လီဂါ ပေါ်တူဂီ ကလပ် ဘင်ဖီကာ ကတော့ နာမည်ကျော် စပယ်ရှယ်ဝမ်းကြီး ဟိုဆေး မော်ရင်ညိုကို နည်းပြ အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ မော်ရင်ညိုဟာ ဘင်ဖီကာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လစ္စဘွန်းမြို့ကို ရောက်ရှိလာပြီးနောက် မကြာခင်မှာပဲ ဘင်ဖီကာက အသင်းရဲ့ နည်းပြသစ် အဖြစ် တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဘင်ဖီကာ ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ အဇာဘိုင်ချန် ကလပ် ကွာရာဘက်ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဖြစ်သူ ဘရူနို လာဂါကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီနောက် နည်းပြသစ် တစ်ဦးကို ချက်ချင်း ရှာဖွေခဲ့ပြီးတော့ လွန်ခဲ့တဲ့ ၂၅ နှစ် အကြာက သူတို့ အသင်းကို ၁၀ ပွဲသာ နည်းပြခဲ့တဲ့ အသက် ၆၂ နှစ် အရွယ် မော်ရင်ညိုကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ လူမျိုး နည်းပြကြီးဟာ တူရကီ ကလပ် ဖီနာဘာချီ ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်း လက်မဲ့ ဖြစ်နေခဲ့ပြီး တစ်လ မပြည့်ခင်မှာပဲ အလုပ်အသစ် ရခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ညို လစ္စဘွန်းမြို့ကို ရောက်ရောက်ချင်း မှာပဲ သတင်းထောက်တွေက အင်တာဗျူးတွေ မေးမြန်းခဲ့ပြီး စပယ်ရှယ်ဝမ်းကြီး ကလည်း အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ မော်ရင်ညိုက “ဘင်ဖီကာလို အသင်းကို ဘယ်နည်းပြက ငြင်းဆန်မှာလဲ။ ကျွန်တော် ကတော့ မငြင်းဘူး။ ဘင်ဖီကာကို နည်းပြဖို့ အခွင့်အရေးနဲ့ ကမ်းလှမ်းခံခဲ့ရတဲ့အချိန်မှာ မဆိုင်းမတွပဲ ကျွန်တော် စိတ်ဝင်စားတယ်။ ကျွန်တော် လုပ်ချင်ပါတယ်လို့ ဖြေခဲ့ပါတယ်။ လုံးဝ မတွေဝေခဲ့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ညိုဟာ ဘင်ဖီကာမှာ သူ့ရဲ့ နည်းပြဘဝကို စတင်ခဲ့တယ်လို့ ပြောလို့ ရပြီး အဲဒီအချိန်က ကလပ် ဥက္ကဋ္ဌနဲ့ သဘောထားကွဲလွဲခဲ့ပြီးနောက် အသင်း ကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မှာတော့ သူဟာ ဘင်ဖီကာရဲ့ လီဂါ ပေါ်တူဂီ ပြိုင်ဘက် ပေါ်တိုကို ၂၀၀၂ ကနေ ၂၀၀၄ ခုနှစ် အထိ ကိုင်တွယ်ကာ ဆုဖလား ၆ လုံး အထိ ရယူပေးခဲ့ပါတယ်။ ပေါ်တို အတွက် လီဂါ ပေါ်တူဂီ အပါအဝင် Treble ရယူပေးခဲ့တဲ့ မော်ရင်ညိုက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဖလားတွေပါ ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် မော်ရင်ဟိုက ပေါ်တိုကို စွန့်ခွာခဲ့ပြီး ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါး၊ ရိုးမားနဲ့ ဖီနာဘာချီ တို့ကို ပြောင်းလဲ ကိုင်တွယ်ခဲ့ပါတယ်။ မော်ရင်ညိုဟာ စပါးနဲ့ ဖီနာဘာချီ မှာသာ ကျရှုံးခဲ့ပြီး ကျန် ကလပ်တွေ အားလုံး မှာတော့ ဆုဖလား အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။
ထူးခြားစွာပဲ မော်ရင်ညိုရဲ့ ဖီနာဘာချီဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့က ချန်ပီယံလိဂ် ခြေစစ်ပွဲ ပလေးအော့ဖ်မှာ ဘင်ဖီကာကို ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ အခုတော့ မော်ရင်ညိုက ချန်ပီယံလိဂ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားတဲ့ ဘင်ဖီကာကို ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။ တချို့ကလည်း မော်ရင်ညိုက ဖီနာဘာချီကို ချန်ပီယံလိဂ် မကစားရအောင် သပ်သပ်မဲ့ စတေးသွားတာ ဖြစ်ကြောင်း စနောက် ဝေဖန်နေကြပါတယ်။
လက်ရှိမှာတော့ မော်ရင်ညိုက ဘင်ဖီကာ နည်းပြ ဖြစ်လာခဲ့တာကြောင့် လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှာ သူ့ရဲ့ အသင်းဟောင်း ချဲလ်ဆီးကို စတန်းဖိုဒ်ဘရစ်ချ်မှာ သွားရောက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘင်ဖီကာက ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ်တွေ အဖြစ် နယူးကာဆယ်၊ ရီးရဲလ်မက်ဒရစ်၊ လေဗာကူဆင်၊ အေဂျက်စ်၊ နာပိုလီ၊ ဂျူဗင်တပ်စ် တို့လို အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ ဂျိုဆေး မော်ရင်ညို အတွက် ဘင်ဖီကာနဲ့ ဥရောပခရီးက ကြမ်းတမ်းဖို့ပဲ ရှိနေတယ် ဆိုတာပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.