နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆလီဘာရဲ့ အပြောင်းအရွှေ့ အတွက် အာဆင်နယ်နဲ့ ဆွေးနွေးမယ့် ရီးရဲလ်၊ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ | လာလီဂါ

စက်တင်ဘာ ၂၁ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ ကတော့ ဗင်နီးစီးယပ်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၁ ဘီလီယံ ရှိကြောင်း ခေါ်ယူချင်နေတဲ့ အသင်းတွေကို သတိပေးလိုက်ပါတယ်။ ဘရာဇီးလ်သားဟာ ၂၀၂၆ ခုနှစ်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ဆော်ဒီပရိုလိဂ် ကလပ်တွေက စိတ်ဝင်စားနေပါတယ်။

တစ်ဆက်တည်းမှာပဲ လာလီဂါ ထိပ်သီး တို့ဟာ “ပရောဂျက် အသစ်” တစ်ခု အတွက် ၀ီလီယံ ဆလီဘာကို ခေါ်ယူချင်နေပြီး အာဆင်နယ်နဲ့ ညှိနှိုင်းဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။ လက်ရှိမှာ ဒီကစားသမားရဲ့ တန်ကြေးက ယူရို သန်း ၈၀ (ပေါင် ၆၉.၇ သန်း) ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီ ကတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပေမယ့်လည်း လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လိုကြောင်း သူ့ရဲ့ အေးဂျင့်တွေကို အသိပေးထားတယ်လို့ သိရပါတယ်။

လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကတော့ လာမယ့် နွေရာသီမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေတဲ့ ဘာစီလိုနာ

လူးဝစ္စ ဆွာရက်ဇ် ကတော့ လာမယ့် နွေရာသီမှာ ဥရုဂွေး လက်ရွေးစင် အသင်းဖော် ရော်နယ် အာရူဟိုကို လစ်ဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။ ရော်နယ် အာရူဟို ကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ မှာကတည်းက ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ရှိနေကြောင်း သတင်းတွေ ထွက်နေသူပါ။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ဘာစီလိုနာမှာ ဆက်လက် တိုက်ပွဲဝင်လိုတာကြောင့် ကတ်တာလိုးနီးယား မှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကို ကတော့ မန်ချက်စတာစီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ရာသီအကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ ပေါ်တူဂီသား ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်း လာလီဂါ ကလပ်နဲ့ သတင်းတွေ ထွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

လစ်ဗာပူးလ်က အီဘရာဟီမာ ကိုနာတေးဟာ ၂၀၂၆ ခုနှစ် အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ဗဟိုခံစစ် ပစ်မှတ် ဖြစ်ပေမယ့် စပိန် ကလပ်ဟာ တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ မစ်ကီ ဗန်ဒီဗန် ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လစ်ဗာပူးလ် ကွင်းလယ် ကစားသမား ရွိုင်ယန် ဂရာဗန်ဘက်ချ်ကို အလိုရှိနေကြောင်း သိရပါတယ်။ လက်ရှိမှာ ဒီကစားသမားရဲ့ တန်ကြေးက ယူရို ၇၅ သန်း ရှိနေပေမယ့် ရီးရဲလ် ဘက်က ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကတော့ လာမယ့် နွေရာသီမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့်လည်း စျေးညှိနှိုင်းဖို့ ယူနိုက်တက်နဲ့ ဆွေးနွေးမှာ ဖြစ်ပြီး ပေါင် သန်း ၂၀ ဝန်းကျင် (ယူရို ၂၃ သန်း)နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာ အတွက် ခြေစွမ်းပြနေပြီး နယူးကာဆယ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဘာဆာ အတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ရာသီအကုန် ကွင်းလယ် ကစားသမား ကော်နာ ဂယ်လာဟာကို ဆုံးရှုံးလိုခြင်း မရှိတာကြောင့် တော့တင်ဟမ်ဟော့စပါးက ကမ်းလှမ်းလာရင်တော့ ပေါင် သန်း ၅၀ (ယူရို ၅၇.၅ သန်း) တောင်းဆိုသွားဖို့ ပြင်ဆင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်