အခုတစ်ခါမှာတော့ နိုဝင်ဘာ ၁၂ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ ဇန်နဝါရီမှာ လစ်ဗာပူးလ် ကွင်းလယ်လူ ရိုင်ယန် ဂရေဗန်ဘက်ချ်ကို ခေါ်ယူဖို့ ယူရို ၅၀ သန်း (ပေါင် ၄၃.၉ သန်း၊ ဒေါ်လာ ၅၇.၈ သန်း) နဲ့ ကမ်းလှမ်းဖို့ အသင့် ဖြစ်နေပါတယ်။ လာလီဂါ ကလပ် ကတော့ ဒီပမာဏဟာ တရားဝင် ဆွေးနွေးမှုတွေ စတင်ဖို့ လုံလောက်တယ်လို့ ယုံကြည်နေပါတယ်။
အက်စတွန်ဗီလာ၊ မိုနာကိုနဲ့ နာပိုလီတို့ ကတော့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မျာ ချဲလ်ဆီး နောက်ခံလူ အက်ဆဲလ် ဒီဆာဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာ အကြား စာချုပ် ကိစ္စ ဆွေးနွေးမှုတွေဟာ လုံးဝ ပျက်ပြယ်သွားပြီး ဘရာဇီးလ်သားကို ယူရို ၁၅၀ သန်း (ပေါင် ၁၃၁.၇ သန်း၊ ဒေါ်လာ ၁၇၃.၄ သန်း) နဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဗင်နီ ကိုတော့ မန်စီးတီး အပါအဝင် ပရီးမီးယားလိဂ် ကလပ် များစွားက စိတ်ဝင်စားနေပေမယ့် လက်ရှိမှာ ကမ်းလှမ်းမှုတွေ မပြုလုပ်သေးတာကြောင့် ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ရန် ဖြစ်နိုင်ခြေ များပါသည်။

ရီးရဲလ်မက်ဒရစ် ကတော့ နောက်ထပ် တောင်ပံကစားသမား ရိုဒရီဂိုကို ရောင်းချလိုပြီး ဖလော်ရီယန် ဝစ်ဇ် ပါဝင်တဲ့ အလဲအလှယ် သဘောတူညီချက်ဖြင့် လစ်ဗာပူးလ်ဆီ စေလွှတ်ဖို့ မျှော်လင့်ထားပါတယ်။ ကလပ် နှစ်ခု စလုံး ကတော့ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းဖို့ မကြာခင်မှာ စတင်လာဖွယ် ရှိနေပါတယ်။
ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ အက်တလက်တီကိုမက်ဒရစ် ကနေ ထွက်ခွာဖို့ စဉ်းစားနေသည်။ အာဂျင်တီးနား တိုက်စစ်မှူး ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ များနေပေမယ့်လည်း ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ နှစ်သင်းစလုံး ကတော့ အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ လီယွန်နယ် မက်ဆီနဲ့ ပြန်လည် ပေါင်းစည်းဖို့ သူတို့ရဲ့ အစီအစဉ်တွေကို အရှိန်မြှင့်ဖို့ စဉ်းစားနေပါတယ်။ အင်တာ မိုင်ယာမီ တိုက်စစ်မှူး အတွက် ရေတို အငှားစာချုပ် ချုပ်ဆိုဖို့ စဉ်းစားနေပြီး ကစားသမား-သံတမန် ရာထူးနဲ့ နူးကမ့်ပ်ကို ပြန်လာဖို့ အခွင့်အရေးတောင် ပေးသွားဖွယ် ရှိနေပါတယ်။
စပိန် နည်းပြ လူးဝစ် ဒီလာ ဖျူရန်တေး ကတော့ ဒဏ်ရာ အကြောင်းပြချက်နဲ့ လက်ရွေးစင် အသင်း လူစာရင်းထဲ ကနေ နှုတ်ထွက်ခဲ့တဲ့ လာမင်း ယာမယ်ရဲ့ သဘောထား အမူအကျင့်တွေကို အံ့အားသင့်နေခဲ့ပါတယ်။ ယာမယ်ဟာ ကလပ် အသင်းနဲ့ ပူးပေါင်းနေခဲ့စဉ် ယခုဒဏ်ရာ ရရှိခဲ့တာမျိုး မဟုတ်ပဲ ပြင်ပ လူနေမှုဘဝမှာ နေထိုင်နေရင်းနဲ့ ဒဏ်ရာဟောင်း ပေါင်ခြံမှာ မတော်တဆ ထိခိုက်ဒဏ်ရာ ထပ်မံရခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကြားချင်း မရှိပဲ အခုလို ယာမယ် ရုတ်တရက် ဒဏ်ရာရခဲ့မှု အပေါ် ဖျူရန်တေးက လက်ခံရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် အခုလို အဖြစ်အပျက်မျိုး နည်းပြဘဝ တစ်လျှောက် တစ်ကြိမ်မှ မကြုံတွေ့ခဲ့ရဖူးကြောင်း ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


