Transfermarkt က နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ စျေးကွက် တန်ဖိုး အမြင့်ဆုံး ကစားသမား စာရင်း မှာတော့ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ ကြယ်ပွင့် လာမင်း ယာမယ်က ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
လာမယ့် ဇူလိုင်မှ အသက် ၁၈ နှစ် ပြည့်မယ့် စပိန်နဲ့ ဘာစီလိုနာ ဆယ်ကျော်သက် ကစားသမားလေး ကတော့ စျေးကွက် တန်ဖိုး ယူရို သန်း ၂၀၀ အထိ ရှိနေတာ ဖြစ်ပါတယ်။ လာမင်း ယာမယ်ဟာ ဒီရာသီ ဘာစီလိုနာမှာ သိသိသာသာ ခြေစွမ်းပိုင်း တိုးတက်လာတဲ့ ကစားသမားလေး ဖြစ်ပြီးတော့ တစ်ရာသီလုံးမှာ ပြိုင်ပွဲစုံ ၅၅ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းကာ ၂၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်က ဘာစီလိုနာနဲ့ စပိန်စူပါဖလား၊ ကိုပါဒယ်ရေးနဲ့ လာလီဂါ အောင်မြင်မှုတွေ ရရှိခဲ့ပြီးတော့ ချန်ပီယံလိဂ် မှာလည်း ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်က နေးရှင်းလိဂ် မှာလည်း စပိန်နဲ့ အတူ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ယာမယ်ရဲ့ နောက်မှာတော့ နောက်ထပ် လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ဖြစ်တဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်က ရပ်တည်နေပြီး ယူရို သန်း ၁၈၀ တန်ကြေး ရှိနေပါတယ်။ ဘယ်လင်ဟမ်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ် အတွက် ၂၃ ဂိုး သွင်းကာ ၁၃ ဂိုး ဖန်တီပေးခဲ့ပြီး ဒီရာသီမှာတော့ ၁၄ ဂိုး သွင်းကာ ၁၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ မနှစ်က တန်ဖိုးအမြင့်ဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ယာမယ်ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းနဲ့ သူကိုယ်တိုင်လည်း စွမ်းဆောင်ရည် အနည်းငယ် ကျဆင်းသွားတာကြောင့် ဒုတိယနေရာကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။
ဘယ်လင်ဟမ်နဲ့ အတူ ယူရိုသန်း ၁၈၀ နဲ့ ပူးတွဲ ရပ်တည်နေတာ ကတော့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေးတို့ ဖြစ်ပါတယ်။ ဟာလန်း ကတော့ မန်စီးတီးကို စစရောက်ချင်း ရာသီမှာ ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားပြီး ၅၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့် ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှာ ၃၈ ဂိုး၊ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာတော့ ၃၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဟာလန်းဟ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း စွမ်းဆောင်ရည် အနည်းငယ် ကျဆင်းခဲ့တယ် ဆိုတာ မြင်သာခဲ့ပါတယ်။ ဒီရာသီမှ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့တဲ့ အမ်ဘာပေး ကတော့ ဆုဖလား လက်မဲ့ ဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားပြီး ၄၃ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဥရောပ ရွှေဖိနပ်ဆုရရှိပြီး တစ်ကိုယ်ရည် အောင်မြင်မှု ရခဲ့တဲ့ ရာသီလည်း ဖြစ်ခဲ့ပါတယ်။အမ်ဘာပေးရဲ့ နောက်မှာတော့ ဗင်နီးစီးယပ်စ် ဂျူနီယာက ယူရို သန်း ၁၇၀၊ ဘူကာယို ဆာကာက ယူရို သန်း ၁၅၀၊ ပက်ဒရီ၊ ဖလော်ရီယန် ဝစ်ဇ်နဲ့ မူဆီအာလာက ယူရို သန်း ၁၄၀၊ ဗယ်ဗာဒီ ကတော့ ယူရို သန်း ၁၃၀ နဲ့ ရပ်တည်နေခဲ့ပါတယ်။ စျေးကွက် တန်ဖိုး အမြင့်ဆုံး ကစားသမား ၁၀ ဦး စာရင်း မှာတော့ လာလီဂါ ကစားသမား ၆ ဦး အထိ ပါဝင်ကာ အများဆုံး ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်စ်လီဂါက ကစားသမား ၂ ဦးစီ ပါဝင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.