ဩဂုတ်လ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် အပတ်တွေမှာ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောမတူရင်တော့ တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ယူရို သန်း ၁၅၀ နဲ့ ရောင်းချဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဗင်နီးစီးယပ်စ် ကတော့ ပြီးခဲ့တဲ့ ရာသီတွေမှာ ကတည်းက လာလီဂါ ကလပ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးခဲ့သူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ရိုဒရီဂို အတွက် အမည်မဖော်လိုတဲ့ ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ ယူရို သန်း ၁၁၀ နဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ရှိနေကြောင်း Defensa Central က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ်သား ကိုတော့ အာဆင်နယ်၊ မန်စီးတီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့က ခေါ်ယူချင်ပေမယ့် ဆော်ဒီပရိုလိဂ် ကိုသာ ပြောင်းရွှေ့မယ် ဆိုရင် သူ့ အတွက် လုပ်ခ လစာ နှစ်ဆ တိုးလာဖို့ ရှိနေပါတယ်။
အဲလ်အီတီဟတ် ကတော့ ပစ်မှတ်ဟောင်း ရိုဒရီဂိုကို ချဉ်းကပ်မှု ပယ်ချခံရပြီးနောက် ဘာစီလိုနာက ဖာရန်း တောရက်စ်ကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ဟန်ဆီ ဖလစ်ခ် ကတော့ စပိန် တိုက်စစ်မှူးကို ဆက်ထိန်းထားဖို့ စိတ်အားထက်သန်နေပေမယ့်လည်း ယူရို သန်း ၆၀နဲ့ ကမ်းလှမ်းမှု ရမှသာ လက်ခံ စဉ်းစားသွားဖို့ ရှိနေကြောင်း သိရပါတယ်။
ဆန်တီယာဂို ဘာနေဗျူးမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ထားတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား ဒန်နီ ဆယ်ဘာလော့စ်ကို ချန်ပီယံလိဂ် ကလပ် အသင်း တော်တော်များများက ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ စပိန်သားဟာ လာလီဂါ ကလပ်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ရဖွယ် ရှိနေသူလည်း ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ကတော့ အသင်း ကနေ ထွက်ခွာဖို့ ဝန်လေးနေဆဲ ဖြစ်တဲ့ ဘာစီလိုနာ ကွင်းလယ် ကစားသမား မာ့ခ် ကာဆာဒို အတွက် ယူရို သန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ စပိန်သားကို နောက်ဆုံး ကမ်းလှမ်းထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ သူ့ရဲ့ အသင်းသား အားလုံးကို အတူတကွ ထိန်းသိမ်းထားဖို့ စိတ်ပိုင်းဖြတ်ထားပေမယ့်လည်း အသင်း ဘက်ကတော့ ရော်နယ် အာရူဟို၊ အန်ဒရီယာစ် ခရစ္စတန်ဆန်နဲ့ ဖာမင်း လိုပက်ဇ် အပြင် ကာဆာဒို ကိုပါ ရောင်းထုတ်ဖို့ လမ်းဖွင့်ထားပါတယ်။
ဘက်ဆစ်တပ်စ် ကတော့ ချဲလ်ဆီး တောင်ပံ ကစားသမား ရာဟင်းမ် စတာလင်ကို ဖူလ်ဟမ်၊ ဝက်စ်ဟမ်းယူနိုက်တက် တို့နဲ့ အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး ကတော့ ဒီကစားသမားကို ပေါင်သန်း ၂၀ နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။
El País ရဲ့ ဖော်ပြချက်အရ အက်စတွန်ဗီလာဟာ ဘာစီလိုနာရဲ့ ယူရို သန်း ၃၀ တန်ကြေး ရှိတဲ့ မာ့ခ် ကာဆာဒိုကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ စပိန်မှာ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်အားထက်သန်နေတဲ့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အလက်ဇန္တား ဆောလော့သ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.