နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂိုရဲ့ အပြောင်းအရွှေ့ အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ မန်စီးတီးနဲ့ လစ်ဗာပူးလ် | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် တောင်ပံ တိုက်စစ် ကစားသမား ရိုဒရီဂိုရဲ့ သတင်းတွေ ကတော့ ဒီနွေရာသီ မှာတော့ အချိန်တိုင်း လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။ အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်လည်း ရိုဒရီဂို အနေနဲ့ မက်ဒရစ် ကလပ်မှာ အနာဂတ် လုံးဝ ပျောက်ဆုံးနေပြီ ဆိုတာ သေချာသွားတာကြောင့် သူ့ကို ရောင်းထုတ်ပေးဖို့ အတွက် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ကို တောင်းဆိုတဲ့ အထိပါ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

တစ်ဖက် မှာလည်း ဘရာဇီးလ် တောင်ပံ တိုက်စစ် ကစားသမားကို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ် တို့က ပြင်းပြင်းထန်ထန် စိတ်ဝင်စားနေပြီး အသင်း ပြောင်းရွှေ့ဖို အခြေအနေတွေ နီးစပ်နေပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဇာဘီ အလွန်ဆို လက်ထက်မှာ ဘရာဇီးလ် ကြယ်ပွင့်ရဲ့ အခြေအနေက ပိုမိုဆိုးရွားလာခဲ့ပြီး အင်္ဂါနေ့က ကစားခဲ့တဲ့ အိုဆာဆူနာနဲ့ လာလီဂါ အဖွင့် ပွဲစဉ် မှာလည်း အရံခုံ ထိုင်ခဲ့ရပါတယ်။ အိုဆာဆူနာနဲ့ ပွဲမှာ ရိုဒရီဂိုကို အရံခုံမှာ ချန်ထားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ နည်းပြ အလွန်ဆိုက “ရိုဒရီဂိုနဲ့ ပတ်သက်ပြီး ဘာမှမဖြစ်ပါဘူး။ ကျွန်တော် သူ့ကို အားကိုးပါတယ်။ ဒါက ပွဲတစ်ပွဲ အတွက် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် သက်သက်ပါပဲ။” လို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။

သတင်းတွေ အရ ဆိုရင် ရိုဒရီဂိုဟာ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာပြီးနောက် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို အလွန် နီးစပ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် သူ့ကို ခေါ်ယူဖို့ အတွက် လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ နှစ်သင်းတည်း အဓိက အပြိုင်အဆိုင် ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။ အစောပိုင်းမှာ အာဆင်နယ်က ရိုဒရီဂိုကို အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဘယ်တောင်ပံကို အားဖြည့်ချင်နေတဲ့ အာဆင်နယ်က ရိုဒရီဂိုကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ အလိုရှိနေတာကြောင့် အာဆင်နယ် အနေနဲ့ အငှားနဲ့ ခေါ်ယူဖို့သာ ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက အာဆင်နယ်က လက်ရှိမှာ ကိုင်ဟာဗက်ဇ် ဒဏ်ရာရရှိသွားခြင်းနဲ့ အတူ ပဲလေ့စ်က အီဘာရီချီ အီးဇီးကို ခေါ်ယူခဲ့သလို ဒီအပြောင်းအရွှေ့ကို ကစားသမား ၇ ဦးနဲ့ပဲ အဆုံးသတ်ဖို့ပဲ များနေခဲ့ပြီ ဖြစ်ပါတယ်။

ရိုဒရီဂိုဟာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးပါတယ်။
အသင်း ကနေ ရောင်းထုတ်ပေးဖို့ပါ တောင်းဆိုထားတဲ့ ရိုဒရီဂို

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဘရာဇီးလ် ကြယ်ပွင့်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေပေမယ့် ဒီအပြောင်းအရွှေ့ဟာ သူတို့ရဲ့ ကစားသမား ဆာဗင်ဟို အနေနဲ့ တော့တင်ဟမ်ဟော့စပါးဆီ ပြောင်းရွှေ့သွားမှသာ ဖြစ်မြောက်နိုင်ဖွယ် ရှိနေပါတယ်။ တစ်ဖက် မှာလည်း လစ်ဗာပူးလ်က ဒီနွေရာသီ အစောပိုင်းမှာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားတဲ့ လူးဝစ္စ ဒီးယက်ဇ်ရဲ့ နေရာမှာ တိုက်ရိုက် အစားထိုးဖို့ အတွက် ရိုဒရီဂိုကို ပစ်မှတ်ထားကာ အပြောင်းအရွှေ့ထဲ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း လစ်ဗာပူးလ်က အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူဖို့ အတွက် များစွာသော ပြောင်းရွှေ့ကြေးတွေကို အသုံးပြုရဖို့ ရှိနေသေးတာကြောင့် ရိုဒရီဂိုကို ခေါ်ယူပါ့မလား ဆိုတာ စဉ်းစားစရာပါ။

ရိုဒရီဂိုဟာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးပါတယ်။ ကလပ် ဘက်ကတော့ သူတို့ရဲ့ တောင်းဆိုကြေး ယူရို သန်း ၁၀၀ မရရင် ကစားသမားကို ရောင်းထုတ်ဖို့ အလျင်စလို ရှိမနေကြောင်း ကိုလည်း ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်။ ဒီတော့ ရိုဒရီဂို အနေနဲ့ သူပြောင်းရွှေ့ချင်တဲ့ ပရီးမီးယားလိဂ် ကိုပဲ ရောက်ရှိမလား။ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ် မှာပဲ အရန်ခုံထိုင်ရင်း ဆက်ရှိနေရမလား ဆိုတာ မကြာခင် အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်