နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယိုကီးရက်စ်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ပယ်ချခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ ရောဘတ်ဆန် မရရင် ဒစ်ဂ်နီးကို ခေါ်ယူသွားမယ့် အက်တလက်တီကိုမက်ဒရစ် | လာလီဂါ

ဇွန်လ ၁၈ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ပယ်ချခဲ့ကြောင်း The Athletic က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ အထောင်တိုက်စစ်မှူးစစ်စစ် လိုအပ်နေပေမယ့်လည်း အရန် ကစားသမား အဖြစ် ကစားနိုင်မယ့်သူကို အလိုရှိနေတာကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ယိုကီးရက်စ်ဟာ ဒီနွေရာသီမှာ စပို့တင်း ကနေ သေချာပေါက် ထွက်ခွာမှာ ဖြစ်ပြီး အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက် တို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေဦးမှာ ဖြစ်ကာ ဘယ်အသင်းကို ပြောင်းရွှေ့သွားမလဲ ဆိုတာတော့ လာမယ့် ရက်ပိုင်း အတွင်းမှာ သိရဖို့ ရှိနေပါတယ်။

ဘာစီလိုနာ ကတော့ မိုနာကို နောက်ခံလူ ဗန်ဒါဆန်ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကောင်း UOL က ဖော်ပြခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါး ကလည်း ယူရို ၃၅ သန်း (ပေါင် ၂၉.၈ သန်း) တန်ကြေး ရှိတဲ့ ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

လစ်ဗာပူးလ် ကတော့ ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေးကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိနေပေမယ့်လည်း ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို နွေရာသီ တစ်ခုလုံး စောင့်ဆိုင်းမှာ မဟုတ်ကြောင်း Football Insider က ဖော်ပြပါတယ်။ ကြိုးကြာနီတွေဟာ ကိုနာတေးကို လာမယ့် နှစ်မှာ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာကို စိုးရိမ်နေတာကြောင့် လာမယ့် ရက်သတ္တပတ်တွေ အတွင်း ရောင်းထုတ်သွားဖွယ်လည်း ရှိနေပါတယ်။ 

လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ လစ်ဗာပူးလ် ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ကို ခေါ်ယူဖို့ အစောပိုင်းမှာ ကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။
ရော်ဘတ်ဆန်ကို မရမှ ဒစ်ဂ်နီးကို ကြိုးပမ်းသွားမယ့် အက်တလက်တီကိုမက်ဒရစ်

လစ်ဗာပူးလ်ရဲ့ အတွင်းပိုင်းက လာတဲ့ သတင်းတွေ အရ ကိုနာတေးဟာ လာမယ့် နှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေပြီ ဖြစ်ကြောင်း Defensa Central က ထပ်လောင်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ ပြင်သစ်သားရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမား ရှာဖွေရာမှာ အချိန်ပေးရမှာကို စိုးရိမ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ လစ်ဗာပူးလ် ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ကို ခေါ်ယူဖို့ အစောပိုင်းမှာ ကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ တီကိုက လူးကပ်စ် ဒစ်ဂ်နီးကို ခေါ်ယူဖို့ အက်စတွန်ဗီလာထံ ဆက်သွယ်နေပြီလို့လည်း သိရပါတယ်။ အက်တလက်တီကိုဟာ ရောဘတ်ဆန်ရဲ့ အပြောင်းအရွှေ့ မဖြစ်နိုင်ပါက ပြင်သစ် နောက်ခံလူကို အလားအလာ ရှိတဲ့ အစားထိုး ခေါ်ယူမှု အဖြစ် ရှုမြင်ထားတာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ အာဂျင်တီးနား ကလပ် အင်ဒီပန်ဒီရန်တီမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ရက်ဘူးလ် ဘရာဂန်တီနို နောက်ခံလူ ကီဗင် လိုမိုနာကိုကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ အသက် ၂၃ နှစ် အရွယ် အာဂျင်တီးနားသား ကတော့ စွမ်းဆောင်ရည် ကောင်းတွေ ပြသနေပေမယ့် လက်ရှိမှာ ဈေးကွက် တန်ကြေး ပေါင် ၄ သန်း နီးပါးသာ ရှိတာကြောင့် ဘာစီလိုနာ အတွက် စဉ်းစားစရာ ဖြစ်လာပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ အက်တလက်တီကိုမက်ဒရစ်ဟာ ခံစစ်ပိုင်းကို ဖရန့်ဖတ်က ဘယ်လ်ဂျီယံ နောက်ခံလူ အာသာ သီယာတီနဲ့ ခေါ်ယူ အားဖြည့်ချင်နေပါတယ်။ တီကိုဟာ ဒီနွေရာသီမှာ အန်ဒီ ရော်ဘတ်ဆန်၊ ဒစ်ဂ်နီးတို့ အပါအဝင် ခံစစ် ကစားသမား အများအပြားကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်