အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၁ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
တူရကီ ထိပ်သီး ဂါလာတာဆာရေး ကတော့ ဇန်နဝါရီလမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ဗဟိုနောက်ခံလူ အန်တိုနီယို ရူဒီဂါကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဂျာမန်သားဟာ ရီးရဲလ်မက်ဒရစ်နဲ့ မကြာခင်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိမှာတော့ ကမ်းလှမ်းမှုတွေကို လက်ခံနေပြီ ဖြစ်ကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်ရေး ရန်ပုံငွေ ရှာဖွေဖို့ အတွက် ဘရူနို ဖာနန်ဒက်စ်ကို ရောင်းချနိုင်ခြေ ရှိနေပါတယ်။ ယူနိုက်တက် ကတော့ ပေါ်တူဂီ ကတော့ ပေါင် ၇၀ သန်း (ဒေါ်လာ ၉၃.၈ သန်း) နဲ့ ရောင်းထုတ်ချင်နေပြီး အဲလ်ဟီလာနဲ့ အဲလ်အစ်တီဟတ် တို့က ပြင်းပြင်းထန်ထန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ကတော့ ကတ်တာလိုးနီးယားမှာ ဆက်နေချင်နေတာပါ။ ဒါကြောင့် ပိုလန် အသင်းခေါင်းဆောင်က သူရရှိနေတဲ့ လုပ်ခလစာကို တစ်ဝက် လျှော့ယူဖို့ စီစဉ်ထားပါတယ်။
တီနို လစ်ဗရာမန်တို ကတော့ နယူးကာဆယ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ချက်ကို ရာသီအကုန်အထိ ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။ ကစားသမားဟာ မန်ချက်စတာစီးတီးရဲ့ ရေရှည် စိတ်ဝင်စားမှုတွေကြောင့် အသင်း ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

လာဇီယို ကတော့ တိုက်စစ်မှူး တာတီ ကတ်စတယ်လာနို့စ်ကို ဝက်စ်ဟမ်းယူနိုက်တက်ဆီ ရောင်းချဖို့ အသင့် ရှိနေပါတယ်။ နည်းပြ မော်ရီဇီယို ဆာရီ ကတော့ ကတ်စတယ်လာနို့စ် နေရာမှာ အက်တလက်တီကိုမက်ဒရစ်က ဂီယာကိုမို ရက်စ်ပါဒိုရီနဲ့ အစားထိုးဖို့ ပေါင် ၂၂ သန်း (ဒေါ်လာ ၂၉.၅ သန်း) သုံးစွဲသွားချင်နေကြောင်း သိရပါတယ်။
အက်စတွန်ဗီလာ ကွင်းလယ် ကစားသမား ယူရီ တေးလီမန့်စ် ကတော့ နည်းပြ အူနိုင်း အမ်မရီက သူ့ကို ပိုကောင်းတဲ့ ကစားသမား ဖြစ်အောင် ပြုလုပ်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူဟာ ၂၀၂၃ ခုနှစ်မှာ လက်စတာစီးတီး ကနေ အက်စတွန်ဗီလာကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းကို ရောက်ရှိချိန် ကတည်းက အမာခံ ကစားသမား အဖြစ် ရပ်တည်နေသူပါ။ အသက် ၂၈ နှစ် အရွယ် တေးလီမန့်စ် ကတော့ လက်ရှိ အချိန်မှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေပြီး ပရီးမီးယားလိဂ်မှာ သူ့နေရာ ကစားတဲ့သူတွေထဲ အကောင်းဆုံး တစ်ဦး ဖြစ်ကြောင်း ညွှန်းဆိုမှုတွေလည်း ရှိနေပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အကြို ပြင်ဆင်မှု အဖြစ် မတ်လ အတွင်း ဥရုဂွေး၊ ဂျပန်အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားမယ်လို့ သိရပါတယ်။ အင်္ဂလန်ဟာ အဆိုပါ ခြေစမ်းပွဲ နှစ်ပွဲကို အိမ်ကွင်း ဖြစ်တဲ့ လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းမှာ လက်ခံ ကျင်းပမှာ ဖြစ်ပြီး မတ် ၂၇ ရက်မှာ ဥရုဂွေး၊ မတ် ၃၁ ရက်မှာ ဂျပန်နဲ့ ယှဉ်ပြိုင်ကစားမှာပါ။ အင်္ဂလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု K မှာ ၈ ပွဲ စလုံး ရာနှုန်းပြည့် အနိုင်ရလဒ်နဲ့ ဥရောပဇုန်မှ ပထမဦးဆုံး ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်း ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု L မှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမား တို့နဲ့ အတူ ကျရောက်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


