လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား လူကာ မိုဒရစ် ကတော့ အင်တာမိုင်ယာမီမှာ လီယွန်နယ် မက်ဆီနဲ့ သွားရောက် ပူးပေါင်းဖွယ် ရှိနေကြောင်း သိရပါတယ်။ မိုဒရစ်ဟာ ဒီရာသီအကုန်မှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲဖို့ သတင်းတွေ ထွက်ပေါ်နေသူလည်း ဖြစ်ပါတယ်။
အစ်ပ်ဆွစ်ချ်တောင်းမှာ တစ်ရာသီ အငှားနဲ့ ကုန်ဆုံးခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ကဲလ်ဗင် ဖီးလစ် ကတော့ ဒီနွေရာသီမှာ ကလပ်ဟောင်း လိဒ်စ်ယူနိုက်တက် အသင်းထံ ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ကဲလ်ဗင် ဖီးလစ် ကတော့ အသင်းဟောင်း လိဒ်စ်ယူနိုက်တက်မှာ အကောင်းဆုံး ပုံစံတွေ ပြသနိုင်ခဲ့ပေမယ့် မန်စီးတီးကို အရောက် မှာတော့ ခြေစွမ်း လုံးဝ ကျဆင်းသွားပြီး ဝက်စ်ဟမ်း၊ အစ်ပ်ဆွစ်ချ် တို့မှာ အငှားနဲ့ သွားရောက် ကစားခဲ့ရသူ ဖြစ်ပါတယ်။
အာဆင်နယ်နှင့် လစ်ဗာပူးလ် တို့ကတော့ ပေါင်သန်း ၇၀ တန်ကြေး ရှိတဲ့ နော့တင်ဟမ်ဖောရက်စ် ဗဟိုခံစစ်မှူး မူရီလိုကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် ကတော့ ဒီနွေရာသီမှာ နည်းပြ အန်ဂျီ ပိုစတီကိုဂလူး ထွက်ခွာသွားမယ် ဆိုရင် အသင်းမှာ ဆက်ရှိနေဖို့ အလားအလာ ပိုများနေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ အတ္တလန္တာ ကွင်းလယ် ခံစစ် ကစားသမား အီဒါဆန်နဲ့ သူ့ရဲ့ အသင်းဖော် မက်တေးယို ရက်တီဂူအီကို ခေါ်ယူဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ စပိန် လာလီဂါမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ အန်တိုနီကို အပြီးသတ် ရောင်းထုတ်သွားချင်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ရီးရဲလ်ဘက်တစ် ဆယ်ကျော်သက် ဂျော့စ် ရိုဒရီဂွက်ဇ်ကို အန်တိုနီရဲ့ အပြောင်းအရွှေ့ တစ်စိတ်တစ်ဒေသ အဖြစ် ထည့်သွင်းချင်နေပါတယ်။

နယူးကာဆယ် ကတော့ လာဇီယိုမှာ ကစားနေတဲ့ အာဆင်နယ် ကွင်းလယ် ကစားသမားဟောင်း မက်တေယို ဂွမ်ဒိုဇီကို လိုချင်နေသလို ဆန်ဒရို တိုနာလီ ကိုလည်း အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်နေကြောင်း Tuttomercatoweb က ဖော်ပြပါတယ်။
ချဲလ်ဆီး ကတော့ အေစီမီလန်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ယာအို ဖီးလစ်ကို ရီးရဲလ်ဘက်တစ်ဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းနဲ့ ဝုဗ် တို့ကလည်း ဖီးလစ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့်လည်း ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ အရှိဆုံး ကတော့ အသင်းဟောင်း ဘင်ဖီကာဆီ ဖြစ်ပါတယ်။
အင်တာမီလန် ကတော့ ကိုမိုက ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် နီကိုပက်ဇ်ကို ခေါ်ယူခြင်းဖြင့် သူတို့ရဲ့ ကွင်းလယ်ပိုင်းကို ပိုပြီး အားကောင်းလာစေဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ နီကို ပက်ဇ် ကိုတော့ လာလီဂါ ကလပ်ဟောင်း ရီးရဲလ်မက်ဒရစ်က ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပါတယ်။
လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ်ဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဒန်နီရယ် ဖာကီကို ထုတ်ပယ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ယော့ခ်ရှိုင်းယား ကလပ်ကို ပိုင်ဆိုင်တဲ့ US အခြေစိုက် ပိုင်ဆိုင်မှု အဖွဲ့အစည်း ဖြစ်တဲ့ 49ers Enterprises အနေနဲ့ ဖာကီ အနေနဲ့ အသင်းကို ဆက်လက် အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်မယ့်သူ အဖြစ် သံသယ ရှိနေကြောင်း သိရပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ များပြားတဲ့ ငွေကြေးတစ်ရပ် သုံးစွဲပြီး ကြီးမားတဲ့ ကမ်းလှမ်းမှု တစ်ခုနဲ့ ဘရိုက်တန် တောင်ပံ တိုက်စစ် ကြယ်ပွင့် ကာအိုရူ မီတိုမာကို ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.