နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘယ်လွန်ဒေါဆု အတွက် အူစမန်နီ ဒမ်ဘီလီထက် လာမင်း ယာမယ်ကို ထောက်ခံခဲ့တဲ့ ဂျူးလ်စ် ကွန်ဒေး | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေး ကတော့ လာမင်း ယာမယ်က အူစမန် ဒမ်ဘီလီထက် ဘယ်လွန်ဒေါဆုကို ရရှိဖို့ ထိုက်တန်သူ ဖြစ်ကြောင်း ထောက်ခံ ပြောကြားလိုက်ပါတယ်။ ကွန်ဒေးနဲ့ ဒမ်ဘီလီ တို့ဟာ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အသင်းဖော်တွေ ဖြစ်ကြပေမယ့် ကွန်ဒေးဟာ သူ့ရဲ့ ကလပ် အသင်းဖော် ဖြစ်တဲ့ ယာမယ် ကိုသာ ဘယ်လွန်ဒေါဆု အတွက် ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် ဘယ်နောက်ခံလူ ဂျူးလ်စ် ကွန်ဒေး ကတော့ ပြီးခဲ့တဲ့ ရက်က လာလီဂါ ချန်ပီယံ ဘာစီလိုနာနဲ့ ၂၀၃၀ ခုနှစ် အထိ စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။ အဲဒီ စာချုပ်သစ်ချုပ်ဆိုပွဲ အခမ်းအနားမှာ ကွန်ဒေးက မီဒီယာတွေနဲ့ တွေ့ဆုံချိန် အသင်းရဲ့ လာမယ့် ရာသီ အတွက် ရည်မှန်းချက်တွေနဲ့ ကြယ်ပွင့် ကစားသမားလေး ယာမယ်နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ဒမ်ဘီလီတို့ အကြားက ဘယ်လွန်ဒေါဆု အတွက် အားပြိုင်မှု အပေါ် သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒမ်ဘီလီက ယာမယ်လ်နဲ့ ဒမ်ဘီလီတို့ နှစ်ဦးထဲက ဘယ်သူ ဘယ်လွန်ဒေါဆုနဲ့ ပိုပြီး ထိုက်တန်သလဲ ဆိုပြီး မေးမြန်းခံရချိန်မှာ ရယ်မောလျက် “ခင်ဗျားက ကျွန်တော့်ကို ခက်ခဲတဲ့ အခြေအနေထဲ တွန်းပို့နေတာပါလား။ ဒါပေမယ့် ကျွန်တော် ကတော့ နှိမ့်ချပြီးပဲ ပြောပါရစေ။ သူ (ယာမယ်) က ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဟုတ်ပါတယ်။ သူနဲ့ ထိုက်တန်ပါတယ်။” လို့ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ လာမင်း ယာမယ် ကတော့ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာရဲ့ ပြည်တွင်း ဖလား ၃ လုံး အောင်မြင်မှု အတွက် အဓိကကျတဲ့ ကစားသမား ဖြစ်ခဲ့သူပါ။ သူဟာ ဘာစီလိုနာကို လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန် စူပါဖလားတို့ ရရှိအောင် ကူညီပေးနိုင်ခဲ့သလို သွင်းဂိုးတွေရော၊ ဖန်တီးမှု အပိုင်းမှာပါ ထိပ်တန်းအဆင့်မှာ ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။ ယာမယ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၅၅ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းကာ ၂၁ ဂိုး ဖန်တီးပေးထားပါတယ်။ တစ်ဖက် မှာတော့ အူစမန်နီ ဒမ်ဘီလီက ပီအက်စ်ဂျီနဲ့ အတူ ချန်ပီယံလိဂ် အပါအဝင် ပြိုင်ပွဲ အားလုံးမှာ ချန်ပီယံ ဖြစ်ခဲ့သလို ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာလည်း ဒုတိယရခဲ့ပါတယ်။ ဒမ်ဘီလီရဲ့ ပြီးခဲ့တဲ့ရာသီ စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားကာ ၃၃ ဂိုး သွင်းပြီး ၁၃ ဂိုး ဖန်တီးထားပါတယ်။

ဘာစီလိုနာဟာ လာလီဂါ ရာသီ အဖွင့်ပွဲစဉ် အဖြစ် မာယော့ကာနဲ့ ကစားခဲ့ရာမှာတော့ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။
ဘာစီလိုနာနဲ့ အတူ ဥရောပ အောင်မြင်မှု ရရှိဖို့ မျှော်လင့်နေတဲ့ ကွန်ဒေး

လက်ရှိမှာ ကစားသမား နှစ်ဦးစလုံးဟာ ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံးက ရှိနေကြပြီး လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့ မှာတော့ ဘယ်သူက ဒီဆုကို ပိုင်ဆိုင်သွားနိုင်မလဲ ဆိုတာ အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စွမ်းဆောင်ရည် အချက်အလက်တွေ အပေါ် မူတည်ပြီး ဆုချီးမြှင့်မယ် ဆိုရင်တော့ ဒမ်ဘီလီပဲ ကျိန်းသေပေါက် ရရှိနိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။ 

နောက်ဆုံး မှာတော့ ကွန်ဒေးက ဘာစီလိုနာရဲ့ အဓိက ရည်မှန်းချက်ဟာ ချန်ပီယံလိဂ် ဖလား ရယူနိုင်ရေး ဖြစ်ကြောင်းလည်း ကြုံးဝါး ပြောဆိုခဲ့ပါသေးတယ်။ ကွန်ဒေးက “ရာသီတိုင်းရဲ့ အစမှာ ကျွန်တော်တို့ အနေနဲ့ ရည်မှန်းချက်တွေ ထားရှိဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာလို အသင်းမျိုးမှာ ကစားနေရပြီး လက်ရှိ အသင်းရဲ့ လူစာရင်းနဲ့ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းတွေ အရ ဆိုရင် ချန်ပီယံလိဂ်ဟာ အဓိက ရည်မှန်းချက် ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒါက စွဲလမ်းမှု တစ်ခုတော့ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဘာစီလိုနာဟာ လာလီဂါ ရာသီ အဖွင့်ပွဲစဉ် အဖြစ် မာယော့ကာနဲ့ ကစားခဲ့ရာမှာတော့ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ရာဖင်ညာ၊ လာမင်း ယာမယ်နဲ့ ဖာရန်း တောရက်စ် တို့ ၃ ဦးစလုံး သွင်းဂိုးတွေ ရရှိခဲ့ပြီး အသင်း ကလည်း ရာသီ အဖွင့်လှခဲ့ပေမယ့် နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ် ကတော့ ခြေစွမ်းအပေါ် ကျေနပ်အားရမှု မရှိ ဖြစ်နေပါတယ်။ ဘာစီလိုနာဟာ အဲဒီပွဲမှာ ပွဲချိန် မိနစ် ၆၀ နီးပါး နှစ်ယောက် အသာနဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်