လာလီဂါအပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
လာလီဂါကလပ်ရီးရဲလ်မက်ဒရစ်ဂိုးသမားအန်ဒရီလူနင်ကိုတော့မန်ချက်စတာစီးတီးကယူရိုသန်း၂၀ (ပေါင်၁၇.၂သန်း)နဲ့ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရပါတယ်။ဒီဂိုးသမားကိုတော့မန်စီးတီးရဲ့မြို့ခံပြိုင်ဘက်ယူနိုက်တက်ကလည်းပြီးခဲ့တဲ့အပြောင်းအရွှေ့တွေကတည်းကစိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်ကလည်းဘရန့်ဖို့ဒ်အသင်းရဲ့ပေါင်သန်း၅၀တန်တိုက်စစ်မှူးအမ်ဘူအမ်မိုကိုခေါ်ယူဖို့အပြိုင်အဆိုင်ကြိုးပမ်းနေပြီးတော့ဒီကစားသမားကလည်းဘရန့်ဖို့ဒ်ကနေဒီနွေရာသီမှာထွက်ခွာဖွယ်ရှိနေသူလည်းဖြစ်ပါတယ်။
လစ်ဗာပူးလ်၊ချဲလ်ဆီးနဲ့အာဆင်နယ်တို့ကပစ်မှတ်ထားနေတဲ့ဒင်းန်ဟွတ်ဒ်ဆန်ကတော့ဘုန်းမောက်ကနေထွက်ခွာခဲ့ရင်ရီးရဲလ်မက်ဒရစ်နဲ့ဘေယန်မြူးနစ်ကိုပြောင်းရွှေ့ဖို့ထက်ပရီးမီးယားလိဂ်မှာဆက်နေလိုကြောင်းသိရပါတယ်။
လာလီဂါကလပ်ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ခ်ကတော့နီကိုဝီလီယမ်စ်ထက်ဘေယန်မြူးနစ်ကဂျမဲလ်မူဆီအာလာကိုပိုပြီးခေါ်ယူလိုနေကြောင်းသိရပါတယ်။ဘာစီလိုနာဟာနီကိုဝီလီယမ်စ်ကိုပြီးခဲ့တဲ့အပြောင်းအရွှေ့တွေကတည်းကခေါ်ယူချင်နေပေမယ့်နည်းပြဖြစ်သူဟန်ဆီဖလစ်ခ်ကတော့သူ့ရဲ့တပည့်ဟောင်းမူဆီအာလာကိုပိုပြီးသဘောကျနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ကတော့နယူးကာဆယ်ကွင်းလယ်လူဆန်ဒရိုတိုနာလီကိုခေါ်ယူဖို့ကမ်းလှမ်းမှုမှာဒေါက်ဂလပ်စ်လူးဝစ်ကိုအလဲအလှယ်အဖြစ်ထည့်သွင်းအသုံးချသွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။
ဘေယန်မြူးနစ်ရဲ့ဝါရင့်တိုက်စစ်မှူးကြီးသောမက်စ်မူလာကိုဖီအိုရင်တီးနားကအံ့အားသင့်ဖွယ်ခေါ်ယူဖို့ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်းသိရပါတယ်။
လစ်ဗာပူးလ်၊မန်ချက်စတာစီးတီးနဲ့ဘေယန်မြူးနစ်တို့ကစိတ်ဝင်စားနေတဲ့လိုက်ပ်ဇစ်ကွင်းလယ်လူဇာဗီဆိုင်မွန်ကိုယူနိုက်တက်ကခေါ်ယူလိုနေပါတယ်။ဒါပေမယ့်လည်းယူနိုက်တက်အနေနဲ့လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုရင်ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့လိုအပ်နေသလိုဒီအချက်ကလည်းဇာဗီဆိုင်မွန်ကိုခေါ်ယူနိုင်ဖို့အရေးကြီးတဲ့အခြေအနေဖြစ်ပါတယ်။
အက်စတွန်ဗီလာဗဟိုနောက်ခံလူပါအူတောရက်စ်ကတော့လာလီဂါကလပ်ရီးရဲလ်မက်ဒရစ်ရဲ့ပစ်မှတ်အဖြစ်ပေါ်ထွက်လာခဲ့ပြီလို့သိရပါတယ်။ရီးရဲလ်မက်ဒရစ်ဟာစပိန်သားရဲ့နည်းဗျူဟာပိုင်းကိုနားလည်မှု၊ဘောလုံးကိုတည်ငြိမ်စွာကစားနိုင်မှုနဲ့ခေါင်းဆောင်မှုစွမ်းရည်တွေကြောင့်ချန်ပီယံလိဂ်၁၅ကြိမ်ချန်ပီယံတွေကိုအထင်ကြီးလေးစားစေခဲ့တယ်လို့လည်းသိရပါတယ်။
နယူးကာဆယ်ကလည်းတော့တင်ဟမ်ဟော့စပါးနှင့်ဝက်စ်ဟမ်းတို့ကစိတ်ဝင်စားနေတဲ့အေစီမီလန်ဗဟိုနောက်ခံလူမလစ်ခ်သီယောကိုစိတ်ဝင်စားနေဆဲဖြစ်ကြောင်းသိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.