ဇူလိုင်လ ၆ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ ဗစ်တင်ညာကို ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ဇာဘီ အလွန်ဆိုဟာ မိုဒရစ်နဲ့ တိုနီ ခရူးစ် နေရာကို အစားမထိုးနိုင်ရင် အသင်း အတွက် ထိခိုက်မှုတွေ ရှိလာနိုင်မယ်လို့ ယုံကြည်ထားပြီး ဗစ်တင်ညာ ကိုတော့ တော်တော်လေး မျက်စိကျနေပါတယ်။ အလွန်ဆိုဟာ ပေါ်တူဂီ လက်ရွေးစင်ကို လူကာ မိုဒရစ်ရဲ့ နေရာမှာ အစားထိုးဖို့ အိမ်မက် အပြောင်းအရွှေ့ အဖြစ် ရှုမြင်ထားတယ်လို့လည်း သိရပါတယ်။
နီကို ဝီလီယမ်စ်ကို လွဲချော်ခဲ့ပြီးနောက် ဘာစီလိုနာ မန်နေဂျာ ဟန်ဆီ ဖလစ်ခ်ဟာ ကစားသမားသစ် တစ်ဦးထက် ပိုပြီး ခေါ်ယူဖို့ ရန်ပုံငွေတွေ အသုံးပြုလိုနေကြောင်း သိရပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရ ဖလစ်ခ်ဟာ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ အင်တာမီလန်က ဒန်ဇဲလ် ဒမ်းဖရီးစ် တို့ကို ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
ဒါ့အပြင် လာလီဂါ ကလပ်ဟာ အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင် ကိုလည်း ပစ်မှတ် အဖြစ် ထည့်သွင်း စဉ်းစားနေကြောင်း SPORT က ဖော်ပြပါတယ်။ ဒီကစားသမား ကိုတော့ ဘာစီလိုနာ အနေနဲ့ ယူရို သန်း ၇၀ ပေးချေမယ် ဆိုရင် အလွယ်တကူ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူပေးဖို့ ခရစ်စတီယာနို ရော်နယ်ဒိုက အဲလ်နာဆာ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ကြောင်း Sky Sports Switzerland က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ်သားဟာ ရီးရဲလ်မက်ဒရစ်က ထွက်ခွာဖြစ်ခဲ့ရင် အနာဂတ် ရည်မှန်းချက်ဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ ဖြစ်ပြီး အာဆင်နယ်ကို ပထမ ဦးစားပေး အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
ဗီလာရီးရဲလ် ကတော့ နိစ် တိုက်စစ်မှူး အီဗန် ဂစ်ဆန်ရဲ့ အပြောင်းအရွှေ့ထဲကို အပြိုင်အဆိုင် ဝင်ရောက်လာကြောင်း Foot Mercato က ဖော်ပြခဲ့ပါတယ်။ သတင်းတွေအရ အသက် ၂၄ နှစ် အရွယ် ကစားသမား ကိုတော့ ဝက်စ်ဟမ်းနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ကလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
ဆဲလ်တာဗီဂို ကတော့ ဝုဗ်ကို ပြောင်းရွှေ့သွားတဲ့ ဖာ လိုပက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး ရှာတွေ့ထားပြီ ဖြစ်ပါတယ်။ ဆဲလ်တာဟာ လာလီဂါတူး ကလပ် ကတ်စတယ်လွန်ရဲ့ အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူး အဲလက်စ် ကာလာထရာဗာကို ခေါ်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ကာလာထရာဗာ ကတော့ ကတော့ အက်တလက်တီကိုမက်ဒရစ် အကယ်ဒမီထွက် ကစားသမားလည်း ဖြစ်ပါတယ်။
ရီးရဲလ်ဆိုစီဒက် ကတော့ ဒီနွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ မာတင် ဇူဘီမန်ဒီရဲ့ နေရာမှာ အစားထိုးဖို့ ကွင်းလယ်လူ တစ်ဦး ရှာဖွေနေပြီး အသက် ၂၂ နှစ် အရွယ် အစ်ဂ်နာစီယို အီကီ ဖာနန်ဒက်ဇ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘိုကာဂျူနီယာ အကယ်ဒမီထွက် ဒီကစားသမားလေးဟာ လက်ရှိ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ကတ်ဒီဆီယာမှာ ကစားနေသူလည်း ဖြစ်ပြီး ရီးရဲလ်ဆိုစီဒက် ဘက်ကတော့ ယူရို သန်း ၂၀ ဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။စီးရီးအေ ကလပ် ကိုမိုရဲ့ နည်းပြ ဆက်စ် ဖာဘရီဂတ်စ် ကတော့ ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် ကစားသမားလေး ဂျာကိုဘို ရာမွန်ကို မျက်စိကျနေကြောင်း သိရပါတယ်။ ကိုမို ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပြီးတော့ ရှေ့မှာလည်း နီကို ပက်ဇ်လို ကစားသမား ကိုလည်း ခေါ်ယူထားခဲ့ဖူးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.