နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလွန်ဆိုနဲ့ ကစားသမားတွေရဲ့ လိုက်လျောညီထွေမှု အပေါ် ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ စိုးရိမ်နေ | လာလီဂါ

ရီးရဲလ်မက်ဒရစ်ရဲ့ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်မှုကြောင့် ဇာဘီ အလွန်ဆိုရဲ့ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်စရာ မရှိသေးပေမယ့်လည်း နည်းပြရဲ့ ညွှန်ကြားချက်နဲ့ ကစားသမားတွေ အကြားက လိုက်လျော ညီထွေမှု ကိုတော့ အသင်းရဲ့ တာဝန်ရှိတွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်မှာ လစ်ဗာပူးလ်ကို ၁-၀ နဲ့ အရေးနိမ့်ပြီးနောက် လာလီဂါ မှာတော့ ရေယို ဗလက်ကာနိုနဲ့ ဂိုးမရှိသရေကျခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး တို့ဟာ အလွန်ဆို လက်ထက်မှာ ရှားရှားပါးပါး ရာသီအစ ယိမ်းယိုင်မှု တစ်ခုနဲ့ ရင်ဆိုင်နေရတာပါ။ ၂၀၂၃ ခုနှစ် မေလ နောက်ပိုင်း မက်ဒရစ်ဟာ နှစ်ပွဲဆက် ဂိုးမသွင်းနိုင်တာ ပထမဆုံး အကြိမ် ဖြစ်ပြီး နှစ်ပွဲ စလုံးရဲ့ စွမ်းဆောင်ရည် ကလည်း စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

အလွန်ဆိုရဲ့ အသင်းဟာ ဗလက်ကာနိုထက် ဂိုးပေါက် ကန်သွင်းမှု ပိုမို ရရှိခဲ့ပေမယ့်လည်း အခွင့်အရေးတွေရဲ့ အသုံးချနိုင်စွမ်း ကတော့ တော်တော်လေး နည်းပါးခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာလည်း ရီးရဲလ်မက်ဒရစ်က ပြိုင်ဘက်ထက် ဂိုးပေါက်တည့်မှု နည်းပါးခဲ့တာ ကလည်း မက်ဒရစ် ကလပ်ရဲ့ တိုက်စစ်ပိုင်း အတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

လာလီဂါ ထိပ်သီး တို့ဟာ အလွန်ဆို လက်ထက်မှာ ရှားရှားပါးပါး ရာသီအစ ယိမ်းယိုင်မှု တစ်ခုနဲ့ ရင်ဆိုင်နေရတာပါ။
လာလီဂါမှာရော ချန်ပီယံလိဂ်မှာပါ နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ အလွန်ဆို လက်ထက်မှာ ၂၂ ပွဲ ကိုင်တွယ်ရာမှာ ၁၇ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပြီး အနိုင်ရာခိုင်းနှုန်း ကတော့ ၇၇ ရာခိုင်နှုန်းအထိ ရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီ အစ ၁၄ ပွဲမှာ ၁၃ ပွဲ အထိ အနိုင်ရထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့ နှစ်ပွဲမှ ခြေစွမ်း သိသိသာသာ ကျဆင်းသွားပြီး နိုင်ပွဲပျောက်ခဲ့တာပါ။ AS ရဲ့ ဖော်ပြချက်အရ ဆိုရင် ရီးရဲလ်မက်ဒရစ်ရဲ့ အဝတ်လဲခန်း အတွင်းမှာ နည်းပြ အဖွဲ့နဲ့ ကစားသမားတွေ အကြား ဆက်ဆံရေးပိုင်းမှာ အဆင်မပြေမှုတွေ ရှိနေကြောင်း သိရပါတယ်။ 

လေဗာကူဆင် နည်းပြဟောင်းနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားတွေရဲ့ ဆက်ဆံရေး အပေါ် မေးခွန်းထုတ်ခံရခြင်းမှာ ဒီတကြိမ်က ပထမဦးဆုံး အကြိမ် မဟုတ်ပါဘူး။ အလွန်ဆိုရဲ့ အလှည့်ကျ ပွဲထွက်ခွင့် အပေါ် ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ မထီမဲ့မြင်ပြုမှုက ပေါ်လွင်ခဲ့ပြီး တခြားသော ကစားသမား ကလည်း အုပ်ချုပ်မှု ပုံစံ အပေါ် “စိတ်ပျက်” နေကြကြောင်း သတင်းတွေ ထွက်ပေါ်နေသည်။ အလွန်ဆိုက “သူ့ကိုယ်သူ ပပ် ဂွါဒီယိုလာ လို့ ထင်နေတယ်။” ဆိုပြီး ဝေဖန်တဲ့သူတွေတောင် ရှိနေကြာင်းလည်း သိရပါတယ်။

တနင်္ဂနွေနေ့က ရေယို ဗလက်ကာနိုနဲ့ ဂိုးမရှိ သရေကျပြီးနောက် ထွက်ပေါ်လာတဲ့ အကျပ်အတည်းတွေ အပေါ် မှာတော့ အလွန်ဆိုက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ အလွန်ဆိုက “ဒါက မက်ဒရစ်ပါ၊ ကျွန်တော်တို့ ဘယ်မှာ ရှိနေလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ ပြီးတော့ နိုဝင်ဘာလပဲ ရှိပါသေးတယ်။ သွားရမယ့် ခရီးလမ်းက ရှည်လွန်းပါသေးတယ်။” လို့ ဆိုပါတယ်။ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်မှာ ၁၀ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး အမှတ်ပေးဇယား ဒုတိယနေရာက ဘာစီလိုနာကို ၃ မှတ် ဖြတ်ထားနိုင်ပါတယ်။ ချန်ပီယံလိဂ် မှာလည်း အလွန်ဆိုရဲ့ အသင်းက လစ်ဗာပူးလ်နဲ့ အတွေ့မှာ ရှုံးပွဲ ကြုံခဲ့ရပေမယ့် ၄ ပွဲ ကစား၊ ၃ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၉ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်