အခုတစ်ခါမှာတော့ နိုဝင်ဘာ ၄ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ သူ့ရဲ့ အမြင်ကို မန်နေဂျာ ဇာဘီ အလွန်ဆိုနဲ့ ဆွေးနွေးခဲ့ပါတယ်။ လက်ရှိမှာ ကလပ်နဲ့ ကစားသမား အကြားမှာ သဘောထားကွဲလွဲမှုတွေ မြင့်တက်လာနေပေမယ့်လည်း အလွန်ဆို အနေနဲ့ ဘရာဇီးလ်သားကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားလိုပြီး လက်ရှိ အခြေအနေတွေကို ပြင်ဆင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာနိုင်ချေ ရှိနေတဲ့ နောက်ထပ် တောင်ပံကစားသမား တစ်ဦး ကတော့ ရိုဒရီဂို ဖြစ်ပါတယ်။ ဘရာဇီးလ်သားဟာ ပွဲချိန် အကန့်အသတ်နဲ့ ကစားနေရတဲ့ အပေါ် စိတ်ပျက်နေတာကြောင့် လာမယ့် ဇန်နဝါရီလမှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ကစားသမားရဲ့ ကိုယ်စားလှယ်တွေ ကတော့ အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါး နှစ်သင်းစလုံးနဲ့ ဆွေးနွေးထားတယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ လီဗန်တေး တိုက်စစ်မှူး ကားလ် အက်တာ အီယွန်ရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း အသက် ၂၂ နှစ်အရွယ် ကစားသမား ကတော့ ဘာစီလိုနာကို ပိုမို ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။

ဟန်ဆီ ဖလစ်ခ် ကတော့ ရာသီကုန်မှာ အငှားစာချုပ် သက်တမ်း ကုန်ဆုံးမယ့် မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အသင်းမှာ ဆက်လက်ထားရှိဖို့ “အလွန်အမင်း”ဆန္ဒရှိနေပေမယ့်လည်း ကလပ် ဘက်ကတော့ ဘဏ္ဍာရေး အခြေအနေကြောင့် ညှိနှိုင်း ဆွေးနွေးမှု များစွာ ပြုလုပ်ရဖို့ ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ် ကိုယ်တိုင် ကလည်း လာလီဂါ ကလပ်မှာပဲ ဆက်ရှိနေကြောင်း ဖွင့်ဟထားပါတယ်။
၂၀၂၅ FIFPRO အမျိုးသား အကောင်းဆုံး အသင်း စာရင်း ထွက်ပေါ်လာပြီး ပရီးမီးယားလိဂ်က ကစားသမား ပါဝင်မှု အရေအတွက် သိသိသာသာ ကျဆင်းသွားပါတယ်။ အခုစာရင်းကို နိုင်ငံပေါင်း ၆၈ နိုင်ငံက ပရော်ဖက်ရှင်နယ် ဘောလုံးသမား စုစုပေါင်း ၂၀,၀၀၀ ကျော်က မဲပေးရွေးချယ်တာ ဖြစ်ပြီး မနှစ်ကထက် ဒီနှစ် စာရင်းမှာ ပရီးမီးယားလိဂ် ကစားသမား ၂ ဦး လျော့ကျသွားပါတယ်။ FIFPRO အကောင်းဆုံး အသင်း စာရင်း မှာတော့ လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ်၊ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ် ပါးလ်မား၊ မန်စီးတီး ဂိုးသမား ဂျီယန် လူဝီဂျီ ဒွန်နာရူးမားတို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီစာရင်းမှာ ပီအက်စ်ဂျီက ကစားသမား ၅ ဦးနဲ့ အများဆုံး ပါဝင်ခဲ့ပါတယ်။
ရိုးမားရဲ့ တိုက်စစ် ကစားသမား ပေါ်လို ဒီဘားလားရဲ့ ရာနှုန်းပြည့် ပယ်နယ်တီ ကန်သွင်းယူနိုင်မှု မှတ်တမ်းကောင်း ကတော့ အေစီမီလန်နဲ့ ပွဲမှာ အဆုံးသတ်သွားခဲ့ပါတယ်။ အသက် ၃၁ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဒီဘားလားဟာ ရိုးမားကို စတင် ရောက်ရှိခဲ့တဲ့ ၂၀၂၂ ခုနှစ် ကနေ စလို့ ပယ်နယ်တီ အကြိမ်တိုင်း ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့ပြီး အေစီမီလန်နဲ့ ပွဲမတိုင်ခင် ပယ်နယ်တီ ၁၈ ကြိမ် ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အေစီမီလန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အဲဒီ စီးရီးအေပွဲမှာ ဒုတိယပိုင်း ၈၂ မိနစ်မှာ ရိုးမားတို့ ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး ဒီဘားလားက ကန်သွင်းခဲ့ပေမယ့် အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီဘားလားဟာ ပယ်နယ်တီ မဝင်တဲ့အပြင် ဒဏ်ရာပါ ရရှိခဲ့ပြီး မိနစ်ပိုင်း အကြာမှာပဲ လူစားလဲခံခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
							
									
				

