နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တာစတီဂျန်ကို ပစ်မှတ်ထားနေတဲ့ ဗီလာ၊ အလာဘာနဲ့ ရူဒီဂါ နေရာမှာ ဗန်ဒီဗန်နဲ့ အစားထိုးမယ့် ရီးရဲလ် | လာလီဂါ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၁ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ ကနေ ထွက်ခွာချင်နေပြီး ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ချိတ်ဆက်နေတဲ့ ရူဘင် နီးဗက်စ် အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ နေရာ တစ်ခု ဖြစ်ကြောင်း Fichajes က ဖော်ပြပါတယ်။

အက်စတွန်ဗီလာ ကတော့ ယိုအန် ဂါစီယာ ရောက်လာပြီးနောက် ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့်မရ ဖြစ်နေတဲ့ မာ့ခ်-အန်ဒရီ တာစတီဂျန်ကို ခေါ်ယူချင်နေပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်ဆီ ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီ ဖြစ်ကြောင်း Mundo Deportivo က ဖော်ပြပါတယ်။

ဘာစီလိုနာ ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို မန်ချက်စတာယူနိုက်တက်ဆီ ကနေ ယူရို ၃၀ သန်း (ပေါင် ၂၆.၃ သန်း၊ ဒေါ်လာ ၃၅.၂ သန်း) နဲ့ အမြဲတမ်း အပြောင်းအရွှေ့နဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

ဒေးဗစ် အလာဘာ ကတော့ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေသလို အန်တိုနီယို ရူဒီဂါ ကလည်း အနာဂတ် မရေမရာ ဖြစ်နေပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က တော့တင်ဟမ်ဟော့စပါး ဗဟိုခံစစ်မှူး မစ်ကီ ဗန်ဒီဗန်နဲ့ အစားထိုးဖို့ ကြိုးစားလာပါတယ်။ လက်ရှိမှာ ဗန်ဒီဗန် အတွက် ရီးရဲလ်က ယူရို ၅၀ သန်း (ပေါင် ၄၃.၈ သန်း၊ ဒေါ်လာ ၅၈.၆ သန်း) သုံးပြီး ဇန်နဝါရီမှာ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ဇွန်လကုန်မှာ စာချုပ် သက်တမ်းကုန်ဆုံးမယ့် ရီးရဲလ်မက်ဒရစ် ဂန္တဝင် နောက်ခံလူ ဒန်နီ ကာဗာဟယ်ကို သက်တမ်းတိုးမှာ မဟုတ်ကြောင်း သိရပါတယ်။ ချန်ပီယံလိဂ် ၁၅ ကြိမ်ရှင် စပိန် ကလပ် ကတော့ ၎င်းတို့ရဲ့ ခံစစ်ကို လုံးဝ ပြုပြင်ပြောင်းလဲဖို့ စဉ်းစားနေကြောင်း El Nacional က ဖော်ပြပါတယ်။

ဒါကြောင့် လာလီဂါ ကလပ်က တော့တင်ဟမ်ဟော့စပါး ဗဟိုခံစစ်မှူး မစ်ကီ ဗန်ဒီဗန်နဲ့ အစားထိုးဖို့ ကြိုးစားလာပါတယ်။
အလာဘာနဲ့ ရူဒီဂါ နေရာမှာ အစားထိုးဖို့ နောက်ခံလူ တစ်ဦး ရှာဖွေနေတဲ့ ရီးရဲလ်မက်ဒရစ်

