နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာမှာ တစ်ပတ်လုပ်ခ ပေါင် ၈၀၀၀၀ သာ ယူပြီး ကစားပေးမယ့် မားကပ်စ် ရက်ရှ်ဖို့ဒ် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ဒီနွေရာသီမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေခဲ့တာ ဖြစ်ပြီး အခုနောက်ဆုံး မှာတော့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို မန်ချက်စတာယူနိုက်တက် ဘက်က လက်ခံခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ရက်ရှ်ဖိုဒ်ရဲ့ အငှား အပြောင်းအရွှေ့မှာ ယူရို ၃၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်လည်း ပါ၀င် ပြီးတော့ ကစားသမား အနေနဲ့ အခုတစ်ပတ် အစောပိုင်းမှာ ဘာစီလိုနာနဲ့ ဆေးစစ်မှု ခံယူဖို့လည်း ရှိနေပါတယ်။ အဲဒီနောက် မှာတော့ အသက် ၂၇ နှစ် အရွယ် တောင်ပံ တိုက်စစ် ကစားသမားက လာလီဂါ ကလပ်ရဲ့ ရာသီကြို ခရီးစဉ်ကို လိုက်ပါမှာ ဖြစ်ကြောင်း သိရပါတယ်။

ရက်ရှ်ဖို့ဒ် အနေနဲ့ ကာလအတန်ကြာ ပျောက်ဆုံးနေတဲ့ သူ့ရဲ့ ယုံကြည်ချက်တွေ၊ ခြေစွမ်းတွေကို လာလီဂါ ကလပ်နဲ့ အတူ ပြန်လည် ရှာတွေ့နိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ထူးထူးခြားခြား တောင်းဆိုမှု မလုပ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်

သတင်းတွေအရ ဆိုရင် ဘာစီလိုနာ အနေနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ လစာငွေ ပေါင် ၁၂ သန်း ကိုလည်း အပြည့်အဝ ပေးချေဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ တစ်ပတ် လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိနေခဲ့ပေမယ့် သူ့ရဲ့ အိမ်မက် ကလပ် ဖြစ်တဲ့ ဘာစီလိုနာ မှာတော့ တစ်ပတ် လုပ်ခ ပေါင် ၈၀၀၀၀ အထိ လျှော့ချ ရယူသွားမယ်လို့လည်း သိရပါတယ်။ တကယ်တော့ ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒေကို တို့ဟာ ရက်ရှ်ဖို့ဒ်ထက် လစ်ဗာပူးလ်က လူးဝစ္စ ဒီးယက်ဇ်၊ ဘီလ်ဘာအိုက နီကို ဝီလီယမ်စ်နဲ့ လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်၊ အတ္တလန္တာက အဒမ်မိုလာ လွတ်ခ်မန်း တို့ကို ပိုမို ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကတ်တာလန် ကလပ်ဟာ နောက်ဆုံးမှာတော့ သူတို့ အတွက် Plan B အပြောင်းအရွှေ့ အဖြစ် သတ်မှတ်ထားတဲ့ ရက်ရှ်ဖို့ဒ်ကိုပဲ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားရဲ့ ကတ်တာလန် ကလပ်ဆီ ပြောင်းရွှေ့ချင်တဲ့ ဆန္ဒ တစ်ခုတည်းနဲ့ ဘာစီလိုနာက ခေါ်ယူခဲ့တာ ဖြစ်ပြီး နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ်နဲ့ စကားပြောဆို အပြီးမှာ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ယိုအန် လာပေါ်တာနဲ့ ဒေကို အပေါ် ယုံကြည်မှု အပြည့်ရှိခဲ့ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ရင် သေချာပေါက် မှတ်ပုံတင်ခွင့် ရရှိရမယ် ဆိုတဲ့ တခြားကစားသမားတွေရဲ့ တောင်းဆိုချက်မျိုးကို ရက်ရှ်ဖို့ဒ် အနေနဲ့ တောင်းဆိုခြင်း မပြုခဲ့ဘူးလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက် ငယ်မွေး ခြံပေါက် ကစားသမားဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး အင်္ဂလန် မှာပဲ ကစားခဲ့သူ ဖြစ်ပေမယ့် လက်ရှိ မှာတော့ နယ်မြေသစ် တစ်ခုဆီ ခြေဆန့်တော့မှာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်မှာ ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် စတင် ပွဲထွက်ခွင့် ရခဲ့ပြီးတော့ လက်ရှိ အချိန်ထိ ပွဲပေါင်း ၄၂၆ ပွဲကျော် ကစားထားကာ ၁၃၈ ဂိုး သွင်းယူထားပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ ကာလအတန်ကြာ ပျောက်ဆုံးနေတဲ့ သူ့ရဲ့ ယုံကြည်ချက်တွေ၊ ခြေစွမ်းတွေကို လာလီဂါ ကလပ်နဲ့ အတူ ပြန်လည် ရှာတွေ့နိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်