ဇွန်လ ၁၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ တစ်ချိန်က နာမည်ကျော် မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ အတွဲအဖက်လိုမျိုး ဟူလီယန် အဲလ်ဗာရက်ဇ်၊ နီကို ဝီလီယမ်စ်၊ လာမင်း ယာမယ် တို့နဲ့ တိုက်စစ်ကို ပြန်လည် တည်ဆောက်သွားချင်နေတယ်လို့ သိရပါတယ်။ လက်တလောမှာ လာလီဂါ ကလပ်ဟာ နီကို ဝီလီယမ်စ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပေမယ့် အဲလ်ဗာရက်ဇ် ကိုတော့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖို့ ရှိနေပါတယ်။
အာဆင်နယ် ကတော့ ဘရာဟင်မ် ဒီးယက်ဇ်ကို ယူရို သန်း ၅၀ (ပေါင် ၄၂.၅ သန်း)နဲ့ ရီးရဲလ်မက်ဒရစ်ထံ ကမ်းလှမ်းဖို့ ဆန္ဒရှိနေကြောင်း DefensaCentral က ဖော်ပြခဲ့ပါတယ်။ မြောက်လန်ဒန် ကလပ်ဟာ ရိုဒရီဂိုကို သဘောတူညီမှု ရရှိဖို့ မတတ်နိုင်ကြောင်း သိရှိခဲ့ရပြီးနောက် ယခုအခါ စွယ်စုံရ တိုက်စစ်မှူးဟာ အာဆင်နယ်ရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာ အနေနဲ့ ဒီနွေရာသီမှာ ထိပ်တန်း ကစားသမား တစ်ဦးကို ရောင်းချနိုင်ခဲ့မယ် ဆိုရင် လစ်ဗာပူးလ်က လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူဖို့ ငွေကြေးပိုင်းဆိုင်ရာ အဆင်ပြေသွားမယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ် ကစားသမား လူကာ မိုဒရစ်ကို ကာလတို စာချုပ်သစ်နဲ့ ကမ်းလှမ်းဖွယ် ရှိနေသေးကြောင်း DefensaCentral က ရေးသား ဖော်ပြပါတယ်။ အသင်း အတွက် တခြားသော ကွင်းလယ် ကစားသမား တစ်ဦး ဒဏ်ရာရရှိသွားခဲ့ရင် ဆိုတဲ့ စဉ်းစားချက် တစ်ခုနဲ့ ရီးရဲလ်မက်ဒရစ်က ခရိုအေးရှား ဝါရင့် ကွင်းလယ် ကစားသမားကို နောက်ထပ် တစ်ရာသီ ဆက်နေဖို့ တောင်းဆိုသွားဖွယ် ရှိနေပါတယ်။

နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေပြီး ကမ်းလှမ်းမှု အများအပြားကို ပယ်ချခဲ့ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဆွီဒင် တိုက်စစ်မှူး အနေနဲ့ တတ်နိုင်သမျှ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ စဉ်းစားထားကြောင် သိရပါတယ်။
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန် အတွက် ဖြစ်နိုင်ချေ ရှိတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဂါလာတာဆာရေးက ဘာစီလိုနာထံ ဆက်သွယ် မေးမြန်းထားပါတယ်။ SPORT ရဲ့ ဖော်ပြချက်အရ ဂါလာတာဆာရေးဟာ ဘာစီလိုနာထံ တာစတီဂျန်နဲ့ ပတ်သတ်ပြီး ဆက်သွယ်နေပေမယ့် တစ်ဖက် မှာလည်း ချဲလ်ဆီးက ဒေါ်ဒီ ပီထရိုဗစ်ကို ဦးစားပေး ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဆီဗီလာ နောက်ခံလူ လိုရစ် ဘာဒီ ကတော့ ယခုနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ ရွေးချယ်စရာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီကစားသမားကို အက်စတွန်ဗီလာနဲ့ လေဗာကူဆင် တို့က အလားအလာ ရှိတဲ့ အပြောင်းအရွှေ့ အဖြစ် သတ်မှတ်ထားကြောင်း Mundo Deportivoက ဖော်ပြထားပါတယ်။
TBR Football ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီး နယူးကာဆယ် ညာနောက်ခံလူ တီနို လစ်ဗရာမန်တိုကို ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ငှက်ကြားတွေ ကတော့ အင်္ဂလန် လက်ရွေးစင်ကို အသင်းမှာ ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီမှာ ဂျေဒန် ဆန်ချိုကို စာချုပ်ပါ အချက်အလက်တွေအရ တစ်နှစ် သက်တမ်းတိုးဖွယ် ရှိနေတယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။ သရဲနီတွေဟာ ဆန်ချိုကို ဝယ်ယူဖို့ သဘောတူညီမှုနဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သူတို့ရဲ့ အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်ရင် လုပ်နိုင်မှာပါ။ အကယ်၍ မန်ချက်စတာယူနိုက်တက် အနေနဲ့ ဒီနွေရာသီမှာ ၎င်းတို့ရဲ့ ထိပ်တန်း ပစ်မှတ်တွေကို လွဲချော်ခဲ့မယ် ဆိုရင် ဘုန်းမောက်က အန်တိုနီ ဆီမီညိုကို ခေါ်ယူဖို့ လျာထားကြောင်း သိရပါတယ်။ ပေါင် ၆၅ သန်း တန်ကြေး ရှိတဲ့ အသက် ၂၅ နှစ် အရွယ် ကစားသမား ဆီမီညို ကိုတော့ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.