နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ ချန်ပီယံဆုပါ ထပ်ယူပြီး တစ်ရာသီ အတွင်း ပြည်တွင်း ဖလား ၃ လုံး အောင်မြင်မှု ရရှိသွားခဲ့တဲ့ ဟန်ဆီ ဖလစ်ခ်နဲ့ ဘာစီလိုနာ | လာလီဂါ

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၃၆ မှာတော့ ဘာစီလိုနာက အက်စ်ပန်ညိုကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းက ရာသီ ပြီးဆုံးဖို့ ၂ ပွဲ အလိုမှာပဲ လာလီဂါ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုပွဲကို နှစ်သင်းစလုံး တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဘာစီလိုနာ ဘက်မှာ ကွန်ဒေး၊ ဘာနဲလ် တို့က လွဲလို့ လူစုံခဲ့ပါတယ်။ ဘာစီလိုနာဟာ လာလီဂါ ချန်ပီယံ အဖြစ် အောင်ပွဲနိုင်ဖို့ ဒီပွဲမှာ မဖြစ်မနေ အနိုင် ၃ မှတ် ရဖို့ လိုအပ်တာကြောင့် ဖိဖိစီးစီး ကစားသွားခဲ့ပါတယ်။ အက်စ်ပန်ညိုက နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေပြီး Form လည်း ပျက်နေတာကြောင့် ဘာစီလိုနာကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အက်စ်ပန်ညိုရဲ့ ခံစစ် အားပြု ကစားပုံကြောင့် ဘာစီလိုနာတို့ ဂိုးရဖို့ ခက်ခဲခဲ့ရပါတယ်။ ပွဲချိန် ၃ မိနစ်ကျော်မှာ အက်စ်ပန်ညိုတို့ ဦးဆောင်ဂိုး ရရှိနိုင်ဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဂွန်ဇာလက်ဇ်ရဲ့ ကန်ချက်က ဂိုးတိုင်ဘေး ကနေ ကပ်ထွက်သွားခဲ့ပါတယ်။ ပွာဒိုရဲ့ ကန်ချက် ကိုလည်း ရှက်ဇီနီ ကာကွယ်သွားနိုင်ခဲ့လို့ ဘာစီလိုနာတို့ ကံကောင်းခဲ့ရပါတယ်။ 

အဲဒီနောက်ပိုင်းက စပြီး ဘာစီလိုနာက အိမ်ရှင် ဘက်ကို တစ်ဖက်သတ် ဖိအားပေး ကစားခဲ့သလို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၃ မိနစ်မှာ ဘာစီလိုနာတို့ လိုအပ်နေတဲ့ သွင်းဂိုး ရရှိခဲ့ပြီး လာမင်း ယာမယ် ကပဲ သူ့ရဲ့ Signature သွင်းဂိုး ဖြစ်တဲ့ တောင်ပံ ကနေ ဂိုးဧရိယာထဲ ဆွဲပေးပြီး ဂိုးသမားရဲ့ အပေါ်ထောင့်ထဲကို လှလှပပ ဝေ့ဝိုက် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာလည်း ဘာစီလိုနာ ကပဲ ပွဲကို ဆက်လက် စိုးမိုးထားခဲ့ပြီး မိနစ် ၈၀ မှာ အက်စ်ပန်ညို ဘက်က တစ်ယောက် လျော့သွားခဲ့တဲ့ အတွက် ပွဲရဲ့ ချိန်ခွင်လျှာက ဘာဆာ ဘက်ကိုပဲ ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နာကျင် အချိန်ပို ၅ မိနစ်မှာ ယာမယ်ရဲ့ ဖန်တီးပေးမှု ကနေ ဖာမင်း လိုပက်ဇ်က ဘာစီလိုနာ အတွက် ဒုတိယမြောက် ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

ဒီနိုင်ပွဲကြောင့် ဘာစီလိုနာ ကတော့ ရာသီမကုန်ခင်မှာပဲ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့ပြီး သမိုင်းတစ်လျှောက် ၂၈ ကြိမ်မြောက် ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ ပြည်တွင်း ပြိုင်ပွဲ အားလုံးမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘာစီလိုနာ

ယာမယ် ကတော့ ဒီရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းကာ ဂိုး ၂၀ ဖန်တီးထားနိုင်ပြီး ၁၇ နှစ်သား ကစားသမား အနေနဲ့ ဘယ်လွန်ဒေါ ရေပန်းစားမှု စာရင်း ထိပ်ဆုံး ၃ ယောက် စာရင်းမှာ ရှိနေတာ မထူးတော့ မထူးဆန်းပါဘူး။ ယာမယ်ဟာ ၇ ဂိုးသွင်း ၇ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်ရင် နှစ်ပိုင်း အတွင်းမှာပဲ တော်တော်လေး တိုးတက်လာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ဒီနိုင်ပွဲကြောင့် ဘာစီလိုနာ ကတော့ ရာသီမကုန်ခင်မှာပဲ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့ပြီး သမိုင်းတစ်လျှောက် ၂၈ ကြိမ်မြောက် ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ လာလီဂါရဲ့ အအောင်မြင်ဆုံး အသင်း ကတော့ ရီးရဲလ်မက်ဒရစ် ဖြစ်ပြီး ချန်ပီယံဆုကို ၃၆ ကြိမ် ရရှိထားပါတယ်။ ဒီရာသီမှာ စပိန် စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလား တို့မှာ ချန်ပီယံ ဖြစ်ထားတဲ့ ဘာစီလိုနာ အနေနဲ့ အခု လာလီဂါ ဖလား ကိုပါ ထပ်ပေါင်းထည့်နိုင်ပြီ ဖြစ်တာကြောင့် Treble အောင်မြင်မှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ ဟန်ဆီ ဖလစ်ခ် အနေနဲ့လည်း ဘာစီလိုနာနဲ့ ပွဲဦးထွက် ရာသီမှာတင် ပြည်တွင်း ဆုဖလား အားလုံးကို သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ် မှာလည်း ဆီမီးဖိုင်နယ် အဆင့်ထိ ပို့ဆောင်နိုင်ခဲ့တာကြောင့် မကြာခင်မှာ ကတ်တာလန် ကလပ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်သွားဖွယ်လည်း ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်