ဒီကနေ့ညမှာ ကစားမယ့် လီဗန်တေးနဲ့ လာလီဂါ ပွဲစဉ် အတွက် အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီ တစ်ယောက် အပြည့်အဝ အာရုံစိုက်ထားကြောင်း သိရပါတယ်။ ဆီမြွန်နီက သူ့အနေနဲ့ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်ကို ဂရုမစိုက်ပဲ အဆိုပါ ပွဲစဉ် အပေါ် မှာသာ အပြည့်အဝ အာရုံစိုက်ထားကြောင်း ပြောကြားလာခဲ့တာလည်း ဖြစ်ပါတယ်။
ဆီမြွန်နီက ဇန်နဝါရီလ အပြောင်းအရွှေ့ကာလ အတွင်း အက်တလက်တီကိုမက်ဒရစ်ရဲ့ လှုပ်ရှားမှု မရှိခြင်း အပေါ် စိုးရိမ်ခြင်း မရှိကြောင်းနဲ့ သူ့ဆီမှာရှိတဲ့ ကစားသမားတွေ နဲ့ပဲ အကောင်းဆုံး ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ဆီမြွန်နီက “ကစားသမားတွေက အသင်းဖော်သစ် ရောက်လာမလား ဆိုတာကို တွေးမနေကြပါဘူး။ ကျွန်တော်တို့ အားလုံးက စနေနေ့ ပွဲစဉ်ကိုပဲ အာရုံစိုက်နေကြတာပါ။ အပြောင်းအရွှေ့က ကျွန်တော့် ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်က နည်းပြ ဖြစ်တဲ့ အတွက် ကလပ်က ပေးထားတဲ့ ကစားသမားတွေနဲ့ပဲ အလုပ်လုပ်ရမှာပါ။ ဒါဟာ ကျွန်တော် အမြဲတမ်း လုပ်ဆောင်နေကျ အတိုင်းပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ လက်ရှိ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် (၃) မှာ ရပ်တည်နေပေမယ့် ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၈ မှတ်၊ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်နဲ့ ၇ မှတ် အထိ ကွာဟနေပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကလည်း ချန်ပီယံလိဂ် လိဂ် အဆင့် နောက်ဆုံး ပွဲစဉ်မှာ ဘိုဒို/ဂလင့်မ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံး (၈) သင်း အတွင်း ဝင်ဖို့ အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဖေဖော်ဝါရီလမှာ ကလပ် ဘရုဂေး အသင်းနဲ့ ရှုံးထွက် အဆင့် ပလေးအော့ဖ် နှစ်ကျော့ကစားပြီးမှ နောက်တစ်ဆင့် တက်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး မှာတောင် ဆီမြွန်နီက ကစားသမားသစ် မခေါ်ယူနိုင်မှာကို ပူပန်ခြင်း မရှိတာ ဖြစ်ပါတယ်။
ဆီမြွန်နီက ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ပါဘလို ဘာရီယိုစ်နဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်က လူနုံတော့ မဟုတ်ပါဘူး (အနည်းဆုံးတော့ ကျွန်တော် ကိုယ်တိုင် အဲ့လိုပဲ ထင်တာပဲ) ။ ပါဘလိုက ကျွန်တော်တို့ အတွက် အရမ်း အရေးကြီးပါတယ်။ လက်ရှိမှာ သူ့နေရာမှာ အစားထိုးနိုင်မယ့်သူ မရှိသေးပါဘူး။ သူ ဆက်ကစားနိုင်ဖို့ အတွက် ကျွန်တော်တို့ သူ့ကို အစွမ်းကုန် ကာကွယ်ပေးသွားမှာပါ။ ပါဘလိုကို အနားပေးဖို့ လိုအပ်ရင် ကျွန်တော် ကိုယ်တိုင်ပဲ သူ့ကို အနားပေးမှာပါ။ သူက ကျွန်တော်တို့ အတွက် အခြေခံအကျဆုံး ကစားသမား ဖြစ်တာကြောင့် သုံးရက် တစ်ပွဲနှုန်း ကစားနိုင်အောင် စနစ်တကျ စီမံခန့်ခွဲသွားရပါမယ်။” လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိ ဘာရီယို့စ်ဟာ တခြားသော အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရသလို ဆီမြွန်နီ အတွက်လည်း အလွန်အရေးပါတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒဏ်ရာ ပြဿနာအချို့ ရှိခဲ့ဖူးတဲ့ အသက် ၂၂ နှစ် အရွယ် ဒီလူငယ်လေးကို လိုအပ်ရင် အနားပေးဖို့ ဆီမြွန်နီ တစ်ယောက် အသင့်ရှိနေပါတယ်။အက်တလက်တီကိုမက်ဒရစ်ဟာ ဒီကနေ့ ညမှာတော့ လာလီဂါ တန်းဆင်းဇုန်ထဲက လီဗန်တေးနဲ့ ကစားရမှာ ဖြစ်လို့ ပွဲတော့ ချောင်နေပါတယ်။ ဒါပေမယ့်လည်း တီကိုဟာ လီဗန်တေးနဲ့ ကစားခဲ့တဲ့ လာလီဂါ နောက်ဆုံး ၅ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရထားပြီး ၂ ကြိမ် သရေ၊ ၂ ကြိမ် ရှုံးထားပါတယ်။ လက်တလော လီဗန်တေးရဲ့ တန်းဆင်းဇုန် ရုန်းအားကြောင့်လည်း ဆီမြွန်နီရဲ့ အသင်း အခြေအနေ တစ်ခု အထိ ခက်ခဲဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


