နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ လွတ်ခ်မန်း၊ ရီးရဲလ်မှာ အနာဂတ် မရှိတော့တဲ့ ဆယ်ဘာလော့စ် | လာလီဂါ

ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။ 

အတ္တလန္တာ တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်းဟာ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အားလုံးစုံ သဘောတူညီမှု ရရှိသွားပါပြီ။ ပြောင်းရွှေ့ကြေး အနေနဲ့ ယူရို ၃၅ သန်းနဲ့ အပိုဆုကြေး ယူရို ၅ သန်း၊ စုစုပေါင်း ယူရို သန်း ၄၀ ဖြစ်ပါတယ်။ လွတ်ခ်မန်းဟာ ဖီနာဘာချီရဲ့ ကမ်းလှမ်းမှုကို ပယ်ချကာ အက်တလက်တီကိုမက်ဒရစ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပြီး ဆေးစစ်မှုခံယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဟိုဆေး မော်ရင်ညိုဟာ ဘာနေဗျူးကွင်းဆီ တကျော့ပြန် ရောက်ရှိလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘင်ဖီကာကို ကိုင်တွယ်ပြီး ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြခဲ့ပြီးနောက် သူ့ရဲ့ နည်းပြ စွမ်းဆောင်ရည်ကို ရီးရဲလ်မက်ဒရစ် ဘုတ်အဖွဲ့က ပြန်လည် သတိထားမိသွားတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်ဟာ လာမယ့် နွေရာသီမှာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို အရ ခေါ်ယူဖို့ ရည်ရွယ်ထားပါတယ်။ ဒါဟာ ဂျူ့ဒ် ဘယ်လင်ဂမ်ကို ရောင်းချပြီး အသင်းအတွက် ဝင်ငွေ အမြောက်အမြား ရှာဖွေနိုင်ဖို့ စီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ 

မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘာစီလိုနာမှာပဲ ဆက်နေချင်တယ်လို့ ထုတ်ဖော် ပြောဆိုထားပေမယ့် ယူနိုက်တက် ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ် ကတော့ သူ့ကို အိုးလ်ထရက်ဖို့ဒ်ဆီ ပြန်လည် ခေါ်ချင်နေပါတယ်။

အာဆင်နယ် ကတော့ အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို အသည်းအသန် လိုချင်နေပါတယ်။ သူ့ကို ရဖို့ အတွက် အသင်းရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ မာတင်နယ်လီနဲ့ ဂါဘရီရယ် ဂျေဇုစ်တို့ နှစ်ယောက်စလုံးကို အလိုက်ပေး ကမ်းလှမ်းဖို့ အထိ စီစဉ်နေပါတယ်။‌

ဒေးဗစ် အာလာဘာနဲ့ အန်တိုနီယို ရူဒီဂါတို့ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ စပါး နောက်ခံလူ ခရစ်ရှန် ရိုမီယိုကို ခေါ်ယူဖို့ စာရင်းသွင်းထားပါတယ်။ ရိုမီယိုရဲ့ လုပ်ခလစာဟာ သူတို့ရဲ့ နောက်ထပ် ပစ်မှတ် ဖြစ်တဲ့ အူပါမီကာနိုထက် ပိုမို သက်သာနိုင်တယ်လို့ တွက်ချက်ထားကြပါတယ်။ 

ဘာစီလိုနာဟာ တိုက်စစ်မှူး ဖာရန်း တောရက်စ် အတွက် အက်စတွန်ဗီလာရဲ့ ယူရို သန်း ၈၀ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ နည်းပြ ဟန်ဆီ ဖလစ်ခ်က သူ့ကို ရောင်းချလို့ မရတဲ့ အရေးပါသူ အဖြစ် သတ်မှတ်ထားပါတယ်။ 

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်လူ ဒန်နီ ဆယ်ဘာယော့စ်ကို ယူရို ၁၅ သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ စပိန်သားဟာ နည်းပြ အဲလ်ဗာရို အာဘီလိုအာရဲ့ အနာဂတ် စီမံကိန်းထဲမှာ ပါဝင်ခြင်း မရှိတော့ပါဘူး။

ဘာစီလိုနာရဲ့ လူငယ် ကြယ်ပွင့် လာမင်း ယာမယ် ကတော့ အသင်း အတွက် ဂိုးဖန်တီးမှု ၄၀ ပြည့်မြောက်ဖို့ လီယွန်နယ် မက်ဆီထက် ၃၅ ပွဲ ပိုမိုမြန်ဆန်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လာမင်း ယာမယ်ဟာ ပွဲပေါင်း ၁၃၃ ပွဲမှာ ဂိုးဖန်တီးမှု ၄၀ ပြုလုပ်နိုင်ခဲ့ပြီး လီယွန်နယ် မက်ဆီ ကတော့ ပွဲပေါင်း ၁၆၈ ပွဲမှာ ဂိုးဖန်တီးမှု ၄၀ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပြင်သစ် ကလပ် စထရာဘိုး ကတော့ ချဲလ်ဆီး နောက်ခံလူ အာရွန် အန်ဆဲလ်မီနိုကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေပါတယ်။ ချဲလ်ဆီး ဘက်က အန်ဆဲလ်မီနိုကို ဒေါ့မန် အသင်းဆီ ပြန်ပို့ဖို့ ဘယ်တုန်းကမှ ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိပါဘူး။ သူ့ကို ပရီးမီးယားလိဂ် ကလပ် တစ်ခုက ကမ်းလှမ်းခဲ့ပေမယ့်လည်း စထရာဘိုး ကသာ သူ့ကိုခေါ်ယူဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။

ပြင်သစ် လူငယ်နောက်ခံလူ မာမာဒူ ဆား ကတော့ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံး ၄၈ နာရီ အတွင်း မှာပဲ ချဲလ်ဆီး အသင်းထံ ရောက်ရှိသွားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်