နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာ သို့မဟုတ် အက်တလက်တီကိုဆီ ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဗလာဟိုဗစ်၊ ဘာစီလိုနာ ခံစစ်မှူးကို အပြိုင်ကြိုးပမ်းမယ့် ပရီးမီယားလိဂ် နှစ်သင်း | လာလီဂါ

စက်တင်ဘာ ၁၉ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ အေဇက် အဲလ်ခမာ ကွင်းလယ်လူ ကီးစ် စမစ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ရီးရဲလ်မက်ဒရစ် ကလည်း အသက် ၁၉ နှစ် အရွယ် နယ်သာလန် ကစားသမားကို ခေါ်ယူဖို့ တွန်းအားပေး လုပ်ဆောင်နေပါတယ်။

ဒူဆန် ဗလာဟိုဗစ် ကတော့ လာမယ့် နွေရာသီ သူရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖို့ မျှော်လင့်ထားပြီး မန်ချက်စတာယူနိုက်တက်၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာ တစ်သင်းသင်းစီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ဆားဘီးယား တိုက်စစ်မှူးက လာလီဂါ ဆီ ပြောင်းရွှေ့ဖို့ ပိုပြီး စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ဖရန်ကီ ဒီယောင် ကတော့ ဘာစီလိုနာနဲ့ စာချုပ်သစ် အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ တိုးတက်လာခြင်း မရှိတာကြောင့် ဆော်ဒီပရိုလိဂ်ကို သွားရောက် ကစားဖို့ စိတ်ကူးပြောင်းလာကြောင်း သိရပါတယ်။ 

ကော်နာ ဂယ်လာဟာ ကတော့ အက်တလက်တီကိုမက်ဒရစ် အတွက် အချိန်အကန့်အသတ်နဲ ပွဲထွက်နေရတာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ လူစာရင်း ကနေ ချန်လှပ်ခံရမှာ စိုးရိမ်နေကြောင်း သိရပါတယ်။ ဂယ်လာဟာ ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အန်ဒီ ရော်ဘတ်ဆန် ကတော့ လာမယ့် နွေရာသီ သူ့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ မျှော်လင့်ထားပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ရော်ဘတ်ဆန်က လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ များနေကြောင်း သိရပါတယ်။

အဲလ်ဟီလာ ကတော့ ဇာဘီ အလွန်ဆို လက်ထက်မှာ အမြဲတမ်း ပွဲထွက်ကစားသမား မဟုတ်တော့တာကြောင့် ဒေါသထွက်နေတဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာကို ယူရို သန်း ၁၀၀ (ပေါင် ၈၆.၈ သန်း) နဲ့‌ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ 

သတင်းတွေ အရ ဆိုရင်တော့ ရော်ဘတ်ဆန်က လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ များနေကြောင်း သိရပါတယ်။
ဘာစီလိုနာ ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတဲ့ အာရူဟို

ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်က ဘယ်နောက်ခံလူ နေရာ အတွက် ပီရို ဟင်ကပ်ပီနဲ့ မီဂွဲလ် ဂူတီယာရက်ဇ် တို့ကို ပစ်မှတ်ထား ချိတ်ဆက်ခဲ့ပေမယ့်လည်း အဲလ်ဗာရိုး ကာရီးရက်စ် ကိုသာ ပြန်လည် ခေါ်ယူသွားခဲ့ပါတယ်။ 

ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ဘာစီလိုနာက ယူရို သန်း ၅၀ သတ်မှတ်ထားတဲ့ ဗဟိုခံစစ် ကစားသမား ရော်နယ် အာရူဟိုကို ဒီဇန်နဝါရီမှာ အပြိုင် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာစီးတီးဟာ ဟာလန်း အတွက် အနိမ့်ဆုံး တောင်းဆိုမှု အဖြစ် ယူရို သန်း ၁၀၀ သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက ကစားသမား အနေနဲ့ ပပ် ဂွာဒီယိုလာရဲ့ လက်အောက်မှာ မပျော်မရွှင် ဖြစ်နေတယ်လို့ ယူဆပြီး လာမယ့် ၂၀၂၆ မှာ အရ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ 

ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ ဘာစီလိုနာ ကစားသမား ဒန်နီ အော်လမိုကို ခေါ်ယူဖို့ အသင်းထံ အတိအလင်း တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဥရောပ ချန်ပီယံတွေဟာ အော်လမို အတွက် ယူရို သန်း ၇၀ ပေးချေဖို့ ဆန္ဒရှိနေပေမယ့်လည်း နယူးကာဆယ်နဲ့ အပြိုင် ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ အလက်ဇန္တား အိဆက်ခ်ကို ဒီနွေရာသီမှာ အရ ခေါ်ယူဖို့ အစီအစဉ် ရှိခဲ့တာကိုသာ သိရင် ဟူဂို အစ်ကီတစ်ကီ အနေနဲ့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖွယ် မရှိကြောင်း သိရပါတယ်။

ယူနိုက်တက် အနေနဲ့ ရူဘင် အမော်ရင်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ မော်ရူစီယို ပိုချက်တီနိုကို အလားအလာ ရှိတဲ့ ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်