နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တာစတီဂျန် အတွက် ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားတဲ့ ဘာစီလိုနာ၊ သီယို ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ အက်တလက်တီကိုမက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ နောက်ဆုံး ရရှိထားသမျှ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန် အတွက် မန်ချက်စတာယူနိုက်တက်၊ အေစီမီလန်နဲ့ ဂါလာတာဆာရေး တို့ရဲ့ ကမ်းလှမ်းချက်တွေကို လက်ခံရရှိထားကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ တာစတီဂျန် ကတော့ အသင်းကို ယိုအန် ဂါစီယာ ရောက်ရှိလာခြင်းနဲ့ အတူ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ဖြစ်နိုင်ချေ များနေသူ ဖြစ်ပါတယ်။ လာလီဂါ ကလပ် ဘာစီလိုနာ အနေနဲ့လည်း စာချုပ်ဖျက်သိမ်းဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

စပိန်က လာတဲ့ သတင်းတွေ မှာတော့ မာတင် ဇူဘီမန်ဒီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ချဉ်းကပ်မှုကို နားထောင်ဖို့ စောင့်ဆိုင်းနေကြောင်း COPE က ဖော်ပြပါတယ်။ စပိန် ကွင်းလယ် ကစားသမားဟာ အာဆင်နယ်နဲ့ သဘောတူညီမှု ရရှိထားပေမယ့် အပြီးသတ် ပြောင်းရွှေ့မှု မရှိသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် စပိန် ကွင်းလယ်လူဟာ အာဆင်နယ်နဲ့ Here We Go ခဲ့သည့် တိုင်အောင် ရီးရဲလ်မက်ဒရစ် ဘက်ကတော့ လက်မလျှော့ချင်သေးကြောင်း သိရပါတယ်။

ယာဂင် ကလော့ပ် ကတော့ လိုက်ပ်ဇစ်ရဲ့ ကိုယ်စား အသက် ၁၈ နှစ် အရွယ် ရီးရဲလ်မက်ဒရစ် ဗဟိုနောက်ခံလူ ဒီယေဂို အဂွါဒိုကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း DefensaCentral က ဖော်ပြခဲ့ပါတယ်။ လိုက်ပ်ဇစ် အနေနဲ့ ဒေါ့မန်နဲ့ အပြိုင် ဒီကစားသမားကို ပြန်လည် ဝယ်ယူရန် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ အေစီမီလန် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီ ဖြစ်ကြောင်း L'Équipe က ဖော်ပြခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန် ပယ်ချခဲ့တဲ့ သီယို ဟာနန်ဒက်ဇ်

လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ အေစီမီလန် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီ ဖြစ်ကြောင်း L’Équipe က ဖော်ပြခဲ့ပါတယ်။ သီယို ဟာနန်ဒက်ဇ် ကတော့ လက်ရှိမှာ အေစီမီလန် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးတော့ ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့ ပယ်ချခဲ့သူ ဖြစ်ပါတယ်။

ကော်လိုရာဒို ရက်ပစ်ဒ် ကတော့ ရှက်တာဒိုးနတ် ဗဟို နောက်ခံလူ စတက်ဗ် လမ်ကင်ကို အမေရိကန် ဒေါ်လာ ၁.၆ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း The Denver Post က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ကာဘီ တဲလ် အဗစ်နဲ့ အငှားစာချုပ်ကြောင့် ဒီအပြောင်းအရွှေ့ဟာ ဒီနှစ် နွေရာသီ နှောင်းပိုင်း အထိ အပြီးသတ်နိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

စီစီယန်တီ ကတော့ ရိန်းဂျားစ် တောင်ပံကစားသမား ရော့စ် မက်ကတ်စ်လန်းကို ခေါ်ယူဖို့ ကာဒစ်ဖ်စီးတီးနဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။

အခု နောက်ဆုံး ရရှိတဲ့ သတင်းအရ ဆိုရင် လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ပီအက်စ်ဗွီ ကနေ အလွတ်နဲ့ ထွက်ခွာမယ့် အိုင်ဗန် ပါရီဆစ်ကို ခေါ်ယူချင်နေကြောင်း Mundo Deportivo က ဖော်ပြပါတယ်။ အသက် ၃၆ နှစ် အရွယ် ခရိုအေးရှား တောင်ပံ ကစားသမားကြီး ပါရီဆစ် ကတော့ လက်ရှိအချိန်ထိ ခြေစွမ်းပြနေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက နယ်သာလန် ကလပ် အတွက် ၃၅ ပွဲ ကစားကာ၊ ၁၆ ဂိုး သွင်းယူကာ ၁၀ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ နောက်ခံကစားသမားသစ် ဒင်းန် ဟောက်ဆန်ကို တရားဝင် လက်မှတ်ရေးထိုးပြီး ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဟောက်ဆန်ကို ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်