၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါ ဆုပေးပွဲ ကတော့ လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့၊ ပြင်သစ် နိုင်ငံ ပါရီ မြို့မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (အမျိုးသား၊ အမျိုးသမီးဆု)၊ ဂိုးသမားဆု၊ လူငယ်ကစားသမားဆုတွေ အပါအဝင် စုစုပေါင်း ဆုပေါင်း ၁၃ ဆုကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
၅။ ဒင်းန် ဟောက်ဆန် (ရီးရဲလ်မက်ဒရစ်/ စပိန်)
အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ စပိန် ဗဟိုခံစစ်မှူးလေး ဒင်းန် ဟောက်ဆန် ကတော့ ပြီးခဲ့တဲ့ ရာသီက ဘုန်းမောက် အတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဟောက်ဆန်ဟာ ဒီနွေရာသီမှာတော့ ဥရောပ ထိပ်သီး ကလပ်ကြီး ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ ဟောက်ဆန် အနေနဲ့ ကလပ် ကမ္ဘာ့ဖလား အပါအဝင် ဒီရာသီ လာလီဂါ ပွဲစဉ် အားလုံးမှာ ရီးရဲလ်မက်ဒရစ် အတွက် ပွဲချိန်ပြည့် ပါဝင်ကစားထားခဲ့ပါတယ်။ ဒါ့အပြင် စပိန် လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲစလုံး မှာလည်း ပွဲချိန်ပြည့် ပါဝင်ခွင့် ရရှိခဲ့ပါတယ်။
၄။ ပါအူ ကူဘာဆီ (ဘာစီလိုနာ/ စပိန်)
ပါအူ ကူဘာဆီ ကတော့ အသက် ၁၈ နှစ် အရွယ်သာ ရှိနေသေးပေမယ့် ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် ဝါရင့်ဗဟိုခံစစ်မှူး တစ်ဦးသဖွယ် အသုံးတော်ခံခဲ့သူ ဖြစ်ပါတယ်။ ကူဘာဆီဟာ ဘာစီလိုနာ အတွက် အသက် ၁၆ နှစ် အရွယ်မှာတင် စတင် ပွဲထွက်ခွင့် ရရှိခဲ့ပြီး နည်းပြ ဟန်ဆီ ဖလစ်ခ် သဘောကျတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ကူဘာဆီဟာ မနှစ်က ဘာစီလိုနာ အတွက် လာလီဂါမှာ ၃၅ ပွဲ၊ ကိုပါဒယ်ရေးမှာ ၆ ပွဲ၊ ချန်ပီယံလိဂ်မှာ ၁၃ ပွဲနဲ့ စူပါဖလားမှာ ၂ ပွဲ ပါဝင် ကစားခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာတို့ ပြီးခဲ့တဲ့ ရာသီက ပြည်တွင်း ဆုဖလား ၃ လုံး ရရှိရာမှာ ကူဘာဆီက အဓိက အခန်းကဏ္ဉ ကနေ ပါဝင်ခဲ့ပါတယ်။
၃။ ယာအို နီးဗက်စ် (ပေါ်တူဂီ/ ပီအက်စ်ဂျီ)
ဒီကစားသမားလေး ကလည်း အသက် ၂၀ အရွယ်သာ ရှိသေးပြီး ဝါရင့် ကွင်းလယ်လူ တစ်ဦး သဖွယ် ခြေစွမ်းပြနေသူပါ။ ဘင်ဖီကာမှာ အကောင်းဆုံး တောက်ပခဲ့တဲ့ ယာအို နီးဗက်စ်က ပီအက်စ်ဂျီ အရောက်မှာလည်း အစွမ်းကုန် ထပ်မံ တောက်ပပြခဲ့ပြီး ချန်ပီယံလိဂ်နဲ့ လီဂူးဝမ်း အပါအဝင် ဆုဖလား ၄ လုံး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ သမိုင်းတလျှောက် အမြင့်ဆုံး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ရာသီမှာ အဓိက ကစားသမား ဖြစ်တဲ့ ယာအို နီးဗက်စ်က ပြင်သစ် ကလပ်ရဲ့ ကွင်းလယ်ကို ဖေဘီယန် ရူအစ်ဇ်၊ ဗစ်တင်ညာ တို့နဲ့ အတူ အတွဲအဖက်ညီညီ ထိန်းကျောင်းထားနိုင်ဆဲ ဖြစ်ပါတယ်။ နီးဗက်စ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီမှာ တစ်ရာသီကို အနည်းဆုံး ပွဲပေါင်း ၅၀ ကျော် ကစားပြီး Rating တွေ ကလည်း တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေနဲ့ ဆုဖလား အောင်မြင်မှုတွေ အရ ၂၀၂၅ ခုနှစ် Kopa Trophy အတွက် ထိုက်တန်တဲ့ ကစားသမား အဖြစ် သတ်မှတ်လို့ ရနေပါတယ်။
၂။ ဒီဇိုင်းရား ဒူရေး (ပီအက်စ်ဂျီ/ ပြင်သစ်)
အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ပြင်သစ်သား ကလည်း ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီနဲ့ အတူ တောက်ပခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၅၄ ပွဲ ကစားရာမှာ ၁၅ ဂိုး သွင်းကာ၊ ၁၄ ဂိုး ဖန်တီးခဲ့ပါတယ်။ အထင်ရှားဆုံး ကတော့ အင်တာမီလန် ဘက်ကို ၂ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးခဲ့တဲ့ သူ့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ စွမ်းဆောင်ရည် ဖြစ်ပါတယ်။
၁။ လာမင်း ယာမယ် (ဘာစီလိုနာ/ စပိန်)

၁၈ နှစ်သား ယာမယ် ကတော့ ဘယ်လွန်ဒေါဆု အတွက်လည်း ရေပန်းစားနေပြီး Kopa Trophy အတွက်လည်း ရေပန်းစားမှုမှာ ထိပ်ဆုံးက ရှိနေပါတယ်။ ၂၀၂၄ Kopa Trophy ဆုရှင် ယာမယ်က ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်ရည်တွေကြောင့် ၂၀၂၅ ခုနှစ် အတွက် ဆန်ကာတင် စာရင်း ကိုလည်း ဦးဆောင်နေတာ ဖြစ်ပါတယ်။ ယာမယ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၅၅ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းကာ ၂၁ ဂိုး ဖန်တီးထားပြီး ပြည်တွင်း ဖလား ၃ လုံး အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။ အကယ်၍ ယာမယ်သာ ဘယ်လွန်ဒေါဆုကို မရဘူးဆိုရင်တော့ Kopa Trophy ကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခြေ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.