လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ နောက်ဆုံး ရရှိထားသမျှ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဇာဘီ အလွန်ဆို ကတော့ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ထူးထူးခြားခြား ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း Fichajes က ဖော်ပြပါတယ်။ လက်ရှိ လာလီဂါ ကလပ် ကနေ ထွက်ခွာမယ့်သူ စာရင်းမှာ ဖရန် ဂါစီယာ၊ ဒေးဗစ် အလာဘာနဲ့ အောရီလီယန် ချူအာမန်နီတို့ ပါဝင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် အလွန်ဆိုက မိုဒရစ်နဲ့ ခရူးစ်ရဲ့ နေရာမှာ အစားထိုးဖို့ ကွင်းလယ်လူတွေ ခေါ်ယူချင်နေသလို အထောင်တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့လည်း ရှိနေပါတယ်။
ဒါ့အပြင် ဇာဘီ အလွန်ဆိုဟာ တူရကီ ကြယ်ပွင့် အာဒါ ဂူလာကို Deep Lying Midfielder အဖြစ် ပြောင်းလဲ ကစားစေဖို့ စဉ်းစားထားကြောင်း သိရပါတယ်။ အကယ်၍ ဂူလာသာ မိုဒရစ်ရဲ့ နေရာကို အစားထိုး ဝင်ရောက် ကစားနိုင်မယ် ဆိုရင်လည်း ရီးရဲလ်မက်ဒရစ် နောက်ထပ် ကွင်းလယ်လူတွေ လိုအပ်ဦးမှာ ဖြစ်ပါတယ်။
အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင် ကတော့ သူ့ကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ အချိန်ဆွဲနေတဲ့ ဘာစီလိုနာရဲ့ အခြေအနေကို စိတ်ပျက်နေကြောင်း သိရပါတယ်။ လီယောင်ကို ခေါ်ယူဖို့ အတွက် လာလီဂါ ထိပ်သီး ဘာစီလိုနာက ရန်ပုံငွေ ရှာဖွေနေပြီးတော့ လက်ရှိ အချိန်ထိ ကမ်းလှမ်းမှုလည်း မပြုလုပ်ရသေးပါဘူး။ ပေါ်တူဂီ တောင်ပံ ကစားသမား ကိုတော့ ဘေယန်မြူးနစ်က လက်ဦးမှု ရယူပြီး ခေါ်ယူဖို့လည်း စဉ်းစားနေပါတယ်။
Fichajes ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ တခြားသော တိုက်စစ် ပစ်မှတ် အဖြစ် ရီးရဲလ်ဆိုစီဒက်က မီခဲလ် အိုရာဇာဘယ်ကို သတ်မှတ်ထားကြောင်း သိရပါတယ်။ ဆိုစီဒက် ဘက်ကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို မှန်ကန်တဲ့ ဈေးနှုန်းနဲ့ ရောင်းချဖို့ စဉ်စားထားကြောင်း သိရပါတယ်။

Estadio Deportivo ရဲ့ ဖော်ပြချက် အရ ဘီလ်ဘာအို ကတော့ အသင်းရဲ့ တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဒီကစားသမား ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့က စိတ်ဝင်စားနေကြပေမယ့် ဘီလ်ဘာအို ဘက်ကတော့ လုပ်ခ လစာ အမြောက်အများနဲ့ ဆက်နေဖို့ စွဲဆောင်လိုနေပါတယ်။
Tuttomercatoweb ရဲ့ ဖော်ပြချက်အရ ဖီအိုရင်တီးနား တိုက်စစ်မှူး မွိုက်စ် ကင်းန် ကတော့ ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။
ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေ ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ရဲ့ အေးဂျင့် ဖြစ်သူထံ ဆက်သွယ်ခဲ့ကြောင်း ဆန်တီ အူနာက ဖော်ပြခဲ့ပါတယ်။ ဥရုဂွေး လက်ရွေးစင် ကတော့ လက်ရှိမှာ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ နောက်ခံလူ ကလီမန့် လန်းဂ်လတ်ကို စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီလည်း ဖြစ်ပါတယ်။ လန်းဂ်လတ် ကတော့ ပြီးခဲ့တဲ့ ၃ ရာသီ အတွင်း ကလပ် အသင်း ၃ ခုကို ပြောင်းလဲ ကစားခဲ့ရပြီးတော့ ဘာစီလိုနာရဲ့ အစီအစဉ်ထဲမှာ မပါဝင်တော့သူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.