နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂို ထွက်ခွာခဲ့ရင် ပီအက်စ်ဂျီ ကြယ်ပွင့်နဲ့ အစားထိုးမယ့် ရီးရဲလ်၊ အာရူဟိုကို ခေါ်ယူချင်နေဆဲ ဖြစ်တဲ့ ယူနိုက်ကတ် | လာလီဂါ

လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ လက်ရှိမှာ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံ တိုက်စစ် ကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းတဲ့ နောက်ဆုံး ကလပ် ဖြစ်ကြောင်း စပိန် သတင်းစာ Relevo က ဖော်ပြပါတယ်။ ရိုဒရီဂို ကို လိုချင်တဲ့ အသင်းတွေ အနေနဲ့ ယူရို သန်း ၁၀၀ အနိမ့်ဆုံး အသုံးပြုမှသာ လာလီဂါ ကလပ် ဘက်က လက်လွှတ်သွားဖွယ် ရှိနေပါတယ်။

အကယ်၍ ရိုဒရီဂိုသာ ထွက်ခွာခဲ့မယ် ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီ တိုက်စစ် ကြယ်ပွင့် ဒီဆိုင်းရား ဒူရေးကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဆယ်ကျော်သက် ကစားသမားလေး အတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၅.၂ သန်း) နဲ့ အထက် ကုန်ကျမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေကြောင်း Fichajes က ဖော်ပြပါတယ်။

ယူနိုက်တက်ဟာ လာလီဂါရဲ့ ထိပ်တန်း နောက်ခံလူကို အရခေါ်ယူပြီး လာမယ့် ရာသီ ဥရောပမှာ အင်အားတောင့်တင်းတဲ့ အသင်း ဖြစ်လာဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
ကက်စ်မဲရိုးကို လစာတိုးပေးရဖို့ ရှိနေသည့် တိုင်အောင် ကစားသမားတွေ ခေါ်ယူဖို့ ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်သာ ယူရိုပါလိဂ် ဖလား ကိုင်မြှောက်နိုင်ပြီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့မယ် ဆိုရင်တော့ ကွင်းလယ်လူ ကက်စ်မဲရိုးဟာ လုပ်ခ လစာ အမြောက်အများ တိုးမြှင့် ရရှိဖို့ ရှိနေတယ်လို့ The Mirror က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ကက်စ်မဲရိုးကို လစာ တိုးမြှင့်ပေးရရင်တောင် ဘာစီလိုနာ ဗဟိုခံစစ် ကစားသမား ရော်နယ် အာရူဟိုကို ခေါ်ယူချင်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ လာလီဂါရဲ့ ထိပ်တန်း နောက်ခံလူကို အရခေါ်ယူပြီး လာမယ့် ရာသီ ဥရောပမှာ အင်အားတောင့်တင်းတဲ့ အသင်း ဖြစ်လာဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

ဘုန်းမောက် ကတော့ အက်စ်ပန်ညို ဂိုးသမား ယိုအန် ဂါစီယာကို ခေါ်ယူဖို့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာ တို့နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ ဒီဂိုးသမား ကိုတော့ ယူရို သန်း ၃၀ (ပေါင် ၂၅.၅ သန်း) နဲ့ ခေါ်ယူနိုင်မှာ ဖြစ်လို့ ဥရောပ ထိပ်တန်း ကလပ်များစွာက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် က‌တော့ ဝါရင့်နောက်ခံလူ ဒေးဗစ် အလာဘာရဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပြဿနာတွေကို စိုးရိမ်လာတာကြောင့် ဒီနွေရာသီမှာ လမ်းခွဲရန် ဆုံးဖြတ်ခဲ့တယ်လို့ Estadio Deportivo က ဖော်ပြပါတယ်။ ဒေးဗစ် အလာဘာဟာ ဘေယန်မြူးနစ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လာလီဂါ ကလပ်ကို အရောက် မှာတော့ မကြာခဏ ဆိုသလို ဒဏ်ရာရခဲ့ပြီး ကြံ့ခိုင်မှု အားနည်းသလို နောက်ပိုင်းမှာတော့ သိသိသာသာ ခြေစွမ်းကျဆင်းလာတာ ဖြစ်ပါတယ်။ လာလီဂါ ကလပ်တွေ ဖြစ်တဲ့ ဆီဗီလာ၊ ဗလင်စီယာနဲ့ ရီးရဲလ်ဆိုစီဒက် တို့ကတော့ ဘာစီလိုနာ တိုက်စစ်မှူး အန်ဆု ဖာတီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လာမာစီယာ အကယ်ဒမီထွက် အသက် ၂၂ နှစ် အရွယ် ဒီကစားသမားလေး ကတော့ ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီးတော့ ပြီးခဲ့တဲ့ ရာသီ ကလည်း ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန်ကို အငှားနဲ့ ထွက်ကစားခဲ့ရပါသေးတယ်။ ဖာတီဟာ တစ်ချိန်မှာ တောက်ပလာမယ့် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ပုံမှန် ပွဲထွက်ခွင့် မရခြင်းနဲ့ အတူတူ တဖြည်းဖြည်း တိမ်မြုပ်လာသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်