ဘရာဇီးလ် ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗား ကတော့ အသင်းဟောင်း ပေါ်တိုထံ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၄၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သီယာဂို ဆေးလ်ဗားက ပေါ်တိုနဲ့ ရာသီကုန် အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ် သက်တမ်း တိုးခွင့် ရှိနေတဲ့ အချက်လည်း ပါဝင်ပါတယ်။ သီယာဂို ဆေးလ်ဗား အနေနဲ့ ၂၀၀၄ ခုနှစ်မှာ ပေါ်တိုဆီ ပြောင်းရွှေ့ခဲ့ပေမယ့် အသင်းကြီးနဲ့ ပွဲထွက်ခွင့် မရဘဲ အရန် အသင်း မှာသာ ကစားခွင့်ရခဲ့လို့ တစ်ရာသီသာ ကစားပြီး ဘရာဇီးလ်ကို ပြန်ခဲ့ပါတယ်။ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ၁၁၃ ပွဲ ကစားခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်း လူစာရင်းမှာ ရွေးချယ်ခံရဖို့လည်း မျှော်လင့်နေပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးက ဆီဗီလာနဲ့ ပွဲမှာ ပယ်နယ်တီ ဂိုးသွင်းပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ သမိုင်းမှာ ပြက္ခဒိန် တစ်နှစ် အတွင်း ပူးတွဲ ဂိုးအများဆုံး ဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုက ၂၀၁၃ ခုနှစ် တစ်နှစ်တာ အတွင်း ၅၉ ဂိုး သွင်းခဲ့ပြီး အမ်ဘာပေး ကလည်း အခုနှစ် အတွင်း ၅၈ ပွဲမှာ ၅၉ ဂိုး သွင်းခဲ့ပါတယ်။ အမ်ဘာပေးဟာ ရော်နယ်ဒိုရဲ့ သွင်းဂိုး စံချိန်ကို လိုက်မှီ အပြီး ရော်နယ်ဒိုရဲ့ နာမည်ကျော် အောင်ပွဲခံဟန် “ SIUU” ပုံစံ အောင်ပွဲခံခဲ့ပါတယ်။ အမ်ဘာပေးရဲ့ ၅၉ ဂိုးမှာ လေးဂိုး သွင်းနိုင်တဲ့ ပွဲ ၁ ပွဲ၊ ဟက်ထရစ် သွင်းနိုင်တဲ့ ပွဲ ၄ ပွဲ၊ ၂ ဂိုး သွင်းနိုင်တဲ့ ပွဲ ၁၁ ပွဲ ရှိခဲ့ပါတယ်။ ၎င်းဟာ အခုရာသီ လာလီဂါမှာ ၁၈ ဂိုး သွင်းကာ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းမှာ ဦးဆောင်နေပြီး ချန်ပီယံလိဂ် မှာလည်း ၉ ဂိုးနဲ့ အများဆုံး ဖြစ်နေပါတယ်။

တစ်ဆက်တည်း မှာပဲ ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆိုက ကလပ်ရဲ့ လူသိရှင်ကြား ထောက်ခံမှု လိုအပ်တယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။ ၎င်းက ရီးရဲလ်မက်ဒရစ်မှာ ဥက္ကဋ္ဌ ကနေ ကစားသမားတွေအထိ စည်းလုံးညီညွှတ်မှု ရှိနေတယ် လို့လည်း ပြောခဲ့ပါတယ်။ အလွန်ဆိုရဲ့ အသင်းဟာ ဆယ်လ်တာဗီဂိုနဲ့ မန်စီးတီး တို့ကို အိမ်ကွင်း ၂ ပွဲဆက် အရေးနိမ့်ပြီးနောက် ဖိအားတွေ များလာခဲ့တာပါ။ အဲဒီနောက် အလာဗတ်စ်နဲ့ လာလီဂါပွဲ၊ စပိန်ဘုရင့်ဖလားပွဲတွေ ကိုတော့ အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ရာသီ အဖွင့် ၁၁ ပွဲမှာ ၁၀ ပွဲ အနိုင်ရခဲ့ပေမယ့် နိုဝင်ဘာလ အတွင်း ၃ ပွဲဆက် သရေကျကာ ဆယ်လ်တာဗီဂို ကိုပါ အရေးနိမ့်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့ခဲ့ပေမယ့် အသင်းမှာ ကာမာဗင်ဂါ၊ အလာဘာ၊ မန်ဒီ တို့လည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်