အခုတစ်ခါ မှာတော့ ဒီနေ့ အတွက် နောက်ဆုံး ရရှိတဲ့ လာလီဂါရဲ့ ထိပ်တန်း အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ နည်းပြသစ် ဇာဘီ အလွန်ဆို ဒီနွေရာသီမှာ သုံးစွဲဖို့ ယူရို သန်း ၂၀၀ (ဒေါ်လာ ၂၂၂.၉ သန်း) ပေးအပ်မယ်လို့ Fichajes က ဖော်ပြခဲ့ပါတယ်။ အလွန်ဆိုရဲ့ ပစ်မှတ်တွေထဲ မှာတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ ဗစ်တင်ညာ ပါဝင်နေပါတယ်။ ဒီကစားသမား ကိုတော့ ယူရိုသန်း ၁၁၀ (ဒေါ်လာ ၁၂၂.၆ သန်း) နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ရီးယဲလ်မက်ဒရစ်ရဲ့ နောက်ထပ် ပစ်မှတ် ကစားသမား တစ်ဦး ကတော့ လစ်ဗာပူးလ် ကွင်းလယ်လူ အလက်ဆစ် မက် အလစ္စတာ လည်း ပါဝင်နေကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ အလွန်ဆို အနေနဲ့ ရည်မှန်းချက် ကြီးမားတဲ့ အပြောင်းအရွှေ့ကို ကြိုးစား လုပ်ဆောင်ဖို့ အတွက် အန်ဖီးလ်မှာ ရှိတဲ့ သူ့ရဲ့ အဆက်အသွယ်တွေကို အသုံးချဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ အနေနဲ့ အာဆင်နယ်နဲ့ သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အတွက် ရွေးချယ်စရာ တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း AS က ဖော်ပြခဲ့ပါတယ်။ စပိန်လက်ရွေးစင် ကစားသမား ကတော့ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ်မှာ လက်မှတ် ရေးထိုးရခြင်း မရှိသေးတာကြောင့် အလွန်ဆို အနေနဲ့ ဒီကစားသမားကို စွဲဆောင်နိုင်ဖို့ မျှော်လင့်လျက် ရှိနေပါတယ်။
ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် လက်အောက်မှာ ပွဲချိန် အကန့်အသတ်နဲ့ ကစားနေရတဲ့ ဂါဗီ ကိုတော့ အက်တလက်တီကိုမက်ဒရစ်က စိတ်ဝင်စားနေကြောင်း Fichajesက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ချန်ပီယံတို့ ကတော့ စပိန် ကြယ်ပွင့်ကို ရောင်းထုတ်လိုခြင်း မရှိပဲ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိမှာသာ လက်လွှတ်သွားဖွယ် ရှိနေပါတယ်။

ရီးရဲလ်ဘက်တစ် ကတော့ ဒီရာသီမှာ အငှားနဲ့ ခေါ်ယူထားတဲ့ အန်တိုနီကို ဆက်ထိန်းထားနိုင်ဖို့ ရုန်းကန်နေရတယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။ အန်တိုနီကို တခြားသော လာလီဂါ ကလပ် ဖြစ်တဲ့ ဗီလာရီးရဲလ် ကလည်း စိတ်ဝင်စားနေကြောင့် ယူနိုက်တက်ထံ အကြောင်းကြားထားကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာကို အပြီးသတ် ခေါ်ယူဖို့ တိုက်တွန်းထားကြောင်း Defensa Central က ဖော်ပြခဲ့ပါတယ်။ နာမည်ကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သားဖြစ်သူ ဂျူနီယာက အသက် ၁၄ နှစ် အရွယ်သာ ရှိနေသေးပြီး ယူနိုက်တက်နဲ့ စပါး တို့က ကင်းထောက်တွေ စေလွှတ် စောင့်ကြည့်နေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဒင်းန် ဟိုက်ဆန်ကို ခေါ်ယူနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အေဂျက်စ် နောက်ခံလူ ဂျော်ရယ်လ် ဟာတိုကို အာရုံစိုက်လာကြောင်း TBR Football က ဖော်ပြခဲ့ပါတယ်။ အသက် ၁၉ နှစ် အရွယ် ဒီကစားသမားဟာ လက်ရှိ ဥရောပဘောလုံးလောကရဲ့ ထိပ်တန်း ခံစစ်မှူး တစ်ဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။ သူ့ကိုတော့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရှိနေတဲ့ ချဲလ်ဆီး ကလည်း စိတ်ဝင်စားနေကြောင်း ဖာဘရီဇီယို ရိုမာနို ကလည်း အတည်ပြုထားပါတယ်။
ဘာစီလိုနာ ကတော့ ဒီနွေရာသီမှာ ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ စိတ်မဝင်စားပဲ အက်သလက်တီကိုမက်ဒရစ်က ဟူလီယန် အဲလ်ဗာရက်ဇ် အတွက် အနာဂတ်မှာ ကြီးမားတဲ့ အပြောင်းအရွှေ့ တစ်ခု စီစဉ်နေကြောင်း El Nacional က ဖော်ပြပါတယ်။ ဘာဆာ ဥက္ကဌ ယိုအန် လာပေါ်တာက ကမ္ဘာ့ဖလားဆုရှင်ကို ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုး ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.