နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လီယောင်ကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးတဲ့ ဘာစီလိုနာ၊ ဒီဂျက်ကို ကို ခေါ်ယူချင်နေတဲ့ ဇာဘီ အလွန်ဆို | လာလီဂါ

ဒီနေ့ အတွက် လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ နောက်ဆုံး ရရှိထားသမျှ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ အေစီမီလန် ကွင်းလယ်လူ ရာဖေးလ် လီယောင်ကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို လက်မလွှတ်သေးကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဘေယန်မြူးနစ်ရဲ့ ပစ်မှတ် ဖြစ်တဲ့ ပေါ်တူဂီသားကို ဘာစီလိုနာက ရော်နယ် အာရူဟို + အပိုဆုကြေး ယူရို ၁၅ သန်း (ပေါင် ၁၂.၆ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အေစီမီလန် ကတော့ လာမယ့် ရာသီ ဥရောပပြိင်ပွဲတွေနဲ့ လွဲချော်ခဲ့တာကြောင့် အဓိက ကစားသမားတွေ ရောင်းထုတ်ရဖို့ ရှိနေပေမယ့် ဘာစီလိုနာရဲ့ အခုလိုမျိုး ကမ်းလှမ်းချက် ကိုတော့ လက်ခံသွားဖွယ်တော့ မရှိပါဘူး။

ပြင်သစ် နောက်ခံလူ သီယို ဟာနန်ဒက်ဇ် အတွက် အေစီမီလန်နဲ့ အဲလ်ဟီလာတို့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ဆုံးဖြတ်ချက် မချရသေးကြောင်း သိရပါတယ်။ ဒီအခြေအနေမှာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိနေပြီး ပြင်သစ် နောက်ခံလူ အနေနဲ့လည်း အောင်မြင်မှု လိုချင်တာကြောင့် လာလီဂါ ထိပ်တန်း ကလပ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်သွားနိုင်ပါတယ်။

ဘာစီလိုနာ ကတော့ မာ့ခ် အန်ဒရီ တာစတီဂျန် အတွက် မန်ချက်စတာယူနိုက်တက်ထံမှ ကမ်းလှမ်းမှုတွေ အတွက် စဉ်းစားလျက် ရှိနေကြောင်း TEAMtalk က ဖော်ပြပါတယ်။ ချဲလ်ဆီး ကလည်း မိုက်ခ် မိုက်ဂ်နန်ကို ခေါ်ယူဖို့ ကြိုးပမ်းတာ အဆင်မပြေရင် ဂျာမန် ဂိုးသမားကို ပြောင်းလဲ ပစ်မှတ်ထားဖို့ ရှိနေပါတယ်။

လူကာ မိုဒရစ် ကတော့ ဒီနွေရာသီမှာ စီးရီးအေ ကလပ် အေစီမီလန်ကို ပြောင်းရွှေ့မယ့် တစ်ဦးတည်းသော ရီးရဲလ်မက်ဒရစ် ကစားသမား မဟုတ်ကြောင်း သိရပါတယ်။ လာလီဂါ ကလပ်ရဲ့ နောက်ထပ် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဒန်နီ ဆယ်ဘာလော့စ် ကလည်း စီးရီးအေ ကလပ်ရဲ့ နောက်ထပ် ပစ်မှတ် ဖြစ်ကြောင်း DefensaCentral က အခိုင်အမာ ဖော်ပြပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဇာဘီ အလွန်ဆို ကတော့ ဘော့စနီးယား တိုက်စစ်မှူးကြီး အီဒင် ဒီဂျက်ကိုကို ခေါ်ယူဖို့ တောင်းဆိုထားကြောင်း TodoFichajes က ဖော်ပြပါတယ်။
နံပါတ် ၉ တိုက်စစ်မှူး တစ်ဦး ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ် နည်းပြသစ် အလွန်ဆို

Tuttosport ရဲ့ ဖော်ပြချက်အရ မြောက်လန်ဒန် ကလပ် အာဆင်နယ်ဟာ ဂျူဗင်တပ်စ် တိုက်စစ်မှူး ကီနန် ယီလ်ဒစ်ဇ်နဲ့လည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ တူရကီ တိုက်စစ်မှူး ကတော့ ပေါင် ၈၄ သန်း တန်ကြေး ရှိပေမယ့်လည်း တူရင် ကလပ် ဘက် ကတော့ စာချုပ်သစ်ချုပ်ဆိုဖို့ မျှော်လင့်နေပါတယ်။

ဘုန်းမောက် နောက်ခံလူ အီလ်ယာ ဇဘာညီ ကိုတော့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီက ထိပ်တန်း ပစ်မှတ် အဖြစ် ဆက်လက် သတ်မှတ်ထားကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။ လက်ရှိမှာ ကလပ် နှစ်ခု အကြား သဘောတူညီမှု မရရှိသေးပေပမယ့်လည်း ဆွေးနွေးမှုတွေ ကတော့ တိုးတက်နေတယ်လို့ သိရပါတယ်။

Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲ ယာဂင် ကလော့ပ် ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို,ကို ရောင်းချဖို့ ရီးရဲလ်မက်ဒရစ်ထံ ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ခဲ့ကြောင်း DefensaCentral က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဘက်ကတော့ စိတ်မဝင်စားကြောင်း သိရပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဇာဘီ အလွန်ဆို ကတော့ ဘော့စနီးယား တိုက်စစ်မှူးကြီး အီဒင် ဒီဂျက်ကိုကို ခေါ်ယူဖို့ တောင်းဆိုထားကြောင်း TodoFichajes က ဖော်ပြပါတယ်။ အသက် ၃၉ နှစ် အရွယ် ကစားသမား ကတော့ ဖီနာဘာချီ ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး အလွတ်နဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာ ကတော့ မာ့ခ်အန်ဒရီ တာစတီဂျန်ကို စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ တစ်နှစ် သက်တမ်းတိုးဖို့ ကမ်းလှမ်းရန် အဆင်သင့် ဖြစ်နေကြောင်း SPORT က ဖော်ပြခဲ့သည်။ ဂျာမနီ လက်ရွေးစင် ကတော့ ယိုအန် ဂါစီယာ ရောက်ရှိလာပြီးနောက် လာမယ့် ရာသီမှာ ပွဲထွက် ကစားခွင့်ရဖို့ မသေချာတော့သူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်