နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်ကို စာချုပ်ဖျက်သိမ်းမယ် ဆိုတဲ့ သတင်းတွေကို ဘာစီလိုနာ ငြင်းဆန် | လာလီဂါ

ဒီရက်ပိုင်း မှာတော့ လာလီဂါ ကလပ် ဘာစီလိုနာဟာ သူတို့ အငှားနဲ့ ခေါ်ယူထားတဲ့ အင်္ဂလန် တောင်ပံ ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းတွေဟာ မဟုတ်မမှန်ကြောင်း ဘာစီလိုနာ ဘက်ကနေ ပြန်လည် ဖြေရှင်းသွားခဲ့တာကြောင့် အင်္ဂလန်သား အနေနဲ့ ကတ်တာလိုးနီးယားမှာ ဆက်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက် ကနေ တစ်ရာသီ အငှားနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး စာချုပ်ထဲမှာ ယူရို သန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူခွင့်လည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။ လက်ရှိ မှာတော့ ရက်ရှ်ဖို့ဒ်က လာလီဂါ ပွဲစဉ် ၃ ပွဲစလုံး ပါဝင်ခွင့်ရခဲ့ပေမဲ့ တစ်ပွဲသာ ပွဲထွက်ကစားသမား အဖြစ် ကစားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ဘာစီလိုနာရဲ့ အထောင် တိုက်စစ် နေရာမှာ ပြီးခဲ့တဲ့ရာသီက ၄၂ ဂိုး သွင်းယူထားတဲ့ လီဝမ်ဒေါစကီး ရှိနေသလို ဘယ်တောင်ပံ မှာလည်း ၃၄ ဂိုး သွင်းပြီး ၂၂ ဂိုး ဖန်တီးထားတဲ့ ရာဖင်ညာနဲ့ ညာတောင်ပံ မှာတော့ ၁၈ ဂိုးသွင်းပြီး ၂၁ ဂိုး ဖန်တီးထားတဲ့ ယာမယ် တို့ ရှိနေပါတယ်။

ဒါပေမယ့်လည်း ဒါက ထူးခြားတဲ့ အခြေအနေတော့ မဟုတ်ပဲ နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ် ကိုယ်တိုင်က ရက်ရှ်ဖို့ဒ်ကို Supersub တစ်ဦး အဖြစ် အသုံးချဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကစားသမား ကိုယ်တိုင် ကလည်း သိထားတာကြောင့် ဒီကိစ္စ အတွက်နဲ့တော့ ပြဿနာ ရှိလာမှာ မဟုတ်တာ သေချာပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အခြေအနေမှာ ဘာစီလိုနာ ဘက်က ရက်ရှ်ဖို့ဒ် အနေနဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်မှု ရှိဖို့ လိုအပ်တယ်လို ယူဆတာကြောင့် အငှားစာချုပ်ကို ဖျက်သိမ်းပြီး ယူနိုက်တက်ဆီ ပြန်ပို့ဖို စီစဉ်နေတာ ဖြစ်ကြောင်း သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်က ဘောလုံး ကစားတာက ပျော်ရွှင်ဖို့ အရေးကြီးတာကြောင့် လာလီဂါ ကလပ်ထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း ဝန်ခံထားသူပါ။
ကတ်တာလန် ကလပ်မှာပဲ ပွဲထွက်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင်မယ့် ရက်ရှ်ဖို့ဒ်

ဒီသတင်းကို စပိန် သတင်းထောက် တစ်ဦး ဖြစ်တဲ့ ဘာလက်ခ်ဂေးက မမှန်ကန်တဲ့ သတင်းသာ ဖြစ်ကြောင်း အရင်ဆုံး ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းမှ ဘာစီလိုနာ ဘက်က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာလက်ခ်ဂေးရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ တာဝန်ရှိသူတွေဟာ ရက်ရှ်ဖို့ဒ် အနေနဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ လက်အောက်မှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြန်လည် ရရှိလာလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေတယ်လို့လည်း သိရပါတယ်။

တကယ်တော့ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ရဖို့ သူ့ရဲ့ လုပ်ခလစာကို ၈၀ ရာခိုင်နှုန်း နီးပါး လျှော့ယူခဲ့သလို ကစားသမား မှတ်ပုံတင်ခွင့်နဲ့ ပတ်သက်ပြီးလည်း ကတ်တာလန် ကလပ် ဘက်ကို ဘာအာမခံချက်မှ မတောင်းဆိုခဲ့ပါဘူး။ ရက်ရှ်ဖို့ဒ်က ဘောလုံး ကစားတာက ပျော်ရွှင်ဖို့ အရေးကြီးတာကြောင့် လာလီဂါ ကလပ်ထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း ဝန်ခံထားသူပါ။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်က ဘာစီလိုနာဟာ သူ့ အတွက် အိမ်လို ခံစားရတဲ့ နေရာ ဖြစ်ကြောင်း ဖွင့်ဟထားခဲ့ပါသေးတယ်။

ရပ်ရှ်ဖိုဒ်ဟာ မန်ချက်စတာယူနိုက်တက်မှာ နည်းပြ ရူဘင် အမော်ရင်နဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီး နေရာပျောက်ခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်မှာ ကစားစဉ်က သူ့ရဲ့ ပျင်းရိပြီး ကြိုးစားလိုစိတ် မရှိတဲ့ ပုံစံကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ရက်ရှ်ဖို့ဒ်က ယူနိုက်တက် မှာသာ ခြေစွမ်းကျဆင်းနေခဲ့တာ ဖြစ်ပြီး အက်စတွန်ဗီလာ မှာတော့ ပျောက်ဆုံးနေတဲ့ သူ့ရဲ့ ပုံစံကောင်း တချို့ကို ပြန်လည် ရှာတွေ့ခဲ့ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို မျှော်လင့်ချက်ထားကာ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်