စက်တင်ဘာ ၂၄ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် တောင်ပံ ကစားသမား မိုက်ကယ် အိုလစ်ဆီ ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို အနာဂတ် အသင်း အဖြစ် သတ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြင်သစ်သားကို လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
တစ်ဖက် မှာလည်း ကွင်းလယ်လူ ကော်နာ ဂယ်လာဂါ ကတော့ အက်တလက်တီကိုမက်ဒရစ် ကနေ ထွက်ခွာဖွယ် ရှိနေကြောင်း သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က အင်္ဂလန်သားကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြပေမယ့် ယူရို သန်း ၆၀ (ပေါင် ၅၂.၄ သန်း) ကျော် ပေးချေရဖို့တော့ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဗင်နီးစီးယပ်စ် အနေနဲ့ သူ့ရဲ့ တောင်းဆိုချက်တွေကို မလျှော့ရင်တော့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဗင်နီ ကိုယ်တိုင် ကတော့ ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေလိုပေမယ့် ကလပ်ရဲ့ လုပ်ခလစာ အများဆုံး ရတဲ့ ကစားသမား ဖြစ်လိုနေတာကြောင့် စာချုပ်သစ် ကိစ္စက ကြန့်ကြာမှုတွေ ရှိနေပါတယ်။

ဘာစီလိုနာ ကတော့ ဝါရင့်တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ အလားအလာ မရှိကြောင်း သိရပါတယ်။ ဒီအချိန်မှာ ဘာဆာက အက်တလက်တီကိုမက်ဒရစ်မှာ မပျော်ရွှင် ဖြစ်နေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ အစားထိုးလိုနေကြောင်းလည်း သိရပါတယ်။
တစ်ဖက်မှာလည်း ဖရန့်ကီ ဒီယောင် ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာနဲ့ ၄ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒီယောင်နဲ့ ဘာစီလိုနာ တို့ဟာ စာချုပ်သစ် ကိစ္စ အတွက် ဆွေးနွေးနေခဲ့တာ အချိန် တော်တော်လေး ကြာမြင့်နေပြီ ဖြစ်ပြီး နောက်ဆုံး မှာတော့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် သတင်း တစ်ပုဒ် အနေနဲ့ အင်္ဂလန် ဘောလုံးလိဂ် (EFL) ဘုတ်အဖွဲ့ဟာ ပရီးမီးယားလိဂ် တန်းတက်ခွင့် အတွက် လိဂ်ချန်ပီယံရှစ် Play-offs ယှဉ်ပြိုင်ကစားမှုကို အသင်း အရေအတွက် တိုးမြှင့်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ လက်ရှိ ပုံစံ ကတော့ လိဂ်ချန်ပီယံရှစ် ပြိုင်ပွဲမှာ ထိပ်ဆုံး ရပ်တည်မှု ရရှိတဲ့ နှစ်သင်းက ပရီးမီးယားလိဂ်ကို တိုက်ရိုက် တန်းတက်ခွင့် ရရှိပြီး အဆင့် ၃ နေရာ ကနေ အဆင့် ၆ နေရာ အထိ ရပ်တည်ခဲ့တဲ့ အသင်း ၄ သင်းက Play-offs ယှဉ်ပြိုင်ကစားပြီးမှ ဗိုလ်စွဲတဲ့ အသင်း တန်းတက်ခွင့် ရရှိတာ ဖြစ်ပါတယ်။ လက်ရှိမှာ EFL ရဲ့ ဘုတ်အဖွဲ့က အဆင့် ၃ ကနေ အဆင့် ၈ နေရာ ရရှိတဲ့ အသင်း အထိ စုစုပေါင်း အသင်း ၆ သင်းကို Play-offs ယှဉ်ပြိုင် ကစားစေဖို့ ဆွေးနွေးနေခြင်း ဖြစ်ပြီး ဒီရာသီမှာတော့ အရင်ပုံစံ အတိုင်း အဆင့် ၃ ကနေ အဆင့် ၆ အထိသာ ယှဉ်ပြိုင် ကစားရမယ်လို့ သိရပါတယ်။
ရီးရဲလ်ဘက်တစ် ဥက္ကဋ္ဌ အိန်ဂျယ် ဟာရိုက စပိန်တိုက်စစ် ကစားသမား အစ္စကို ကစားသမား ဘဝက အနားယူချိန် အထိ စီစဉ်ထားတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဘက်တစ်ဟာ အစ္စကိုကို ၂၀၂၃ နွေရာသီမှာ ဆီဗီလာ ကနေ တစ်နှစ် စာချုပ်နဲ့သာ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် အဲဒီနှစ် ဒီဇင်ဘာလ မှာပဲ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးခဲ့တာပါ။ ဘက်တစ်က အသက် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ အစ္စကိုကို သက်တမ်းတိုး စာချုပ် ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီး ကစားသမား ဘဝကို ဘက်တစ် မှာပဲ အဆုံးသတ်စေဖို့လည်း ဥက္ကဋ္ဌ ဟာရိုက ဆန္ဒရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.