နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သူ့ရဲ့ နာမည်ကျော် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အမ်ဘာပေးကို ချီးကျူး ဂုဏ်ပြုလိုက်တဲ့ ရော်နယ်ဒို | လာလီဂါ

ရီးရဲလ်မက်ဒရစ် ကတော့ အခုတစ်ပတ် လာလီဂါ ပွဲစဉ်မှာ ဆီဗီလာကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကလည်း သွင်းဂိုး ၁ ဂိုး ထပ်ရခဲ့ပါတယ်။ ဒီပွဲမှာ အမ်ဘာပေးက ပယ်နယ်တီ ကနေ ဂိုးသွင်းခဲ့ပြီး ရီးရဲလ်မက်ဒရစ် သမိုင်းမှာ ပြက္ခဒိန် တစ်နှစ် အတွင်း ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အတူ ပူးတွဲ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုက ၂၀၁၃ ခုနှစ် တစ်နှစ်တာ အတွင်း ၅၉ ဂိုး သွင်းယူခဲ့ပြီးတော့ အမ်ဘာပေး ကလည်း အခုနှစ် အတွင်း ၅၈ ပွဲ ကစားကာ ၅၉ ဂိုး သွင်းခဲ့ပါတယ်။ အမ်ဘာပေးက ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိချိန်က စပြီး လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၈၃ ပွဲ ကစားကာ ၇၃ ဂိုး အထိ သွင်းယူပေးထားပါတယ်။ အမ်ဘာပေးဟာ ရော်နယ်ဒိုရဲ့ သွင်းဂိုး စံချိန်ကို လိုက်မှီခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ နာမည်ကျော် အောင်ပွဲခံဟန် ‘ဆူးဝီး’ ပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ပွဲအပြီး မှာလည်း အမ်ဘာပေးက ရော်နယ်ဒိုကို ရည်ရွယ်ပြီး လူမှုကွန်ယက် ကနေ တစ်ဆင့် ပြန်လည် အောင်ပွဲခံခဲ့ပါသေးတယ်။

ဒါ့အပြင် အမ်ဘာပေးက သူ့ရဲ့ ပျော်ရွှင်မှုတွေကို “ဒီနေ့ ကတော့ ဒီစံချိန် မှတ်တမ်းကြောင့် မယုံနိုင်စရာ ဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံးနှစ်မှာ ကတည်းက ခရစ္စတီယာနို လုပ်ခဲ့သလိုမျိုး ပြုလုပ်ချင်ခဲ့တယ်။ ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်၊ ရီးရဲလ်မက်ဒရစ် သမိုင်းမှာ အကောင်းဆုံး ကစားသမား၊ ကမ္ဘာ့ဘောလုံးကို ကိုယ်စားပြုသူ တစ်ဦးပေါ့။ ဒါက ကျွန်တော့် အတွက် ဂုဏ်ယူစရာ တစ်ခုပါပဲ။” လို့ ပြန်လည် ဝေမျှခဲ့ပါတယ်။

လာလီဂါ ပွဲစဉ်တွေ ကတော့ အခု တစ်ပတ် အပြီးမှာ ဆောင်းရာသီ နားရက် အဖြစ် ရပ်နားထားမှာ ဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီ ပထမအပတ်မှ ပြန်လည် စတင်မှာ ဖြစ်ပါတယ်။
အခုနှစ် အတွင်း ၅၈ ပွဲ ကစားပြီး ၅၉ ဂိုး သွင်းယူထားတဲ့ ကီလီယန် အမ်ဘာပေး

ပြင်သစ် တိုက်စစ်မှူးက သူသွင်းယူခဲ့တဲ့ ၅၉ ဂိုးမှာ ၄ ဂိုး သွင်းနိုင်တဲ့ ပွဲ ၁ ပွဲ၊ ဟက်ထရစ် သွင်းနိုင်တဲ့ပွဲ ၄ ပွဲ၊ ၂ ဂိုး သွင်းနိုင်တဲ့ ပွဲ ၁၁ ပွဲ အထိ ရှိခဲ့ပါတယ်။ အမ်ဘာပေးက ဒီရာသီ လာလီဂါမှာ ၁၈ ဂိုး သွင်းကာ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းကို ဦးဆောင်နေပြီး ချန်ပီယံလိဂ်မှာလည်း ၉ ဂိုးနဲ့ အများဆုံး ဖြစ်နေပါတယ်။

ဒီလို စံချိန်ကောင်းတွေ ရယူနိုင်ခဲ့တဲ့ အမ်ဘာပေး ကိုတော့ သူ့ရဲ့ Idol ဖြစ်သူ အဲလ်နာဆာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက လူမှုကွန်ယက်ပေါ် ကနေ တဆင့် အသိအမှတ်ပြု ချီးကျူးသွားခဲ့ပါတယ်။ ရော်နယ်ဒို ကိုယ်တိုင်က အမ်ဘာပေးရဲ့ ပို့စ် ပိုစ်အောက်မှာ ဂုဏ်ပြု အားပေးတဲ့ သဘောမျိုးနဲ့ ဝင်ရောက် ချီးကျူးသွားခဲ့ပြီး အမ်ဘာပေးကို အားပေးသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရာသီမှာ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်ကို အမ်ဘာပေးက သွင်းဂိုးတွေနဲ့ ကယ်တင်ပေးနေတာ ဖြစ်ပြီး ဆီဗီလာကို အနိုင်ရခဲ့တာကြောင့်လည်း အတိုင်းအတာ တစ်ခု အထိ ဖိအားတွေ လျော့ကျသွားခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်က ဒီရာသီ လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီးတော့ ဦးဆောင်သူ ဘာစီလိုနာနဲ့ ၄ မှတ် ကွာဟနေပါသေးတယ်။

လာလီဂါ ပွဲစဉ်တွေ ကတော့ အခု တစ်ပတ် အပြီးမှာ ဆောင်းရာသီ နားရက် အဖြစ် ရပ်နားထားမှာ ဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီ ပထမအပတ်မှ ပြန်လည် စတင်မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ ဇန်နဝါရီ ၄ ရက်နေ့မှာ ရီးရဲလ်ဘက်တစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်