နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီ ဖြစ်တဲ့ ဘာစီလိုနာ၊ နီကို ပက်ဇ်ကို အရ ပြန်လည် ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

အခုတစ်ခါမှာတော့ နိုဝင်ဘာ ၂၂ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ လာလီဂါ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ် တိုက်စစ် ကစားသမား ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဟယ်ရီကိန်းကို အပြည့်အဝ အားထုတ် ကြိုးပမ်းသွားဖို့ ရှိကြောင်း Mundo Deportivo က ဖော်ပြပါတယ်။

ပဲရစ်စိန့်ဂျာမိန်းနဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားတဲ့ အာချက်ဖ် ဟာကီမီ ကတော့ အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်သို့ ပြန်လာနိုင်ခြေ ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။ ဟာကီမီ ကတော့ လာလီဂါ ကလပ်ရဲ့ အကယ်ဒမီထွက် ကစားသမားလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာဖို့ ရည်မှန်းထားတဲ့ ဘာမင်ဂမ်စီးတီးရဲ့ ဥက္ကဋ္ဌ တွမ် ဝက်ဂ်နာ ကတော့ ဂျူ့ဒ် ဘယ်လင်ဟမ် အနေနဲ့ တစ်နေ့မှာ သူ့ရဲ့ ကစားသမား စတင်ခဲ့တဲ့ အင်္ဂလိပ် ကလပ်ဆီ ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။

လေဗာကူဆင် တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂရီမဲလ်ဒို အနေနဲ့ လာမယ့် နေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း Defensa Central က ဖော်ပြပါတယ်။

ဒါကြောင့် လာလီဂါ ကလပ်က လာမယ့် နွေရာသီမှာ ပြန်လည် ဝယ်ယူခွင့် သဘောတူညီချက်ကို အသုံးချဖို့ ဆုံးဖြတ်ထားကြောင်း Defensa Central က ဖော်ပြပါတယ်။
စာချုပ်ပါ အချက်အလက်တွေအရ နီကို ပက်ဇ်ကို ပြန်လည် ခေါ်ယူခွင့် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

ဥရောပတစ်ဝှမ်းရှိ ကလပ်တွေ ကတော့ နီကို ပက်ဇ်ကို ခေါ်ယူချင်နေပေမယ့် ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ အာဂျင်တီးနား ကွင်းလယ်လူဟောင်းကို စပိန် မြို့တော်သို့ ပြန်လည် ခေါ်ဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က လာမယ့် နွေရာသီမှာ ပြန်လည် ဝယ်ယူခွင့် သဘောတူညီချက်ကို အသုံးချဖို့ ဆုံးဖြတ်ထားကြောင်း Defensa Central က ဖော်ပြပါတယ်။

အက်တလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာ တို့ကတော့ ဆဲလ်တာဗီဂိုရဲ့ အသက် ၁၃ နှစ် အရွယ် အံ့ဖွယ် ကြယ်ပွင့်လေး မက်တေးယို ကွင်တာနာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ကြောင်း Defensa Central က ဖော်ပြပါတယ်။

မိုနာကို ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ရန်းစ်နဲ့ ကစားမယ့် အမှတ်ပေး ပွဲစဉ်မှာ ပထမဦးဆုံး အကြိမ် အဖြစ် ပွဲထွက်ကစားခွင့် ရဖို့ ရှိနေပါတယ်။ အသက် ၃၂ နှစ် အရွယ် ပေါ့ဘာ ကတော့ ပြီးခဲ့တဲ့ နွေရာသီက မိုနာကိုနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုထားခဲ့တာပါ။ ဒါပေမယ့်လည်း သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့် အချိန် စောင့်ခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်မှာ စတင် ကစားဖို့ စီစဉ်ထားခဲ့ပေမယ့် ခြေချင်းဝတ် ဒဏ်ရာကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။ ပြင်သစ်သားဟာ တားမြစ်ဆေး သုံးစွဲလို့ ၄ နှစ် ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရာ ကနေ ၁၉ လ အထိ လျှော့ချပေးခဲ့လို့ ပြီးခဲ့တဲ့ မတ်လ ကတည်းက ပွဲကစားခွင့် ပြန်လည် ရရှိနေသူ ဖြစ်ပါတယ်။ 

ချဲလ်ဆီးရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကိုးလ် ပါးလ်မားဟာ နေအိမ်မှာ မတော်တဆ ဖြစ်ပြီး ခြေချောင်းကျိုးခဲ့တာကြောင့် ချဲလ်ဆီးရဲ့ လာမယ့် ပွဲစဉ် ၃ ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။ ပါးလ်မားဟာ တံခါးနဲ့ တိုက်မိတာကြောင့် ဘယ်ဘက် ခြေချောင်း တစ်ချောင်း ကျိုးသွားခဲ့တာ ဖြစ်ပြီး ဒဏ်ရာက စိုးရိမ်စရာ မရှိပေမယ့် သုံးပတ်ကြာ အနားယူရမှာ ဖြစ်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်