နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်ကို Supersub တစ်ယောက် အနေနဲ့ အသုံးပြုဖွယ် ရှိနေတဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်းထံ ကို အငှား+အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေခဲ့ပါပြီ။   လက်ရှိမှာ ဘာစီလိုနာက မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့ အတွက် စာရွက်စာတမ်း အားလုံးကို အပြီးသတ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပြီး ကစားသမား ကလည်း မကြာခင်မှာ ကတ်တာလန် ကလပ်နဲ့ ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

  သတင်းတွေအရ ဆိုရင်တော့ ဘာစီလိုနာက ရက်ရှ်ဖို့ဒ် အတွက် လုပ်ခလစာ အနေနဲ့ (အခွန်မဆောင်မီ) ယူရို ၁၄ သန်းကို ပေးချေသွားမှာ ဖြစ်ပြီး ပွဲထွက် ကစားခွင့်နဲ့ ဆက်စပ်တဲ့ အပိုဆုကြေးတွေလည်း ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာမှာ သူ့ရဲ့ လုပ်ခလစာကို ၁၅ ရာခိုင်နှုန်း လျှော့ယူခဲ့ပြီးတော့ မန်ချက်စတာယူနိုက်တက်က သူ့ရဲ့ လစာကို ပေးချေရမှာ မဟုတ်ကြောင်း သိရပါတယ်။ ဒီသဘောတူညီချက် အရ ၂၀၂၆ ခုနှစ် ဇွန်လမှာ ဘာစီလိုနာ အနေနဲ့ ကစားသမားကို ယူရို သန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာမှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင် ကစားရဖွယ် ရှိနေပြီး အထောင် တိုက်စစ်နဲ့ ဘယ် တောင်ပံနေရာတွေမှာ ကစားပေးနိုင်ခဲ့တဲ့ အင်္ဂလန်သား အနေနဲ့ ကတ်တာလန် ကလပ်မှာ ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်ရနိုင်ခြေ ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ် အဓိက ကစားတဲ့ နေရာ ကတော့ ဘယ်တောင်ပံ ဖြစ်ပြီးတော့ လိုအပ်ရင် လိုအပ်သလို အထောင် တိုက်စစ်၊ ကွင်းလယ် တိုက်စစ်နဲ့ ညာတောင်ပံတွေမှာလည်း ကစားနိုင်ပါတယ်။

ဒီတော့ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာမှာ ဘယ်လို ကစားသမား ဖြစ်လာမလဲ။ ဟန်ဆီ ဖလစ်ခ်ရဲ့ လက်အောက်မှာ အင်္ဂလန်သားက ဘယ်လို အခန်းကဏ္ဉတွေမှာ ပါဝင်လာမလဲ။ လာလီဂါမှာရော ခြေစွမ်းပြနိုင်ပါ့မလား ဆိုတဲ့ မေးခွန်း များစွာ ပေါ်လာခဲ့ပါတယ်။ ဒီလို မေးခွန်းတွေ အပေါ် ယူနိုက်တက် ဂန္ထဝင် ရီယို ဖာဒီနန်က သူ့ရဲ့ အမြင်ကို အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

ဒါကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ လာလီဂါ ကလပ်မှာ အဓိက ပွဲထွက်ကစားသမား ဖြစ်လာဖို့ထက် Supersub တစ်ဦး ဖြစ်လာနိုင်ခြေ ပိုများနေပါတယ်။
ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ရဖို့ လစာပါ လျှော့ယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်

“ရက်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံး နှစ်တွေဟာ ယူနိုက်တက်မှာ ပြိုင်ဘက် ခံစစ်ကို ကျော်ဖြတ်ပြီး ပြင်းထန်တဲ့ အပြေးတွေနဲ့ ဂိုးသွင်းခဲ့တဲ့ အချိန်တွေပါ။ ဒီလို ပြေးလွှားမှုတွေက သူ့ကို ထူးခြားစေခဲ့တယ်။ ဘာစီလိုနာရဲ့ လက်ရှိ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရာဖင်ညာ၊ ယာမယ်နဲ့ လီဝမ်ဒေါစကီး တို့မှာ ဒီလို အရည်အသွေးတွေ မရှိပါဘူး။ ရက်ရှ်ဖို့ဒ်က ဘယ်မှာ ကစားမှာလဲ။ သူဟာ ဒီအသင်းထဲမှာ တိုက်ပွဲ ဝင်ရပါလိမ့်မယ်။” လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖာဒီနန် ရက်ရှ်ဖို့ဒ်ဟာ ဘာဆာကို ရောက်ရောက်ချင်းမှာ ပွဲထွက် ကစားသမား ဖြစ်လာမှာ မဟုတ်ပဲ အသင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် ‘သက်ရောက်မှုရှိတဲ့ ကစားသမား’ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါသေးတယ်။ “သူက ဒီအသင်းမှာ အလိုအလျောက် ပွဲထွက်ခွင့် ရမှာ မဟုတ်ပေမယ့် အသင်းထဲ ဝင်ရောက်လာပြီး ကြီးမားတဲ့ သက်ရောက်မှုတွေ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ နည်းပြ ဟန်ဆီ ဖလစ်ခ် ကလည်း သူတို့ဆီမှာ ရှိပြီးသား ကစားသမားတွေနဲ့ မတူညီတဲ့ ပုံစံတစ်ခုကို ပေးစွမ်းနိုင်သူကို လိုချင်နေပါလိမ့်မယ်။ သူလုပ်ရမှာက ဘယ်သူ့နေရာကိုမှ အစားထိုးဖို့ မဟုတ်ပါဘူး။ အသင်းကို တန်ဖိုးတိုးလာအောင် အားဖြည့်ပေးဖို့ပဲ ဖြစ်ပါတယ်။” လို့ ဖာဒီနန်က သုံးသပ်သွားခဲ့ပါတယ်။ လက်ရှိ ဘာစီလိုနာရဲ့ အထောင် တိုက်စစ် နေရာမှာ ပြီးခဲ့တဲ့ရာသီက ၄၂ ဂိုး သွင်းယူထားတဲ့ လီဝမ်ဒေါစကီး ရှိနေသလို ဘယ်တောင်ပံ မှာလည်း ၃၄ ဂိုး သွင်းပြီး ၂၂ ဂိုး ဖန်တီးထားတဲ့ ရာဖင်ညာနဲ့ ညာတောင်ပံ မှာတော့ ၁၈ ဂိုးသွင်းပြီး ၂၁ ဂိုး ဖန်တီးထားတဲ့ ယာမယ် တို့ ရှိနေပါတယ်။ ဒါကြောင့် ဟန်ဆီ ဖလစ်ခ် အနေနဲ့ ရက်ရှ်ဖို့ဒ်ကို အဓိက ပွဲထွက် ကစားသမား အဖြစ် သုံးမယ် ဆိုရင် ကွင်းလယ် တိုက်စစ် နေရာမှာ ထားရမှာ ဖြစ်ပြီး ဒါမှမဟုတ်ရင်တော့ အရန် ကစားသမား အဖြစ်သာ အသုံးပြုရဖို့သာ ရှိနေပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ လာလီဂါ ကလပ်မှာ အဓိက ပွဲထွက်ကစားသမား ဖြစ်လာဖို့ထက် Supersub တစ်ဦး ဖြစ်လာနိုင်ခြေ ပိုများနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်