နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၉၉.၈ ရာခိုင်နှုန်း သေချာနေပြီ ဖြစ်တဲ့ လစ်ဗာပူးလ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ မှာ အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျသွားခဲ့တာကြောင့် လစ်ဗာပူးလ် အနေနဲ့ လက်ကျန် ၅ ပွဲမှာ အနည်းဆုံး ၁ မှတ် ရရုံနဲ့ ချန်ပီယံဆုကို ရယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၉၉.၈ ရာခိုင်နှုန်း သေချာနေပြီလည်း ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကြောင့် ဧပြီ ၂၃ ရက်နေ့မှာ ကြိုတင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာဆင်နယ်က ပဲလေ့စ်နဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အဲ့ဒီပွဲမှာ ပဲလေ့စ်ကို ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းက အမှားတွေကြောင့် ပြိုင်ဘက်ကို တစ်မှတ် ခွဲပေးခဲ့ရပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ ၃၄ ပွဲ ကစားပြီးချိန်မှာ ၆၇ မှတ် ရရှိထားပြီး အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်ထက် ၁ ပွဲပို ကစားကာ ၁၂ မှတ် ကွာဟသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် အာဆင်နယ် အနေနဲ့ လက်ကျန် ၄ ပွဲစလုံး အနိုင်ရရင်တောင် လစ်ဗာပူးလ်ရဲ့ လက်ရှိ ရမှတ် ၇၉ မှတ် ကိုသာ လိုက်မှီနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ လစ်ဗာပူးလ်တို့ အောင်ပွဲခံနိုင်ဖို့ ရာနှုန်းပြည့် နီးပါး သေချာသွားခဲ့တာလည်း ဖြစ်ပါတယ်။ သင်္ချာနည်းအရ လစ်ဗာပူးလ်တို့ ချန်ပီယံ မဖြစ်သေးဘူးလို့ ပြောလို့ ရပေမယ့် လက်တွေ့မှာတော့ အာနေး ဆလော့တ်ရဲ့ အသင်းက လာမယ့် စပါးနဲ့ ပွဲမှာ မရှုံးအောင် ကစားနိုင်ရင်ကို ချန်ပီယံ ဖြစ်တော့မှာပါ။

ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ ခရာဘောင်ဖလား၊ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ် တို့ကနေ မထင်မှတ်ပဲ ထွက်ခွာခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ဖလားနဲ့ပဲ ရာသီသိမ်းနိုင်တော့မှာ ဖြစ်ပါတယ်။
နည်းပြသစ်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တော့မယ့် လစ်ဗာပူးလ်

လစ်ဗာပူးလ်ဟာ ဒီရာသီ လက်ကျန် ပွဲစဉ်တွေ အဖြစ် ဧပြီ ၂၇ ရက်နေ့မှာ စပါးနဲ့ အိမ်ကွင်း၊ မေလ ၄ ရက်နေ့မှာ ချဲလ်ဆီးနဲ့ အဝေးကွင်း၊ မေလ ၁၁ ရက်နေ့မှာ အာဆင်နယ်နဲ့ အိမ်ကွင်း၊ မေလ ၁၉ ရက်နေ့မှာ ဘရိုက်တန်နဲ့ အဝေးကွင်း၊ မေလ ၂၅ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အိမ်ကွင်း ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ လက်ကျန် ၅ ပွဲမှာ ၁ မှတ်သာ လိုအပ်တော့တာကြောင့် ဒီတစ်ပတ် စပါးနဲ့ အိမ်ကွင်း ပွဲစဉ်မှာ အနိမ့်ဆုံး သရေကစားပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်ပြီ ဖြစ်ပါတယ်။ 

လစ်ဗာပူးလ် အနေနဲ့ သမိုင်းတစ်လျှောက် အင်္ဂလန်ရဲ့ အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲမှာ အကြိမ် ၂၀ မြောက်နဲ့ ပရီးမီးယားလိဂ် အမည်နဲ့ ပြောင်းလဲ ကျင်းပပြီး နောက်ပိုင်း ချန်ပီယံဆုကို ဒုတိယ အကြိမ် ဆွတ်ခူးရယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ အင်္ဂလန် ဘောလုံး သမိုင်းတစ်လျှောက် အဆင့်မြင့်ဆုံး အမှတ်ပေး ချန်ပီယံဆုကို စံချိန်တင် အကြိမ် ၂၀ ရရှိထားတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ချန်ပီယံဆု အရေအတွက်ကို လိုက်မှီနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဓိက ဆုဖလား စုစုပေါင်း စာရင်းမှာ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ တူညီနိုင်တော့မှာလည်း ဖြစ်ကြောင်း သိရပါတယ်။ 

နည်းပြသစ် အာနေး ဆလော့တ် လက်ထက်မှာ လစ်ဗာပူးလ်ကို ရာသီမတိုင်ခင်က ရုန်းကန်ရမယ်လို့ ကြိုတင် တွက်ဆသူ များပြားခဲ့ပေမယ့် ကြိုးကြာနီတွေဟာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ ခရာဘောင်ဖလား၊ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ် တို့ကနေ မထင်မှတ်ပဲ ထွက်ခွာခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ဖလားနဲ့ပဲ ရာသီသိမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

ဘာပဲပြောပြော လစ်ဗာပူးလ် အနေနဲ့ အပေါ်မှာ ဖော်ပြခဲ့သလို စံချိန်ကောင်းတွေ ရရှိမှာ ဖြစ်သလို အင်္ဂလန် ဒါဘီ ပြိုင်ဘက် ယူနိုက်တက်နဲ့လည်း အောင်မြင်မှုချင်း တူသွားမှာ ဖြစ်တာကြောင့်တော့ မဆိုးလှတဲ့ ဘောလုံးရာသီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်