နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူးဝစ္စ ဒီးယက်ဇ်ကို ထပ်မံ ချဉ်းကပ်သွားဦးမယ့် ဘာစီလိုနာ၊ ဗစ်တင်ညာကို ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

ဇူလိုင်လ ၅ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နီကို ဝီလီယမ်စ်ရဲ့ လူသိရှင်ကြား ငြင်းဆိုခြင်း ခံလိုက်ရပြီးနောက် ဘာစီလိုနာ ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး လူးဝစ် ဒီးယက်ဇ် အတွက် ချဉ်းကပ်မှု အသစ် ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဖာဘရီဇီယို ရိုမီနိုက အတည်ပြုခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်ကတော့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်တို့ နှစ်သင်းစလုံးရဲ့ ချဉ်းကပ်မှုတွေကို ပြတ်ပြတ်သားသား ငြင်းဆိုထားပြီး ဖြစ်ပါတယ်။ 

တခြား တစ်ဖက်မှာတော့ ဘာစီလိုနာ အနေနဲ့ လူးဝစ္စ ဒီးယက်ဇ် ကိုပါ မရခဲ့ရင် ယူနိုက်တက်မှာ နေရာ မရှိတော့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်မှာပါ။ ဘာစီလိုနာ ကလည်း အင်္ဂလန်သားကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆို ကတော့ လူကာ မိုဒရစ် သို့မဟုတ် တိုနီ ခရူးစ် နေရာ အတွက် အစားမထိုးနိုင်မှာကို စိုးရိမ်နေပါတယ်။ Defensa Central ရဲ့ ဖော်ပြချက်အရ လာလီဂါ ကလပ်ဟာ ပီအက်စ်ဂျီက ဗစ်တင်ညာကို အိမ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ တစ်ဖက် မှာလည်း ဇာဘီ အလွန်ဆိုက ကွင်းလယ်ပိုင်း အတွက် အင်အား ပြန်မဖြည့်နိုင်ခဲ့ရင် တူရကီ ကြယ်ပွင့် အာဒါ ဂူလာကို နေရာ ပြောင်းလဲ ကစားစေဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

Defensa Central ရဲ့ ဖော်ပြချက်အရ လာလီဂါ ကလပ်ဟာ ပီအက်စ်ဂျီက ဗစ်တင်ညာကို အိမ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
တိုနီ ခရူးစ်နဲ့ မိုဒရစ် နေရာမှာ အစားမထိုးနိုင်မှာ စိုးရိမ်နေတဲ့ ဇာဘီ အလွန်ဆို

ရီးရဲလ်မက်ဒရစ် အတွက် နောက်ထပ် အဓိက ပစ်မှတ် ကတော့ တော့တင်ဟမ်ဟော့စပါး ဘယ်နောက်ခံလူ ဒက်စ်တီနီ အူဒိုဂီ ဖြစ်ပါတယ်။ အေစီမီလန်က အလိုရှိနေတဲ့ ဒီအီတလီသားကို စပါးက ယူရို သန်း ၆၀ (ပေါင် ၅၁.၇ သန်း၊ ဒေါ်လာ ၇၀.၆ သန်း) အထိ တောင်းဆိုထားကြောင်း TheBoyHotspur က ဖော်ပြပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ရိုဒရီဂိုကို ဒီနွေရာသီမှာ ရောင်းချဖို့ရော ထိန်းသိမ်းဖို့ပါ နည်းလမ်း နှစ်မျိုး စဉ်းစားထားကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်နဲ့ တခြားသော ထိပ်တန်း ကလပ်တွေကသာ ကမ်းလှမ်းလာရင်တော့ ယူရို သန်း ၈၀ (ပေါင် ၆၉ သန်း) နဲ့ ရောင်းချဖို့ ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ အဲလက်စ် ဘေနာကို ခေါ်ယူခဲ့ပြီးတော့ ဂျော်နီ ကာဒိုဆို ကလည်း ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် ဒီနွေရာသီမှာ ကော်နာ ဂယ်လာဟာကို ပြန်လည် ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး ကစားသမားဟောင်းကို ယူရို သန်း ၅၀ နဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ယူဖို့ အဲဗာတန်နဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ကလည်း အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ 

လာလီဂါ ကလပ် ဂီတာဖေး ကတော့ ဒီနွေရာသီ အတွက် ၆ ယောက်မြောက် ကစားသမား ခေါ်ယူမှုကို ကြေညာသွားခဲ့ပါတယ်။ ဂီတာဖေးဟာ တန်းဆင်းသွားတဲ့ လက်စ်ပါးလ်မက်စ်ရဲ့ ကွင်းလယ်လူ ဂျာဗီးယား မူနော့ဇ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီအသင်းက ရှေ့မှာတော့ အဲလက်စ် ဆန်ခရစ်၊ အက်ဒရီယန် လစ်ဆို၊ ကီကို၊ နူပါ၊ ဂျူအန်မီ တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ 

ရီးရဲလ်ဘက်တစ် ကတော့ အက်တလက်တီကိုမက်ဒရစ်ရဲ့ အသက် ၂၅ နှစ် အရွယ် ဘယ်တောင်ပံ ခံစစ် ကစားသမားလေး ရိုဒရီဂို ရီကွယ်လ်မီကို ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ ရာသီက တီကို အတွက် ၂၆ ပွဲ ကစားခဲ့ပြီး အတိုင်းအတာ တစ်ခု အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်