လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ညီဖြစ်သူ ဂျုပ်ဘ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၁၉ နှစ် အရွယ် ဆန်းဒါးလန်း ကွင်းလယ်လူ ကိုတော့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း စိတ်ဝင်စားနေပြီးတော့ ရီးရဲလ်မက်ဒရစ်က လက်ဦးမှု ရယူပြီး ခေါ်ယူသွားချင်နေတာ ဖြစ်ကြောင်း Defensa Central က ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖွယ် ရှိတဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ ရိုဒရီဂို ဖြစ်နေပါတယ်။ ဘရာဇီးလ် တောင်ပံ ကြယ်ပွင့် ကိုတော့ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး တို့က နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆက်သွယ်နေကြပြီလို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ရိုဒရီဂိုက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မချခင် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာမယ့်သူနဲ့ ဆွေးနွေးဖို့ စောင့်ဆိုင်းနေကြောင်း TBR Football က ဖော်ပြပါတယ်။
အာလင်း ဟာလန်း ကတော့ ရီးရဲလ်မက်ဒရစ်ထက် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေပြီး ၂၀၂၆ ခုနှစ်မှာ အပြောင်းအရွှေ့ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ လာလီဂါ ထိပ်သီး တို့ဟာ ဟာလန်းနဲ့ မန်စီးတီးတို့ သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၇၅ သန်း (ပေါင် ၁၄၈.၂ သန်း) ကို ပေးချေဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

တစ်ဖက် မှာလည်း မန်စီးတီးက ဟာလန်းရဲ့ နေရာမှာ အစားထိုးဖို့ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အကယ်၍ မန်စီးတီးသာ ဒီကစားသမားကို ခေါ်ယူမယ် ဆိုရင်တော့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့နဲ့ အပြိုင် ကြိုးပမ်းရမှာ ဖြစ်ကြောင်း ဂျာမန် သတင်းစာ BILD က ဖော်ပြပါတယ်။
ဘာစီလိုနာ ကတော့ ပေါ်တို တိုက်စစ်မှူး ဆာမူ အက်ဂီဟိုဝါကို အသက်အရွယ်ရလာတဲ့ ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ စဉ်းစားနေပါတယ်။ ဒီစပိန်လူငယ် တိုက်စစ်မှူးလေး ကိုတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကလည်း အလိုရှိနေပါတယ်။
ချဲလ်ဆီးနဲ့ ယူနိုက်တက် တို့ကတော့ အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဟွမ် ဟာနန်ဒက်ဇ်ကို လာမယ့် နွေရာသီမှာ အကြီးတန်း ကစားသမား အဖြစ် သက်တမ်း မတိုးမီ ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဒီကစားသမား အတွက် ကိုတော့ ပေါင် ၅ သန်း တန်ကြေးနဲ့ စာချုပ် ချုပ်ဆို နိုင်ဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ကြောင်း Sky Sports က ဖော်ပြပါတယ်။
ဘာစီလိုနာ ကတော့ ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီ အော်လမိုကို အံ့အားသင့်ဖွယ် ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ယူရို သန်း 70 (ပေါင် ၅၉.၅ သန်း) နဲ့ စတင် ကမ်းလှမ်းမှသာ နားထောင်သွားမယ်လို့ သိရပါတယ်။
နယူးကာဆယ် ကတော့ အခု နွေရာသီမှာ အလွတ် အေးဂျင့် ဖြစ်လာမယ့် ဂျိုနသန် တာ့ရ်ကို အကောင်းဆုံး ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒီဂျာမန် လက်ရွေးစင် နောက်ခံလူ ကိုတော့ မန်ချက်စတာယူနိုက်တက်က စောင့်ကြည့်နေပြီး ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ နှစ်သင်းစလုံး ကလည်း အပြင်းအထန် ချိတ်ဆက်မှုတွေ ရှိနေကြောင်း The Sun က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.