လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ၆ ပတ် ဝန်းကျင် အနားယူရဖွယ် ရှိနေကြောင်း သိရပါတယ်။ အာနိုးလ်ဟာ မာဆေးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ဒီဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး ပွဲအစ ၅ မိနစ်မှာတင်ပဲ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ထရန့်ဟာ ဘယ်ခြေ တံကောက်ကြော ကြွက်သား ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ စမ်းသပ် စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်ရဦးမှာ ဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် သတင်းမီဒီယာ တော်တော်များများ မှာတော့ ၆ ပတ် ဝန်းကျင် အနားယူရမှာ ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။ ဒါကြောင့် ထရန့်က အက်တလက်တီကိုမက်ဒရစ်နဲ့ ကစားရမယ့် မက်ဒရစ် ဒါဘီ၊ ဘာစီလိုနာနဲ့ ယှဉ်ပြိုင် ကစားရမယ့် အဲလ်ကလက်ဆီကိုဒါဘီ အပါအဝင် ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ် ၈ ပွဲ လောက် အထိကို လွဲချော်တော့မှာပါ။ ဒါ့အပြင် အင်္ဂလန် နောက်ခံလူက နိုဝင်ဘာလ ၄ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် ကိုတောင် ပါဝင်ကစားနိုင်ဖို့ မသေချာသေးကြောင်း သိရပါတယ်။

အာနိုးလ်ဟာ ၂၀၂၅ ခုနှစ် အတွင်းမှာ ဒဏ်ရာ ပြဿနာနဲ့ ၄ ကြိမ်မြောက် ရင်ဆိုင်နေရခြင်း ဖြစ်ပြီး အသင်းသစ်မှာ ခြေစွမ်းမပြနိုင်သေးတဲ့ သူ့ အတွက်တော့ နောက်ထပ် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာတော့မှာပါ။ ဒါ့အပြင် ထရန့်က နည်းပြ သောမတ်စ် တူချယ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပွဲစဉ်တွေ ကိုလည်း လွဲချော်တော့မှာ သေချာသွားပြီ ဖြစ်ပါတယ်။ ထရန့်က ပြီးခဲ့တဲ့ စက်တင်ဘာလက ကစားသမား စာရင်း မှာလည်း ချန်လှပ်ခံခဲ့ရပြီး လက်ရှိ ဒဏ်ရာ အခြေအနေက သူ့ရဲ့ နိုင်ငံ အသင်းမှာ ပြန်လည် ပါဝင်ခွင့်ရရှိရေး မျှော်လင့်ချက်ကို ထပ်မံ ထိခိုက်စေခဲ့ပါတယ်။ ဒီပုံ အတိုင်း ဆိုရင်တော့ အာနိုးလ် တစ်ယောက် အင်္ဂလန်နဲ့ အတူ ကမ္ဘာ့ဖလားမှာ ပါဝင် ကစားဖို့ မသေချာတော့ပါဘူး။
ထရန့် အလက်ဇန္တား အာနိုးလ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ကမှ လစ်ဗာပူးလ် ကနေ လာလီဂါ ထိပ်သီး ကလပ်ဆီ အလွတ်ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ သူဟာ ရီးရဲလ်မက်ဒရစ် အတွက် ၁၀ ပွဲ ပါဝင်ကစားထားပေမယ့် မိနစ် ၉၀ အပြည့် ကစားခွင့်ရခဲ့တဲ့ ပွဲက ကလပ် ကမ္ဘာ့ဖလား ပွဲစဉ် ၂ ပွဲသာ ရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အတွက် ကတော့ ဝါရင့် ညာနောက်ခံလူ ဒန်နီ ကာဗာဟယ် ပြန်လည် ကစားနိုင်ပြီ ဖြစ်တာကြောင့် အနည်းငယ် စိတ်အေးနေရပေမယ့် သူကလည်း မာဆေးလ်နဲ့ ပွဲမှာ အနီကတ် ထိခဲ့တာကြောင့် လာမယ့် ချန်ပီယံလိဂ် ပွဲစဉ် ကိုတော့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့မှာ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ထရန့် အတွက် နွေရာသီမှာ လာလီဂါကို ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်း သူ့ရဲ့ ငယ်ဘဝ ကလပ်နဲ့ ပထမဦးဆုံး အကြိမ် ပြန်လည် ရင်ဆိုင်ရမယ့် ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ ထရန့်က ဒဏ်ရာကြောင့် အန်ဖီးလ်ကို သွားရမယ့် အိမ်ပြန်ခရီး အတွက် မသေချာ ဖြစ်နေခဲ့ပါပြီ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.