မန်ချက်စတာယူနိုက်တက် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ တိုက်စစ် ကစားသမား ဖာမင်း လိုပက်ဇ်ကို ယူရို သန်း ၇၀ (ပေါင် ၆၁ သန်း)နဲ့ ကမ်းလှမ်းဖို အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင် ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာ အသင်းထံ အငှားချစဉ် ကတည်းက စပိန် လက်ရွေးစင် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ် အရွယ် ဖာမင်း လိုပက်ဇ်ဟာ လာလီဂါ ကလပ်နဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနြေီးတော့ ယူရို သန်း ၅၀၀ တန် လျော်ကြေး စာချုပ်လည်း ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ဘဏ္ဍာရေး အခြေအနေအရ ယိမ်းယိုင်နေတာကြောင့် ကစားသမား တချို့ကို ရှင်းထုတ်ဖို့ လိုအပ်နေပြီး ဖာမင်း လိုပက်ဇ် ကိုလည်း ရောင်းချဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဖာမင်း လိုပက်ဇ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ် အပြင် ဆော်ဒီပရိုလိဂ် ကလပ်တွေက ကမ်းလှမ်းခဲ့ဖူးပေမယ့် ဘာစီလိုနာ ကတော့ ငြင်းဆန်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီနွေရာသီ အစောပိုင်း ကလည်း လာလီဂါ ထိပ်သီး တို့ဟာ ဖာမင်း အတွက် ပေါင် သန်း ၅၀ တန် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချခဲ့ဖူကြောင်း သိရပါတယ်။

လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က စပိန်သားကို ယူရို သန်း ၇၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ဘာစီလိုနာ ဘက်က လက်ခံ စဉ်းစားဖွယ် ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ထားပါတယ်။ Mundo Deportivo ကတော့ ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ ဖာမင်း လိုပက်ဇ်ကို အသင်းမှာ ဆက်နေစေလိုကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဖာမင်း လိုပက်ဇ်ကို ဘာစီလိုနာမှာ ရရှိနေတဲ့ လုပ်ခလစာရဲ့ နှစ်ဆ ပိုပေးဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
ဖာမင်း လိုပက်ဇ် အနေနဲ့ ယခင်က ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ဖူးတာကြောင့် ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့လည်း ခက်ခဲနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ စပိန်သားရဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်တယ်လို့ ယူဆရပြီး အရ ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုသွားဖွယ်လည်း ရှိနေပါတယ်။ တစ်ခု ရှိတာက ဖာမင်း လိုပက်ဇ်ဟာ ကွင်းလယ် တိုက်စစ် နေရာမှာ အဓိက ကစားသူ ဖြစ်တာကြောင့် မားသီးယက်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမို တို့ကို ခေါ်ယူထားပြီးသား ဖြစ်တဲ့ ယူနိုက်တက် အတွက် အမှန်တကယ် လိုအပ်တဲ့ အပြောင်းအရွှေ့ ဟုတ်ရဲ့လား ဆိုတာ စဉ်းစားစရာတော့ ရှိနေပါတယ်။ ဒါ့အပြင် အမော်ရင်က အသင်းရဲ့ တိုက်စစ်ပိုင်းကို အားကောင်းလာစေဖို့ အတွက် လိုက်ပ်ဇစ်က ဘင်ဂျာမင် ဆက်စ်ကို ကိုလည်း ခေါ်ယူချင်နေပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီ အပြောင်းအရွှေ့မှာ ယူနိုက်တက်က နယူးကာဆယ်ကို အသာရဖို့ ငွေကြေးပိုင်းအရ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။ နယူးကာဆယ်ဟာ ကစားသမား စိတ်ဝင်စားမယ့် ကမ်းလှမ်းမှုတွေနဲ့ အနာဂတ် စီမံကိန်းတွေကို တင်ပြထားပြီး လိုက်ပ်ဇစ် လိုချင်တဲ့ ပြောင်းရွှေ့ကြေး ကိုလည်း မစဉ်းစားပဲ ပေးချေနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမယ့်လည်း ဆလိုဗေးနီးယား လက်ရွေးစင် တိုက်စစ်မှူး ကတော့ နယူးကာဆယ်ထက် ယူနိုက်တက်ကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပြီး သူ့ရဲ့ အနာဂတ် အတွက် အခုချိန်ထိတော့ မဆုံးဖြတ်ရသေးပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.