နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာမယ့်နှစ် နွေရာသီမှာ ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ လာမယ့်နှစ် နွေရာသီမှာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဓိက ကတော့ ဘာစီလိုနာဟာ အသက်အရွယ်ရလာတဲ့ လီဝမ်ဒေါစကီးကို လာမယ့် နှစ်ပိုင်း အတွင်း လက်လွှတ်ရတော့မှာ ဖြစ်တာကြောင့် သူ့နေရာမှာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးနဲ့ အစားထိုးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာက လက်ရှိအချိန်ထိ ဘဏ္ဍာရေး အားနည်းတဲ့ ပြဿနာတွေကို အပြီးတိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးတာကြောင့် ဟာလန်းလို တန်ကြေး မြင့်မားလွန်းတဲ့ ကစားသမားကို ခေါ်ယူဖို့က ဘာဆာ အတွက် အိမ်မက် တစ်ခုလို ဖြစ်နေပါလိမ့်မယ်။ စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဥက္ကဋ္ဌ ဖြစ်သူ ယိုအန် လာပေါ်တာက လာမယ့် ရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရဖို့ အတွက် ဟာလန်းရဲ့ အပြောင်းအရွှေ့ကို အသုံးချဖို့ မျက်စိကျနေကြောင်း သိရပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးက ဒီရာသီအကုန်မှာ လာလီဂါ ကလပ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပိုလန် အသင်းခေါင်းဆောင် လီဝမ်ဒေါစကီး အနေနဲ့ ကတ်တာလိုးနီးယားမှာ ၃ ရာသီ ဖြတ်သန်းထားပြီးနောက် အသက်အရွယ် အားဖြင့်လည်း ၃၇ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာ ဘက်က သူ့ကို စာချုပ် သက်တမ်းတိုးလိုခြင်း မရှိတော့သလို ဆော်ဒီပရိုလိဂ်ဆီ လက်လွှတ်ပေးသွားချင်နေပြီလည်း ဖြစ်ပါတယ်။

သေချာတာ ကတော့ ဟာလန်းရော၊ အဲလ်ဗာရက်ဇ်ပါ ပြောင်းရွှေ့ကြေး နည်းပါးသူတွေ မဟုတ်တာကြောင့် လာလီဂါ ကလပ် အနေနဲ့ ဘယ်လို နည်းလမ်းတွေနဲ့ ကြိုးပမ်းသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဟာလန်းကို ခေါ်ယူဖို့ လက်မလျှော့သေးတဲ့ ဘာစီလိုနာ

ဒါ့အပြင် လက်ရှိမှာ လီဝမ်ဒေါစကီး ရာသီကြို ကာလ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာခဲ့ပေမယ့် နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ် ကတော့ ပွဲကစားချိန် အကန့်အသတ်နဲ့သာ အသုံးပြုနေတာ တွေ့ရပါတယ်။ တခြား တိုက်စစ်မှူး အဖြစ် ဖာရန်း တောရက်စ် ရှိနေပေမယ့်လည်း အထောင် တိုက်စစ် နေရာ အတွက် ပုံမှန် ဦးဆောင် ကစားနိုင်ခြင်း ရှိ၊ မရှိ ကိုတော့ ဘာစီလိုနာ ဘုတ်အဖွဲ့က သံသယ ရှိနေပါတယ်။

ဒါကြောင့် ဥက္ကဋ္ဌ လာပေါ်တာနဲ့ အားကစား ဒါရိုက်တာ ဒေကို တို့က လာမယ့်နှစ် နွေရာသီမှာ အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ စပိန် မီဒီယာ El Nacional ကတော့ ဘာစီလိုနာက အက်တလက်တီကိုမက်ဒရစ်က မန်ချက်စတာစီးတီး ကစားသမားဟောင်း ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အသင်းတွင်း ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့် လာပေါ်တာ ကတော့ ဟာလန်း အပေါ်မှာပဲ အဓိက အာရုံစိုက်နေကြောင်း သိရပါတယ်။ သေချာတာ ကတော့ ဟာလန်းရော၊ အဲလ်ဗာရက်ဇ်ပါ ပြောင်းရွှေ့ကြေး နည်းပါးသူတွေ မဟုတ်တာကြောင့် လာလီဂါ ကလပ် အနေနဲ့ ဘယ်လို နည်းလမ်းတွေနဲ့ ကြိုးပမ်းသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် အာလင်း ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ မန်ချက်စတာစီးတီးနဲ့ ၂၀၃၄ ခုနှစ် အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့သူပါ။ ဒါ့အပြင် ဟာလန်း အနေနဲ့ မန်ချက်စတာစီးတီးမှာ တစ်ပတ် လုပ်ခ ပေါင် ၄ သိန်းဝန်းကျင် ရရှိနေတယ်လို့လည်း သိရပါတယ်။ ဟာလန်းက မန်စီးတီး အတွက် ပြိုင်ပွဲစုံ ပွဲ ၁၅၀ ပြည့်အောင် ကစားပြီးချိန်မှာ ၁၂၉ ဂိုး အထိ သွင်းယူပေးထားတာကြောင့် ပရီးမီးယားလိဂ် ကလပ် ဘက်က အလွယ်တကူ လက်လွှတ်ပေးသွားဖွယ် မရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်