လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ဒီနှစ် အတွက် ဘယ်လွန်ဒေါ ဆုပေးပွဲ အခမ်းအနား ကိုလည်း ထပ်မံ သပိတ်မှောက်ဖွယ် ရှိနေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျင်းပခဲ့တဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိသလို နှစ်နှစ်ဆက်တိုက် သပိတ်မှောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
မနှစ်က ဘယ်လွန်ဒေါ ဆုပေးပွဲ မကျင်းပခင် မှာတော့ ဘရာဇီးလ် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု သေချာပေါက် ရရှိလိမ့်မယ့်လို သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့်လည်း ပွဲကျင်းပဖို့ နာရီပိုင်းအလိုမှာ အားလုံး မမျှော်လင့်ထားတဲ့ အခြေအနေ တစ်ခု ဖြစ်သွားခဲ့ပြီး ဘယ်လွန်ဒေါဆုဟာ မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီ အတွက် ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီအချိန်မှာ ရီးရဲလ်မက်ဒရစ်က ဘယ်လွန်ဒေါ ဆုပေးပွဲ တက်ရောက်ဖို့ စီစဉ်ထားတဲ့ လေယာဉ် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဆုပေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ ဆုပေးချိန်မှာလည်း အမှန်တကယ်ပဲ ရိုဒရီ ရရှိသွားခဲ့တာကြောင့် လာလီဂါ ကလပ်ဟာ ဒီဆုပေးပွဲနဲ့ လုံးဝ မသက်ဆိုင်သလို ဖြစ်သွားခဲ့တာပါ။
စပိန်က လာတဲ့ သတင်းတချို့ မှာတော့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာ လာလီဂါ ထိပ်သီး တို့နဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ မက်ဒရစ်ကို ကိုယ်စားလှယ် တစ်ဦး စေလွှတ်ခဲ့ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ရည်ရွယ်ချက် ကတော့ စက်တင်ဘာ ၂၂ ရက်မှာ ကျင်းပမယ့် အခမ်းအနား မတိုင်မီ “နားလည်မှု” ရှိလာရန် ဖြစ်ပေမယ့်လည်း ဆွေးနွေးမှုတွေက နောက်ဆုံး မှာတော့ “မအောင်မြင်” ခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် ၂၀၂၄ ခုနှစ် အတွက် အကောင်းဆုံး နည်းပြဆု ရရှိခဲ့တဲ့ ကာလို အန်ဆယ်လော့တီနဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆုကို ဟယ်ရီ ကိန်းနဲ့ အတူ ပူးတွဲ ရရှိခဲ့တဲ့ ကီလီယန် အမ်ဘာပေး တို့လည်း ဆုပေးပွဲကို မတက်ရောက်ခဲ့ပါဘူး။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ မနှစ်က တစ်နှစ်တာ အကောင်းဆုံး အသင်း အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ အမှန်တကယ်တော့ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ဖလားလက်မဲ့ ဖြစ်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် တစ်သင်းလုံး အနေနဲ့ ဒီနှစ် ဘယ်လွန်ဒေါ ဆုပေးပွဲမှာ ဘာဆုမှ မရဖို့ များနေပါတယ်။ ဒီအခြေအနေကို သိရှိထားတဲ့ ဥက္ကဌ ဖြစ်သူ ဖလော်ရန်တီနို ပီရက်ဇ်က ထပ်ပြီး သပိတ်မှောက် ဆန့်ကျင်ဖို့ စီစဉ်ထားခြင်း ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ တချို့ကလည်း လာလီဂါ ထိပ်သီး တို့ဟာ ချော်လဲ ရောထိုင် အကွက်နဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲ မတက်တာ ဖြစ်နိုင်ကြောင်း ဝေဖန်လျက် ရှိနေပါတယ်။
၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါ ဆုပေးပွဲကို လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့ ပြင်သစ် နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပမှာ ဖြစ်ပြီး ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်း မှာတော့ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ကီလီယန် အမ်ဘာပေးနဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်တို့ ပါဝင်နေပါတယ်။ အဲဒီနောက် လူငယ် ကစားသမားတွေ အတွက် ပေးအပ်တဲ့ Kopa Trophy မှာတော့ နောက်ခံလူ ဒင်းန် ဟောက်ဆန် ပါဝင်နေပေမယ့် ဒီကစားသမားလေး ကတော့ မနှစ်က ဘုန်းမောက်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဆန်ကာတင် စာရင်းမှာ ပါဝင်နေတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ သက်ဆိုင်ခြင်းတော့ မရှိပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.