နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – မနက်ခင်း သတင်းများ (၁၉/၁၀/၂၀၂၂)

အောက်တိုဘာ ၁၉ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

လေ့ကျင့်ရေးကွင်းဆီ ဘယ်လွန်ဒေါဆု သယ်ဆောင်လာပြီး အောင်ပွဲခံခဲ့တဲ့ ဘန်ဇီမာ

၂၀၂၂ ရဲ့ ဘယ်လွန်ဒေါဆုကို ဆွတ်ခူးနိင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာဟာ သူရရှိခဲ့တဲ့ ဆုကို အသင်းလေ့ကျင့်ရေးကွင်းဆီ ယူဆောင်လာခဲ့ပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ ဘန်ဇီမာကို အသင်းဖော်တွေက လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပြီး ပြင်သစ်သား ကတော့ သူပထမဆုံး ရရှိခဲ့တဲ့ ဒီဆု အတွက် တော်တော်လေးကို ကျေနပ် ပျော်ရွှင်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ရီးရဲလ် အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၄၄ ဂိုးအထိ ရရှိခဲ့တဲ့ ဘန်ဇီမာက ဘယ်လွန်ဒေါဆုကို အငြင်းပွားဖွယ် မရှိ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှူးက ဒီဆုရရှိဖို့ အတွက် သူ အမြဲတမ်း အိပ်မက်မက်ခဲ့ရပြီး မဆုတ်မနစ် ကြိုးစားခဲ့ရကာ လွယ်ကူတဲ့ ခရီးလမ်း မဖြစ်ခဲ့ဘူးလို့ ဆုလက်ခံရယူ အပြီးမှာ ပြောဆိုခဲ့ပြီး ပရိသတ်တွေ အားလုံး ကတော့ ဘန်ဇီမာက ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဘန်ဇီမာက ပြီးခဲ့တဲ့ လာလီဂါ အယ်လ်ကလက်စီကိုပွဲ အဖြစ် ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ပွဲမှာ တစ်ဂိုး သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ဘန်ဇီမာက ဆက်လက် ရှိနေဆဲဖြစ်ပြီး ဒီရာသီမှာ ခြေစွမ်း ထပ်ပြနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

ဆုလက်ခံရယူခဲ့ပြီးချိန် မှာလည်း ပြင်သစ် သမ္မတ မတ်ခရွန် ကိုယ်တိုင်က ဘန်ဇီမာကို လူမှုကွန်ရက်ပေါ် ကနေ ချီးကျူး စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

လာလီဂါ
ရီးယဲလ်မက်ဒရစ်
ဆီဗီလာ FC
1X2 ရီးယဲလ်မက်ဒရစ် @ 1.50
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် -1.25 @ 1.92
ဂိုးပေါ် 3.00 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။
 

Kopa Trophy ဆု ရခဲ့ပေမယ့် ဝေဖန်ခံနေရတဲ့ ဂါဗီ

စပိန် လာလီဂါ ကလပ် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဂါဗီဟာ လူငယ်ကစားသမားတွေကို ပေးအပ်နေတဲ့ Kopa Trophy ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘယ်လွန်ဒေါဆုပေးပွဲမှာ တပြိုင်တည်း ပေးအပ်ခဲ့တာ ဖြစ်ပြီး ဒီဆုကို သူ ရရှိခဲ့တဲ့ အပေါ်မှာ ပရိသတ် အများအပြားက ဝေဖန်ခဲ့ကြပြီး အမှန်တကယ် ရရှိခဲ့သင့်တာက ဒေါ့မန် ကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့ ဘေယန်မြူးနစ်က မူစီအာလာတို့ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

အဆိုပါ ကစားသမားတွေနဲ့ ဂါဗီရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေကို နှိုင်းယှဉ်မှုတွေလည်း ပြုလုပ်ခဲ့ကြပြီး စပိန် လူငယ် ရရှိခဲ့တာက မဖြစ်သင့်ဘူးလို့ အခိုင်အမာ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ နာမည်ကျော် လာာမာစီယာ အကယ်ဒမီက ထွက်ပေါ်လာတဲ့ ဂါဗီဟာ ဘာဆာ အသင်းကြီး အတွက် ပွဲအများအပြား ကစားပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အချက်အလက်တွေ အားဖြင့်တော့ ဘယ်လင်ဂမ်နဲ့ မူစီယာလာ တို့ကို မမီခဲ့တာ တွေ့ရပါတယ်။

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း ကလည်း “ဘယ်လင်ဂမ်နဲ့ မူစီလီယာတို့က ဆုရရှိခဲ့တဲ့ သူထက် ပိုကောင်းတဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်၊ ဒါပေမယ့် ဂါဗီ ကလည်း ထူးချွန်တဲ့ ကစားသမား တစ်ဦးပါ၊ သူ့အတွက်လည်း ကျနော် ပျော်ရွှင်မိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဂါဗီထက် ကျန်ကစားသမား နှစ်ဦးက ပိုမို ကောင်းမွန်တယ်လို့ သူက မှတ်ချက်ပြုခဲ့တာပါ။

 

အသင်းဟောင်းကို ဂိုးပြန်သွင်းပြီး ဗယ်လက်ကာနို အတွက် သရေ တစ်မှတ် ယူပေးခဲ့တဲ့ ဖယ်လ်ကာအို

မနေ့ညက ကစားခဲ့တဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ ရေယို ဗယ်လက်ကာနိုတို့ အဝေးကွင်းမှာ အက်သလက်တီကို မက်ဒရစ် ဆီကနေ အဖိုးတန် သရေ တစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။
အသင်းဟောင်း အက်တလက်တီကိုမက်ဒရစ် ဘက်ကို ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ ဖယ်လ်ကာအို

မနေ့ညက ကစားခဲ့တဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ ရေယို ဗယ်လက်ကာနိုတို့ အဝေးကွင်းမှာ အက်သလက်တီကို မက်ဒရစ် ဆီကနေ အဖိုးတန် သရေ တစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲမှာ ပွဲချိန် ၉၂ မိနစ်မှာ ရာယိုတို့ ပင်နယ်တီရရှိခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး ရာဒမယ်လ် ဖယ်လ်ကာအိုက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။
ကိုလံဘီယာ ဝါရင့် တိုက်စစ်မှူး ဖယ်လ်ကာအိုဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ အတူ အောင်မြင် ကျော်ကြားခဲ့သူ ဖြစ်ပြီး အသင်းဟောင်းနဲ့ အတွေ့မှာ အသည်းခွဲ သွင်းဂိုး သွင်းယူခဲ့တာပါ။ အက်သလက်တီကို အတွက် မိုရာတာက ဂရစ်မန်းရဲ့ ဖန်တီးပေးမှုကို အဆုံးသတ်ပြီး ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ပွဲချိန် နောက်ဆုံး မိနစ်မှာ ချေပဂိုး ပေးခဲ့ရလို့ စိတ်ပျက်စရာ ဖြစ်ခဲ့ရကာ အိမ်ကွင်းမှာ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဖယ်လ်ကာအို အတွက်လည်း ညက သွင်းဂိုးက ဒီရာသီ လာလီဂါမှာ ၉ ပွဲ ကစားအပြီး ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ ဂိုး ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဖယ်လ်ကာအိုဟာ ပြီးခဲ့တဲ့ ရာသီက ရေယို ဗယ်လက်ကာနို အတွက် လိဂ်ဂိုး ၆ ဂိုး ရရှိခဲ့ပြီး ကစားသမား ဘ၀ နေဝင်ချိန်ကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်