နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နီကိုးလက်စ် ဂျက်ဆန်ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းမယ့် ရီးရဲလ်မက်ဒရစ်၊ အာရူဟိုကို ခေါ်ယူမယ့် တော့တင်ဟမ်ဟော့စပါး | လာလီဂါ

ဩဂုတ်လ ၃ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ပစ်မှတ် ဖြစ်တဲ့ ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ကို လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က ကြားဖြတ် ခေါ်ယူလိုနေကြောင်း သိရပါတယ်။ နည်းပြ ဇာဘီ အလွန်ဆိုဟာ အန်းဒရစ်ခ်နဲ့ ဂွန်ဇာလို ဂါစီယာရဲ့ အသင်း အတွက် အရေးပါမှုကို သံသယရှိနေတာကြောင့် တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ချင်နေတာလည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ကို မခေါ်ယူနိုင်ခဲ့ရင်တော့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း Defensa Central က ဖော်ပြပါတယ်။ ရိုဒရီဂို အနေနဲ့ ဘာနေဗျူး ကနေ ထွက်ခွာဖြစ်ခဲ့မယ် ဆိုရင်တော့ အန်ဖီးလ်က သူ့ အတွက် ဦးစားပေး လားရာ ဖြစ်လာဖို့ ရှိနေပါတယ်။

Fichajes ရဲ့ ဖော်ပြချက်အရ အဲလ်ဟီလာက အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်းကို ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ဂရစ်ဇ်မန်းကို ယူရို သန်း ၂၀ ဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

လီဂူးဝမ်း ကလပ် ပါရီအက်ဖ်စီ ကတော့ ဘာစီလိုနာ ညာနောက်ခံလူ ဟက်တာ ဖော့တ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း L’Équipe က ဖော်ပြခဲ့သည်။ လာမာစီယာ အကယ်ဒမီထွက် ကစားသမားလေး ကတော့ လက်ရှိ ဈေးကွက် တန်ကြေး ပေါင် ၁၀ သန်း ဝန်းကျင်သာ ရှိနေသူ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ဘာစီလိုနာရဲ့ ဗဟိုခံစစ်မှူး ရော်နယ် အာရူဟိုကို စိတ်ဝင်စားနေကြောင်း Fichajesက ဖော်ပြချက်ပါတယ်။ လာလီဂါ ကလပ် ကတော့ သူတို့ရဲ့ ကစားသမားကို မှန်ကန်တဲ့ စျေးနှုန်းနဲ့ ကမ်းလှမ်းလာရင်တော့ ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။ ဒါပေမယ့်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် ကိုတော့ တောင်းဆိုဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

လာလီဂါ ကလပ် ကတော့ သူတို့ရဲ့ ကစားသမားကို မှန်ကန်တဲ့ စျေးနှုန်းနဲ့ ကမ်းလှမ်းလာရင်တော့ ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။
ရော်နယ် အာရူဟို အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုသွားမယ့် ဘာစီလိုနာ

အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အော်ရီလီယန် ချူအာမန်နီကို ယူရို ၇၅ သန်း (ပေါင် ၆၄.၈ သန်း) နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန် ပယ်ချခြင်း ခံခဲ့ရဖူးကြောင်း Defensa Central က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ် အသင်း များစွာဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း AS က ဖော်ပြခဲ့ပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမား ကတော့ ဘာနေဗျူး ကနေ ထွက်ခွာဖို့ တွန့်ဆုတ်နေပြီး အသင်းမှာ ၎င်းရဲ့ နေရာ တစ်နေရာ အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

ဒေါ့မန်နဲ့ ပေါ်တိုတို့ ကတော့ အသက် ၁၇ နှစ် အရွယ် ဘာစီလိုနာ ကွင်းလယ်လူ ဂူလီ ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြကြောင်း SPORT က ဖော်ပြပါတယ်။ ကစားသမားဟာ ဘာစီလိုနာနဲ့ အာရှခရီးစဉ် ပြီးဆုံးပြီးနောက် သူ့ရဲ့ အနာဂတ် အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရပါတယ်။

ဘာစီလိုနာ တောင်ပံ တိုက်စစ် ကြယ်ပွင့် လာမင်း ယာမယ် ကတော့ သူတို့ အသင်း အနေနဲ့ ချန်ပီယံလိဂ် ဖလား ရရှိဖို့ အတွက် ဘာမဆို လုပ်သွားမယ်လို့ ကြုံးဝါး‌ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာ ကတော့ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဖလား ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပြီးမှာ အင်တာမီလန်ကို ဆီမီးဖိုင်နယ်မှာ မထင်မှတ်ပဲ ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် အဲဗာတန်နဲ့ စပါး ကစားသမားဟောင်း ဒယ်လီ အလီ ကတော့ ကစားသမားဘဝ ကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်