နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာမယ့် ဆောင်းရာသီမှာ မာ့ခ် ဂူဟီကို အပြိုင်လုကြမယ့် ဥရောပ ထိပ်တန်း ကလပ်များ | လာလီဂါ

လစ်ဗာပူးလ် ခရစ္စတယ်ပဲလေ့စ် အသင်းခေါင်းဆောင် မာ့ခ် ဂူဟီ ကိုတော့ ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ ဂူဟီရဲ့ အပြောင်းအရွှေ့ထဲမှာ လစ်ဗာပူးလ်က ထိပ်ဆုံးက ရှိနေခဲ့ပြီး အခု ဆိုရင်တော့ လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကလည်း စိတ်ဝင်စားလာခဲ့ကြောင်း သိရပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ဘာစီလိုနာက လစ်ဗာပူးလ်နဲ့ အပြိုင် မာ့ခ် ဂူဟီကို ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပြီး လာမယ့် ဇန်နဝါရီလမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဂူဟီ ကလည်း အခုလာမယ့် ဆောင်းရာသီမှာ အသင်းသစ်နဲ့ ကြိုတင် စာချုပ်ချုပ်ဆိုခွင့် ရှိလာမှာ ဖြစ်တာကြောင့် လစ်ဗာပူးလ်နဲ့ ဘာစီလိုနာ အတွက် အခွင့်အရေးကောင်း ဖြစ်လာဖို့ ရှိနေပါတယ်။ ဂူဟီဟာ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ ဆိုရင် လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ခဲ့သူပါ။ ဒါပေမယ့်လည်း ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာရဲ့ ဆုံးဖြတ်ချက်ကြောင့် အင်္ဂလန် ဗဟိုခံစစ်မှူးက ဆဲလ်ဟတ်စ်ပါ့ခ်မှာပဲ ဆက်ရှိနေခဲ့ရပြီး လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ရောက်မှသာ အသင်း ပြောင်းရွှေ့ရဖို့ များသွားခဲ့တာ ဖြစ်ပါတယ်။

စပိန် နာမည်ကြီး အားကစား သတင်းစာ SPORT ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကိုဟာ အသက် ၂၅ နှစ် အရွယ် အင်္ဂလန် ဗဟိုခံစစ်မှူး ဂူဟီကို ဇန်နဝါရီ အပြောင်းအရွှေ့ အတွက် အဓိက ပစ်မှတ် အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ လာလီဂါ ကလပ်ဟာ ဒီနွေရာသီမှာ အီနီဂို မာတီနက်ဇ်ကို လက်လွှတ်ခဲ့ရပြီးနောက် ခံစစ်ပိုင်း အတွက် ပြန်လည် အားဖြည့် လိုအပ်နေတာ ဖြစ်ပါတယ်။ နောက်ပြီး ကစားသမားတွေကို အလွတ်ကြေးနဲ့ လိုက်မတတ်တဲ့ ဘာစီလိုနာ အတွက်လည်း ပြောင်းရွှေ့ကြေး မပေးရတဲ့ ဂူဟီက ကျေနပ်စရာ အပြောင်းအရွှေ့ ဖြစ်လာဖို့ ရှိနေပါတယ်။

ဒါကြောင့် လာလီဂါ ကလပ်က ဗဟိုခံစစ် နေရာ အတွက် လူငယ် ကြယ်ပွင့် ပါအူ ဗစ်တာနဲ့ ကူဘာဆီ တို့ထဲက တစ်ဦးကိုသာ ဒီရာသီ အတွက် အားကိုးရမယ့် အခြေအနေ ဖြစ်နေပါတယ်။
ဒီနွေရာသီမှာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့ မာ့ခ် ဂူဟီ

တစ်ဖက် မှာလည်း ဂုန်းဆင်းကြီး တို့ရဲ့ ဒီအပြောင်းအရွှေ့ထဲ ဝင်ရောက်လာမှုက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားတဲ့ လစ်ဗာပူးလ် အတွက်တော့ အာရုံနောက်စရာ ဖြစ်လာခဲ့ရပါတယ်။ လစ်ဗာပူးလ်နဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် ဂူဟီ ကိုယ်တိုင် ကလည်း အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ဘဲ လက်ရှိ စာချုပ်သက်တမ်း ကုန်ဆုံးချိန် မှာသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ဥရောပထိပ်သီး ကလပ် များစွာက ဂူဟီကို စိတ်ဝင်စားလာခဲ့ကြပြီး လစ်ဗာပူးလ် အတွက် ဒုတိယအကြိမ် ကြိုးပမ်းခွင့် ကတော့ ဥရောပရဲ့ ထိပ်သီး ကလပ်တွေနဲ့ အပြိုင်လုရမယ့် အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ လက်ရှိ ဘာစီလိုနာမှာ ခံစစ် ကစားသမား မရှားပါဘူး။ ဒါပေမယ့်လည်း တည်ငြိမ်စွာ ကစားနိုင်မှု အပိုင်းမှာ အားနည်းတာကြောင့် နည်းပြ ဟန်ဆီ ဖလစ်ခ်က စိတ်ကျေနပ်မှု မရှိပဲ ကစားသမားသစ် ခေါ်ယူဖို့ လိုလားနေတာ ဖြစ်ပါတယ်။

အန်ဒရီရာစ် ခရစ္စတန်ဆန်ဟာ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်သလို အသင်းရဲ့ အမာခံ နောက်ခံလူလို့ သတ်မှတ်ရမယ့် ရော်နယ် အာရူဟို ကလည်း ဒဏ်ရာ ပြဿနာတွေနဲ့ ကြံ့ခိုင်မှု အားနည်းနေပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က ဗဟိုခံစစ် နေရာ အတွက် လူငယ် ကြယ်ပွင့် ပါအူ ဗစ်တာနဲ့ ကူဘာဆီ တို့ထဲက တစ်ဦးကိုသာ ဒီရာသီ အတွက် အားကိုးရမယ့် အခြေအနေ ဖြစ်နေပါတယ်။

လက်ရှိ ဂူဟီရဲ့ အပြောင်းအရွှေ့ လွန်ဆွဲပွဲက ဘာစီလိုနာနဲ့ လစ်ဗာပူးလ် နှစ်သင်းတည်း အတွက် မဟုတ်တာ ကိုလည်း သတိပြုရပါဦးမယ်။ အင်္ဂလန်သားကို ဘာစီလိုနာရဲ့ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အပြင် ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်နဲ့ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်