ဩဂုတ်လ ၂၈ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ် ကလပ် တစ်ခုရဲ့ အော်ရီလီယန် ချူအာမန်နီ အတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ရီးရဲလ်ဟာ ပြင်သစ်ကို ယူရို သန်း ၂၀၀ ထက်နည်းတဲ့ ပမာဏနဲ့ ဘယ်အသင်း ကိုမှ ရောင်းချမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားထားတယ်လို့ Defensa Central က ဖော်ပြပါတယ်။
ဘာစီလိုနာ ကတော့ စပိန် တောင်ပံ ကစားသမား ဖာမင်း လိုပက်ဇ် အတွက် ယူရို သန်း ၇၀ အောက်နဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားမှာ မဟုတ်ကြောင်း သိရပါတယ်။ ဖာမင်း လိုပက်ဇ်ဟာ ဘာစီလိုနာရဲ့ အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီ ကတည်းက အသင်းမှာ ကစားခွင့်ရခဲ့ပေမယ့် ပုံမှန် ပွဲထွက်ခွင့်တော့ မရရှိသေးသူ ဖြစ်ပါတယ်။ လာလီဂါ ကလပ်ဟာ ဖာမင်း လိုပက်ဇ်ကို ၂၀၂၉ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားသလို ယူရို သန်း ၅၀၀ တန် လျော်ကြေး စာချုပ်လည်း ထည့်သွင်းထားပါတယ်။
ကတ်တာလန် ကလပ်က ကစားသမား တချို့ကို ရောင်းထုတ်ရမယ့် အခြေအနေ ဖြစ်နေတာကြောင့် ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့က ဖာမင်း လိုပက်ဇ်ကို ခေါ်ယူဖို့ ချိန်ရွယ်နေကြပြီး ချဲလ်ဆီးက ကမ်းလှမ်းမှုပြုလုပ်ထားပြီလို့တောင် သတင်းတွေ ထွက်နေပါတယ်။ သို့ပေမယ့်လည်း ဘာစီလိုနာက ယူရို သန်း ၇၀ အောက် ကမ်းလှမ်းမှုတွေကို စဉ်းစားမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်ထားသလို၊ ဖာမင်း လိုပက်ဇ် ကလည်း ဘာစီလိုနာ မှာသာ ဆက်လက် ကစားလိုကြောင်း ပြောကြားထားပါတယ်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား ဒန်နီ ဆယ်ဘာလော့စ်နဲ့ မာဆေးလ် တို့ရဲ့ အပြောင်းအရွှေ့ သဘောတူညီမှုဟာ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် မက်ဒရစ် ကလပ် အနေနဲ့ ကွင်းလယ် ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ ရည်ရွယ်ချက်ကို အဆုံးသတ်လိုက်ဖို့ များသွားခဲ့ပါတယ်။

လာမင်း ယာမယ် ကတော့ စပိန် လက်ရွေးစင် အသင်းဖော် နှစ်ဦး ဖြစ်တဲ့ ဂါဗီနဲ့ စကား ပြောဆိုပြီးနောက် ဖာမင်း လိုပက်ဇ်ကို ချဲလ်ဆီးထံ မရောင်းချဖို့ အသင်းအား တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ လိုပက်ဇ် ကတော့ လက်ရှိမှာ ငယ်ဘဝ ကလပ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း Marca က ဖော်ပြပါတယ်။
ဘာစီလိုနာ အသင်း အနေနဲ့ ဒီနွေရာသီမှာ ထွက်ခွာသွားတဲ့ အင်နီဂို မာတီနက်ဇ် ရဲ့ နေရာမှာ အစားထိုးဖို့ ဘယ်ခြမ်း ဗဟိုခံစစ် ကစားသမား ၃ ဦးကို ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားကြောင်း သိရပါတယ်။ ဘာစီလိုနာရဲ့ ပစ်မှတ်တွေ ထဲမှာတော့ စပို့တင်းလစ္စဘွန်းက ဂွန်ဆာလို အင်နာစီယို၊ နော့တင်ဟမ်ဖောရက်စ်က မူရီလိုနဲ့ လိုက်ပ်ဇစ်က ကတ်စတယ်လို လု့ခ်ကီဘာ တို့ ပါဝင်နေပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဘရာဇီးလ် တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်ကို တစ်နှစ် လစာ ယူရို သန်း ၂၀ နှုန်းနဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းသွားဖွယ် ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ တစ်နှစ် လုပ်ခ ယူရို ၁၅ သန်း ရရှိနေတဲ့ ဗင်နီးစီးယပ်စ်က တစ်နှစ် ယူရို သန်း ၃၀ အထိ ရရှိဖို့ လိုလားနေတာကြောင့် သဘောတူညီမှု ရရှိဖို့ မလွယ်ကူကြောင်း သိရပါတယ်။ ဗင်နီးစီးယပ်စ်ကို ဆော်ဒီပရိုလိဂ် ကလပ် အသင်း တစ်သင်းက ၅ နှစ် စာချုပ် အတွက် အသားတင် လစာ ယူရို ၁ ဘီလီယံ ပေးချေသွားဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.