နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလွန်ဆိုနဲ့ အဓိက ကစားသမား ၅ ဦး အကြားမှာ ပြဿနာတွေ ပိုမိုကြီးထွားလာကြောင်း သတင်းတွေ ထွက်ပေါ် | လာလီဂါ

သတင်းဖော်ပြချက်တွေအရ ရီးရဲလ်မက်ဒရစ် အသင်းတွင်းမှာ နည်းပြ ဇာဘီ အလွန်ဆိုနဲ့ အဓိက, ကစားသမား ၅ ဦး အကြားမှာ ပြဿနာတွေ ပိုမို ကြီးထွားလာကြောင်း သိရပါတယ်။ လာလီဂါ ကလပ် အတွင်းမှာ ဆက်ဆံရေး ပျက်ပြားမှုတွေ ပိုမို ကြီးထွားလာပြီးတော့ ကစားသမားတွေက အလွန်ဆို အပေါ်မှာ မကျေမနပ် ဖြစ်နေကြကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အဲလ်ကလပ်ဆီကို ဒါဘီ ပထမအကျော့ ပွဲစဉ်မှာ ခါးသီး ပြိုင်ဘက် ဘာစီလိုနာကို အနိုင်ရခဲ့ပေမဲ့လည်း အလွန်ဆိုနဲ့ ကစားသမားတွေ အကြားမှာ အဆင်မပြေမှုတွေ တဖြည်းဖြည်း ကြီးမားနေခဲ့တာ ဖြစ်ပါတယ်။ အလွန်ဆိုဟာ ဒီနွေရာသီကမှ ရီးရဲလ်မက်ဒရစ် နည်းပြ အဖြစ် စတင် ကိုင်တွယ်ခဲ့သလို ရလဒ်တွေ ကောင်းနေပေမယ့်လည်း နာမည်ကျော် နည်းပြဟောင်းတွေ ဖြစ်ကြတဲ့ ကာလို အန်ဆယ်လော့တီ၊ ဇနက်ဒင် ဇီဒန်း တို့လို ကစားသမားတွေရဲ့ ချစ်ခင်ခြင်းကို မရရှိသေးပါဘူး။ 

စပိန်သတင်းတွေရဲ့ ဖော်ပြချက်အရ အလွန်ဆိုနဲ့ အလုပ်လုပ်ရတာ အဆင်မပြေတဲ့ ကစားသမား ၅ ဦးထဲမှာ သီဘောက် ကော့တွာစ်၊ ဗင်နီးစီးယက်စ် ဂျူနီယာ၊ ဂျူ့ဒ် ဘယ်လင်ဟမ် တို့လို နာမည်ကြီး ကစားသမားတွေ ပါဝင်နေကြောင်း Mundo Deportivoက ဖော်ပြခဲ့ပါတယ်။ ဒီ နာမည်ကြီး ကစားသမား ၃ ဦးဟာ အလွန်ဆိုရဲ့ နည်းစနစ်တွေနဲ့ အဆင်မပြေ ဖြစ်နေပြီး အထူးသဖြင့် အလွန်ဆိုက ခံစစ် ကနေ တိုက်စစ် လမ်းကြောင်း စတင်တဲ့ ပုံစံကစားခိုင်းတာကြောင့် စိတ်ပျက်နေကြကြောင်း သိရပါတယ်။ 

ဘရာဇီးလ် တောင်ပံ ကစားသမား ဗင်းနီးစီယက်စ်ဟာ မကြာသေးခင်ကမှ အလွန်ဆိုနဲ့ ပြဿနာတက်ခဲ့ပြီး ဘာစီလိုနာနဲ့ ပွဲမှာ လူစားလဲခံရပြီးတဲ့နောက် ဒေါသပေါက်ကွဲခဲ့သလို နောက်ပိုင်းမှ သူ့လုပ်ရပ် အပေါ် ပြန်လည် တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။ ဗင်နီးစီးယက်စ်ဟာ အသင်းဖော်တွေနဲ့ အသင်း ဥက္ကဌ တို့ကို အွန်လိုင်းပေါ်မှာ စာထုတ်ပြီး တောင်းပန်ခဲ့ပေမယ့် အဲဒီထဲမှာ အလွန်ဆိုရဲ့ နာမည် ပါဝင်ခဲ့ခြင်း မရှိပါဘူး။ 

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
အဲလ်ကလက်ဆီကိုဒါဘီ အပြီးမှာ အသင်းတွင်း ပြဿနာတွေ ရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

တစ်ဖက် မှာလည်း ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေက အသင်းရဲ့ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်မှု အပေါ် စိုးရိမ်ခြင်း မရှိသလို ဇာဘီ အလွန်ဆိုရဲ့ စွမ်းဆောင်ရည် အပေါ် သံသယ မရှိပေမယ့် နည်းပြရဲ့ ညွှန်ကြားချက်နဲ့ ကစားသမားတွေ အကြားက လိုက်လျော ညီထွေမှု အပေါ် မှာတော့ စိုးရိမ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲမှာ ချန်ပီယံလိဂ်မှာ လစ်ဗာပူးလ်ကို ၁-၀ နဲ့ အရေးနိမ့်ပြီးနောက် လာလီဂါ မှာတော့ ရေယို ဗလက်ကာနိုနဲ့ ဂိုးမရှိသရေကျခဲ့တာ ဖြစ်ပါတယ်။

ဒီကစားသမား ၃ ဦး အပြင် အလွန်ဆိုကို မကျေမနပ် ဖြစ်နေသူတွေထဲမှာ ကာမာဗင်ဂါ၊ ဗယ်လ်ဗာဒီ တို့လည်း ပါဝင်နေပြီး အဓိက ကတော့ ပွဲထွက်ကစားခွင့် ရဖို ရုန်းကန်နေရတာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အလွန်ဆိုဟာ သူ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အသေအချာ စောင့်ကြည့်ဖို့ အတွက် လေ့ကျင့်ရေးကွင်းမှာ ဒရုန်းတွေ၊ ရုပ်သံအထောက်အကူ ပစ္စည်းတွေကို အသုံးပြုခဲ့သလို ကစားသမားတွေကို စည်းကမ်းပိုင်းမှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတာကြောင့် ရီးရဲလ်မက်ဒရစ် ကစားသမားတွေ မပျော်မရွှင် ဖြစ်နေကြတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် ပွဲစဉ် ၅ ပွဲ မှာတော့ အဲလ်ချီ၊ အိုလံပီယာကော့စ်၊ ဂီရိုနာ၊ ဘီလ်ဘာအို၊ ဆဲလ်တာဗီဂိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်