ဇန်နဝါရီ ၂၅ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
ယာဂန် ကလော့ပ် အနေနဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်မယ် ဆိုရင် အပြောင်းအရွှေ့တွေကို အပြည့်အဝ ထိန်းချုပ်ခွင့်ရဖို့ တောင်းဆိုသွားဖွယ် ရှိနေပါတယ်။ လစ်ဗာပူးလ် မန်နေဂျာဟောင်း ကတော့ ဒန်နီ ကာဗာဟယ်နဲ့ ဖာလန်း မန်ဒီ တို့ကတော့ သူ့ရဲ့ အနာဂတ် စီမံကိန်းမှာ နေရာ မရှိကြောင်း ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂျူလီယန် အဲလ်ဗာရက်ဇ် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီရဲ့ ယူရို ၁၀၀ သန်း (ပေါင် ၈၆.၈ သန်း) နဲ့ ကမ်းလှမ်းဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ကမ္ဘာ့ဖလားဆုရှင် ကိုတော့ အာဆင်နယ်နဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ တို့ကလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဗီလာရီးရဲလ်နဲ့ ဘာစီလိုနာ တို့ကတော့ ရေးဆင်း ဆန်တန်ဒါရဲ့ အသက် ၁၈ နှစ် အရွယ် ကွင်းလယ် ကစားသမား ဆာဂျီယို မာတီနက်ဇ်ကို ခေါ်ယူဖို့ ယှဉ်ပြိုင်နေကြပါတယ်။ ခြေစွမ်း ဆက်တိုက် တိုးတက်နေတဲ့ ဆယ်ကျော်သက် ကစားသမားလေး ကတော့ ပက်ဒရီလိုပဲ အာရုံစိုက်ခံနေရပြီ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ၂၀၂၇ ခုနှစ် နွေရာသီ အဲလ်နာဆာနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ အနားယူဖွယ် ရှိနေပါတယ်။ သူရဲ့ ကစားသမားဘဝ အပြီး ပထမဦးဆုံး ခြေလှမ်း ကတော့ ဆော်ဒီပရိုလိဂ်မှာ ပိုင်ဆိုင်မှု အခန်းကဏ္ဍနဲ့ ဆက်လက် တည်ရှိနေနိုင်ပြီး သူပိုင်ဆိုင်ထားတဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို တိုးမြှင့်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ကြောင်း သိရပါတယ်။
တော့တင်ဟမ်ဟော့စပါး နည်းပြ သောမက်စ် ဖရန့်ခ် ကတော့ အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရဖြစ်နေတဲ့ မက်သီ တဲလ်ကို အသင်း ကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။ စပါး ကနေ ဈေးကြီးပေး ခေါ်ယူထားခဲ့ရတဲ့ အဆိုပါ ကြယ်ပွင့် ကစားသမားဟာ လက်ရှိရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး ချန်ပီယံလိဂ် လူစာရင်းထဲ ကနေလည်း ထုတ်ပယ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ပြင်သစ် ကလပ် ပဲရစ် အက်ဖ်စီ ကို အဌားထွက်ဖို့ အတော်လေး နီးစပ်နေပေမယ့် စပါး နည်းပြ ဖရန့်ခ် ကတော့ မက်သီ တဲလ်ကို မဖြစ်မနေ အသင်းရဲ့ အရံခုံမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပယ်နယ်တီ မပေးတဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဒိုင်လူကြီး ဖာရာအီဟယ်လမ်ဟာ ဒီပွဲမှာမှ ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ပွဲကို တာဝန်ယူခဲ့တာပါ။ ဒီပွဲမှာ ဝုဗ် ဘက်က ဂိုးဧရိယာထဲ ဘောလုံးကို လက်မောင်းနဲ့ ထိမိခဲ့တာပါ။ ကွင်းလယ်ဒိုင် ဟယ်လမ်က VAR ဒိုင် ဒါရင်း အင်္ဂလန်ရဲ့ အကြံပြုချက်ကို ငြင်းဆန်ကာ ရုပ်သံ ပြန်မကြည့်ပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီး ကတော့ ဒီပွဲမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နှစ်သစ်မှာ ပထမဦးဆုံး နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ ဝုဗ် ကတော့ ပြိုင်ပွဲစုံ ၅ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်ခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


