ရီးရဲလ်မက်ဒရစ် ကတော့ ထရန့် အလက်ဇန္တား အာနိုးလ်ကို ခေါ်ယူခဲ့သလိုမျိုး အီဘရာဟီမာ ကိုနာတေး ကိုလည်း ထပ်မံ ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။ လာလီဂါ ထိပ်သီး တို့ဟာ ထရန့်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီးတော့ ကလပ် ကမ္ဘာ့ဖလား အမှီ အသင်းထံ ပူးပေါင်းစေချင်ခဲ့တာကြောင့်သာ ပေါင် ၈.၃ သန်း ပေးချေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ရီးရဲလ်မက်ဒရစ်က လစ်ဗာပူးလ်ရဲ့ ပြင်သစ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ဒီအခြေအနေ ကိုတော့ လစ်ဗာပူးလ် ဘက်က တတ်နိုင်သမျှ တားဆီးဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကိုနာတေးဟာ လာမယ့် နွေရာသီမှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး မာဆေးလ်ဆိုက်ဒ် ကလပ်ရဲ့ စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေ ကိုလည်း ငြင်းဆန် ပယ်ချထားပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ်မှာ အန်ဖီးလ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကိုနာတေးကို လစ်ဗာပူးလ် ဘက်က အကျိုးအမြတ် မရပဲ လက်လွှတ်လိုခြင်း မရှိပဲ ဒီနွေရာသီ မှာပဲ ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ အသက် ၂၆ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူကို ရီးရဲလ်မက်ဒရစ်ဆီ အလွတ်နဲ့ ထွက်ခွာခွင့် ပေးရဖို့ထက် ဒီနွေရာသီမှာ တခြားသော ကလပ် တစ်ခုရဲ့ ကမ်းလှမ်းလာမှုကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ကိုနာတေး အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ သတ်မှတ်ခဲ့ပြီး ဒီပမာဏထက်တော့ ဈေးထက်လျှော့ပေးသွားဖို့ မရှိကြောင်း သိရပါတယ်။ အကယ်၍ ယူရို သန်း ၅၀ မရနိုင်ရင်တော့ လစ်ဗာပူးလ်က ကိုနာတေးကို လာမယ့် တစ်ရာသီ ဆက်ထိန်းထားပြီး မိုဟာမက် ဆာလာနဲ့ ဗာဂျယ် ဗန်ဒိုက် တို့နဲ့ လုပ်ဆောင်ခဲ့သလိုမျိုး စာချုပ်သစ်ချုပ်ဆိုဖို့ ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ကတော့ ကိုနာတေးကို ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူဖို့ထက် လာမယ့် နွေရာသီမှ အလွတ်နဲ့ ခေါ်ယူဖို့ ကိုပဲ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မတတ်သာတဲ့ အဆုံးမှာ ပြောင်းရွှေ့ကြေး ပေးရမယ် ဆိုရင်လည်း ရီးရဲလ်က ယူရို ၂၅ သန်းထက် ပိုပြီး သုံးစွဲလိုခြင်း မရှိကြောင်း Diario AS က ဖော်ပြပါတယ်။ လက်ရှိ ကစားသမားရဲ့ ဆန္ဒ အရတော့ ရီးရဲလ်မက်ဒရစ် အနေနဲ့ ကိုနာတေး အတွက် ပြောင်းရွှေ့ကြေး မသုံးရနိုင်ကြောင်း ယုံကြည်နေတယ်လို့ သိရပါတယ်။
လောလောဆယ်တော့ ရီးရဲလ်မက်ဒရစ်ရဲ့ ဗဟို ခံစစ် အတွက် ရာအူးလ် အဆန်စီယို၊ ဒင်းန် ဟောက်ဆန်၊ ဒေးဗစ် အလာဘာ၊ အီဒါ မီလီတာအိုနဲ့ အန်တိုနီယို ရူဒီဂါတို့ ရှိနေပါတယ်။ ဒါကြောင့် ရီးရဲလ် အနေနဲ့ ထိပ်တန်းအဆင့် ခြေစွမ်းရှိတဲ့ ကိုနာတေးကို ခေါ်ယူချင်ရင်တော့ အလာဘာနဲ့ ရူဒီဂါ တို့လို အသက်အရွယ် ကြီးနေတဲ့ ဗဟိုနောက်ခံလူတွေကို ရှင်းထုတ်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အော်ရီလီယန် ချူအာမန်နီ၊ ဒန်နီ ကာဗာဟယ်နဲ့ ဖာလန်း မန်ဒီ တို့ကလည်း အလွန်ဆိုရဲ့ သုံးယောက်တန်း ခံစစ် အတွက် ကောင်းကောင်း ကစားပေးနိုင်တာကြောင့် ကိုနာတေးကို ခေါ်ယူဖို့ မလိုကြောင်း ရှုမြင်ထားသူတွေလည်း ရှိနေပါတယ်။ တစ်ခု ရှိတာက ရူဒီဂါနဲ့ အလာဘာ တို့ဟာ လာမယ့် ၂၀၂၆ နွေရာသီမှာ စာချုပ် သက်တမ်း ကုန်ဆုံးကြမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ လာလီဂါ ကလပ်ဟာ ကိုနာတေးလို့ ဗဟိုခံစစ် ကစားသမားစစ်စစ် တစ်ဦးကို ကျိန်းသေပေါက် ခေါ်ယူဖို့ လိုအပ်တော့မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.