နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖရန်ကီ ဒီယောင်ကို လုပ်ခလစာ လျှော့ယူစေပြီး စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို လစာလျှော့ယူစေပြီး စာချုပ် သက်တမ်းတိုးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒီယောင်ဟာ ဒီနွေရာသီမှာ ဘာစီလိုနာ ကနေ ထွက်ခွာနိုင်ခြေ မြင့်မားခဲ့သူ ဖြစ်ပေမယ့် ရာသီကြို ခြေစမ်းပွဲတွေမှာ အကောင်းဆုံးပုံစံ ပြန်လည် ရရှိခဲ့တဲ့ သူ့ကို နည်းပြ ဟန်ဆီ ဖလစ်ခ်က ကတ်တာလိုးနီးယား မှာပဲ ဆက်လက် ထိန်းသိမ်းထားလိုခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ် ဖရန်ကီ ဒီယောင်က ဘာစီလိုနာမှာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ပြီးရင် ဒုတိယမြောက် လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်ပြီး တစ်နှစ်ကို ယူရို ၁၉ သန်း ဝန်းကျင် ရရှိနေသူပါ။ ဒါကြောင့် လာလီဂါ ချန်ပီယံ တို့က ဒီယောင်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီယောင်က အသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေပြထားနိုင်တာကြောင့် ဘာစီလိုနာတို့ လက်လွှတ်ဖို့ ခက်ခဲနေပြီး အခုတော့ လစာလျှော့ယူစေပြီး စာချုပ်သက်တမ်းတိုးဖို့ စီစဉ်လာပြီ ဖြစ်ပါတယ်။ 

ဒီယောင်ရဲ့ လက်ရှိ စာချုပ် သက်တမ်းက ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး အမြန်ဆုံး သက်တမ်း မတိုးနိုင်ခဲ့ရင်တော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာက သက်တမ်းတိုးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ဘာစီလိုနာက ဘဏ္ဍာရေး အခြေအနေတွေ ယိုင်နဲ့နေတာကြောင့် ကစားသမားကို လစာနှုန်းထား လျှော့ချပေးစေလိုနေကြောင်း သိရပါတယ်။

ဒါကြောင့် လာလီဂါ ချန်ပီယံ တို့က ဒီယောင်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ပါတယ်။
ဒီယောင်ကို ၂၀၂၉ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်ထားတဲ့ ဘာစီလိုနာ

ဒီယောင် ကိုယ်တိုင် ကတော့ ရာသီကြို ခြေစမ်းပွဲတွေတုန်းက အင်တာဗျူးတွေမှာ သူ့ အနေနဲ့ စာရွက်ပေါ်မှာ လက်မှတ်မထိုးရသေးပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီယောင်က သူ့ အနေနဲ့ ဘာစီလိုနာမှာ အရမ်း ပျော်ရွှင်နေပြီး အသင်း ဘက်ကလည်း သူရှိနေလို့ ပျော်ရွှင်ကြောင်း မကြာခင်မှာ သက်တမ်းတိုးတော့မှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူဟာ ၂၀၁၉ ခုနှစ်မှာ အေဂျက်စ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒီယောင်ဟာ လက်ရှိမှာ အသင်းခေါင်းဆောင် မာ့ခ် အန်ဒရီ တာစတီဂျန် ပြီးရင် ဘာစီလိုနာရဲ့ ဒုတိယမြောက် သက်တမ်းအကြာဆုံး ကစားသမားလည်း ဖြစ်နေပါတယ်။ ဒီယောင်ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ကတော့ အနိမ့်အမြင့် အတက်အကျ များစွာ ရှိခဲ့ပေမယ့်လည်း ဒီနှစ်ထဲ မှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရရှိခဲ့ပြီး ကွင်းလယ်မှာ ပက်ဒရီနဲ့ အတူ တွဲဖက်ကာ ခြေစွမ်းပြနေခဲ့ပါတယ်။ 

အပြောင်းအရွှေ့ ရာသီ ရောက်တိုင်း ဒီယောင်က ကတ်တာလန် ကလပ် ကနေ ထွက်ခွာနိုင်ခြေ ရှိတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်လေ့ ရှိပြီး နောက်ဆုံး မှာတော့ ကတ်တာလန် ကလပ်မှာပဲ ဆက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ ဒီယောင်သာ လာလီဂါ ကလပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ် ဆိုရင်တော့ အသင်း ဘက်က ၂၀၂၉ အထိ သက်တမ်းတိုးဖို့ပါ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ ဒီယောင်ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို အကြိမ်ကြိမ် ဝတ်ဆင်ခဲ့ပြီး အသင်းရဲ့ အသက်အငယ်ဆုံး အသင်းခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်