ရီးရဲလ်မက်ဒရစ်ရဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ ၂၁ ရာစု အတွင်း အဲလ်ကလက်ဆီကို ဒါဘီ ၄ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာကို အမ်ဘာပေး၊ ဘယ်လင်ဟမ် တို့ရဲ့ ဂိုးတွေနဲ့ ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒီပွဲ မတိုင်ခင် ဘာစီလိုနာနဲ့ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်စလုံး ရှုံးနိမ့်ထားခဲ့တာပါ။ ဒါကို နည်းပြ ဇာဘီ အလွန်ဆို အနေနဲ့ သူ့ရဲ့ နည်းပြဘဝ ပထမဦးဆုံး အဲလ်ကလက်ဆီကို ဒါဘီမှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ချိန်တိုင်း ရှုံးနိမ့်နေရမှုကို ရပ်တန့်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ် အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် အခုလို မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး သူ့ အရင် ၄ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သူတွေ ကတော့ ရော်နယ်ဒင်ဟိုနဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ရော်နယ်ဒိုဟာ ၆ ပွဲ ဆက်တိုက် စုစုပေါင်း ၇ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာ ကစားသမားဟောင်း ရော်နယ်ဒင်ဟို ကတော့ ၄ ပွဲ ဆက်တိုက် စုစုပေါင်း ၅ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

အမ်ဘာပေး ကတော့ ၄ ပွဲ ဆက်တိုက် ၆ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ပထမဦးဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲလ်ကလက်ဆီကို ပွဲက လွဲရင် ကျန်တဲ့ ၄ ပွဲ စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သမိုင်းတလျှောက် ဆိုရင်တော့ အဲလ်ကလက်ဆီကိုမှာ ၄ ပွဲဆက် ဂိုးသွင်းနိုင်တဲ့သူ ၇ ဦး ရှိပါတယ်။ ဇာမိုရာနို၊ ဗင်းဆင့်တေး မာတီနက်ဇ်၊ ဆိုင်မွန် လီကူးနဲ့ ဂျီယိုဗန်နီ တို့က ၂၁ ရာစု မတိုင်ခင် သွင်းယူခဲ့နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
အမ်ဘာပေးရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော် ဘယ်လင်ဟမ် ကလည်း မနေ့က ပွဲမှာ ၁ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီးနိုင်ခဲ့တာကြောင့် ၂၁ ရာစု အတွင်း အဲလ်ကလက်ဆီကိုမှာ အခုလို စွမ်းဆောင်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် (၂၂ နှစ်၊ ၁၁၉ ရက်) နဲ့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ပွဲအပြီးမှာ အမ်ဘာပေးက ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပေမယ့် တကယ်တမ်း ပိုကောင်းခဲ့တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တာက ဂျူ့ဒ် ဘယ်လင်ဟမ် ဖြစ်ပါတယ်။ သူ့ရဲ့ ဘာစီလိုနာ ခံစစ်ကြောင်းကို ထိုးဖောက် ပေးပိုမှုတွေက တော်တော်လေး ထိရောက် ကောင်းမွန်ခဲ့တာပါ။ ရီးရဲလ်ရဲ့ ပထမ ဦးဆောင်ဂိုး အတွက် ပံ့ပိုးမှု၊ အနိုင်ဂိုး ဖြစ်လာစေမယ့် ဒုတိယ သွင်းဂိုး အပြင်၊ ဆက်ဇီနီ ကာကွယ်သွားတဲ့ ပယ်နယ်တီ ကလည်း သူ့ရဲ့ ထိုးဖောက်မှုကြောင့်ပဲ ရခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ အမှတ်ပေးဇယား ထိပ်ကနေ အဆင့် ၂ နေရာက ဘာစီလိုနာကို ၅ မှတ်ဖြတ် ဦးဆောင်လိုက်နိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ပွဲစဉ်တွေ အဖြစ် ဗလင်စီယာ၊ လစ်ဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ဘာစီလိုနာ ကတော့ အဲလ်ချီ၊ ကလပ် ဘရုဂေး တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


