပေမယ့် နော်ဝေ ကလပ်ဟာ သူ့ရဲ့ မြေမှာ ဆိုရင်တော့ အသင်းကြီးတွေ ကိုတောင် ဂိုးပြတ် တီးပြခဲ့တဲ့ အသင်းပါ။ ဘိုဒိုဂလင့်မ်ဟာ ယူရိုပါလိဂ် ရှုံးထွက်အဆင့်တွေမှာ တွမ်တီး၊ အိုလံပီယာကော့စ်နဲ့ လာဇီယို တို့လို အသင်းတွေကို အိမ်ကွင်းမှာ ဂိုးပြတ် ဆုံးမခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ စပါးတို့ ဘိုဒိုဂလင့်မ်ကို လျှော့တွက်ရင် မှားသွားပါလိမ့်မယ်။ စပါးက ပထမအကျော့မှာ ၃-၁ နဲ့ အနိုင်ရထားပေမယ့် ဘိုဒိုဂလင့်မ်သာ စောစောစီးစီး ဂိုးရသွားရင် ပွဲရဲ့ ချိန်ခွင်လျှာက ပြန်ညီသွားပါလိမ့်မယ်။ သေချာပေါက် စပါး အတွက် ဗိုလ်လုပွဲ တက်ရေး မျှော်လင့်ချက်လည်း ခက်ခဲသွားမှာပါ။ 

တစ်ခုရှိတာက စပါး ကလည်း ယူနိုက်တက် လိုပဲ ပရီးမီးယားလိဂ်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့လို့ ယူရိုပါလိဂ် ကိုပဲ အပြည့်အဝ အာရုံစိုက်နေတဲ့ အသင်းပါ။ ဥရောပဖလား တစ်လုံးလည်း ရမယ်၊ နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရမယ့် အခွင့်အရေးကို လုံးဝ လက်လွှတ်ချင်မှာ မဟုတ်ပါဘူး။ အမှားမခံစတမ်း ကစားမှာပါ။ ဒါပေမယ့် ခုဏက ပြောသလို ဘိုဒိုဂလင့်မ်ရဲ့ အိမ်ကွင်း ခြေစွမ်းကြောင့်တော့ စပါးတို့ ဂိုးတွေ ပေးကို ပေးရပါလိမ့်မယ်။ ဒါကြောင့် စပါး လုပ်ရမှာ တစ်ခုပဲ ရှိပါတယ်။ တတ်နိုင်သမျှ အမှားနည်းနည်းနဲ့ ကစားပြီး ပထမအကျော့ ရလဒ်ကို ထိန်းပြီး ဗိုလ်လုပွဲကို ပါးပါးနပ်နပ် တက်လှမ်းဖို့ပါ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဘိုဒို ဂလင့်မ် ဘက်က ဒန်နီရယ် ဘက်ဆီ တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပါတယ်။

တစ်ခုရှိတာက စပါး ကလည်း ယူနိုက်တက် လိုပဲ ပရီးမီးယားလိဂ်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့လို့ ယူရိုပါလိဂ် ကိုပဲ အပြည့်အဝ အာရုံစိုက်နေတဲ့ အသင်းပါ။
ပထအကျော့ စပါး အိမ်ကွင်းမှာ အရေးနိမ့်ထားတဲ့ ဘိုဒို ဂလင့်မ်

စပါး ဘက်မှာတော့ ဒရာဂူဆင်၊ ဘက်ဂျ်ဗဲလ်၊ မက်ဒီဆင်တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပဲ ဆွန်ဟောင်မင် ကလည်း လွဲချော်ဖွယ် ရှိနေပါတယ်။ ဒီအခြေအနေက စပါးကို အနည်းငယ် အားနည်းသွားစေနိုင်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘိုဒိုဂလင့်မ် – ဟိုင်ကင်၊ ဂျိုဗိုးလ်၊ နီးလ်ဆင်၊ ဂန်ဒါဆင်၊ ဘီဂျော့ခ်၊ အက်ဗ်ဂျန်၊ ဘာ့ဂျ်၊ ဆော့နတ်စ်၊ မတ်တာ၊ ဟော့ဂျ်၊ ဘလွန်းဘက်ဂျ်

တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ ပေါ်ရို၊ ရိုမဲယို၊ ဗန်ဒီဗန်၊ အူဒိုဂီ၊ ဆား၊ ဘန်တန်ကာ၊ ကူလူဆက်ဗ်စကီး၊ ဂျွန်ဆင်၊ ဆိုလန်ကီ၊ တဲလ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဒီနှစ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် မှသာ ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့တာ ဖြစ်ပြီး စပါးက ၃-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ဘိုဒိုဂလင့်မ်ရော စပါးပါ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘိုဒိုဂလင့်မ် နိုင်ရင် ၂.၅၃ ဆ၊ တော့တင်ဟမ်ဟော့စပါး နိုင်ရင်တော့ ၂.၃၄ ဆ၊ သရေ ဆိုရင်တော့ ၃.၃၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘိုဒိုဂလင့်မ်က ခပ်ပါးပါး ကြေးတွေ ပေးထားပြီး ဂိုးပေါင်းကြေး ကလည်း ဂိုးပေါ်ဖို့ ဦးတည်နေသလိုပါပဲ။ အသင်းကြီးတွေကို အိမ်ကွင်းမှာ တီးလွှတ်တတ်တဲ့ ဘိုဒိုဂလင့်မ်ကြောင့် စပါးတို့ ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း အသင်းကြီး အသင်းငယ် ကွာဟချက်ကြောင့် စပါးတို့ ပထမအကျော့ ရလဒ်ကို ထိန်းကစားရင်း ဗိုလ်လုပွဲ တက်လှမ်းသွားမယ် ထင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် မြင်တွေ့ရနိုင်ပါတယ်။

ခန့်မှန်းရလဒ်

ဘိုဒိုဂလင့်မ် ၂-၂ တော့တင်ဟမ်ဟော့စပါး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်